0 Shares 27 Views

ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီးကယ်လီဖိုးနီးယားကို အောင်မြင်စွာပျံသန်းခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး Solar Impulse

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပျံ Solar Impulse ဟာ ဆီလီကွန်တောင်ကြား ကယ်လီဖိုးနီးယားကို ပစိဖိတ်သမုဒ္ဒရာထဲက ဟာဝိုင်အီကျွန်းကနေ သုံးရက်ကြာပျံသန်ပြီး ဆင်းသက်ခဲ့ပါတယ်။ နာမည်ကျော် Mountain View က Moffett လေယာဉ်ကွင်းကို လေယာဉ်မှူးဖြစ်တဲ့ Bertrand Piccard ဟာနောက်ကျပြီးမှ ဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။

solar impulse cross over golden gate

Solar Impulse လေယာဉ် ဆန်ဖရန်စစ္စကိုရှိ Golden Gate တံတားပေါ်ကိုဖြတ်၍ပျံသန်းနေစဉ်

အခုလိုနေရောင်ခြည်စွမ်းအင်သုံးလေယာဉ်နဲ့ ကမ္ဘာတစ်ပတ်ပျံသန်းတာဟာ အရေးပေါ်ဆင်းသက်ရမှုတွေ၊ အန္တရာယ်တွေ၊ ရာသီဥတုဒဏ်တွေကြောင့် အစွန့်စားရဆုံး ခရီးသွားမှုအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဆင်းသက်နေတဲ့အချိန်မှာ Google ရဲ့သူဌေး Sergey Brin ကလည်း လေယာဉ်ကွင်းမှာ ရှိနေခဲ့ပြီး “လှပတဲ့ဆင်းသက်မှုပါပဲ။ ကျွန်တော်တို့ အဲ့ဒီနေရာမှာစောင့်ကြည့်နေခဲ့ကြပါတယ်” လို့ Twitter မှာဖော်ပြခဲ့ပါတယ်။

“ကျွန်တော်လနဲ့ ပင်လယ်ကြီးရဲ့တုံ့ပြန်မှုတွေကိုကြည့်ရင်း တွေးမိတဲ့အခိုက်အတံ့တွေရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီသေးငယ်တဲ့လေယာဉ်မောင်းထိုင်ခုံမှာထိုင်ပြီး အရမ်းဂုဏ်ယူတဲ့ခံစားမှုကိုရရှိခဲ့ပါတယ်။” လို့လေယာဉ်မှူးဖြစ်သူ Piccard ကသတင်းထောက်တွေကိုပြောကြားခဲ့တာပါ။

solar impulse2

Solar Impulse ပေါ်မှ Selfie ရိုက်နေတဲ့ Piccard

Solar Impulse လေယာဉ်ရဲ့မျက်နှာပြင်ဟာ ဆိုလာဆဲလ်ပေါင်း ၁၇၀၀၀ နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး နေကနေပြီးတော့ စွမ်းအင်ကိုရယူတာဖြစ်ပါတယ်။ တောင်ပံအရှည်က ၇၂မီတာရှိပြီး Boeing 747-81 နဲ့ ယှဉ်ရင် ၃.၅မီတာပိုမိုရှည်လျားတာဖြစ်ပြီး အလေးချိန်က ၂.၃တန်သာရှိတာကြောင့် တန်၃၀၀လေးတဲ့ Boeing 747 နဲ့ယှဉ်ကြည့်နိုင်ပါတယ်။

solar impulse1

Solar Impulse ဟာ ပြီးခဲ့တဲ့နှစ် မတ်လမှာ ဒူဘိုင်းနိုင်ငံ၊ အဘူဒါဘီ ကနေခရီးစဉ်ကိုစတင်ခဲ့တာဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးက တစ်လှည့်စီမောင်းနှင်ခဲ့တာဖြစ်ပါတယ်။ ၄င်းဟာ အိုမန်၊ အိန္ဒိယ၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေကို ဖြတ်သန်းပြီး ဂျပန်ကိုပျံသန်းခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ကီလိုမီတာ ၈၉၂၄ ( ၅၅၄၅မိုင်) ကွာဝေးတဲ့ ဟာဝိုင်အီကျွန်းကို ငါးရက်ငါးညတိုငအောင် ဖြတ်သန်းမောင်းနှင်ခဲ့တာကြောင့် တစ်ကိုယ်ရေလေယာဉ်တွေပျံသန်းခဲ့တဲ့သမိုင်းမှာ အရှည်ကြာဆုံး မရပ်မနားမောင်းနှင်မှုအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

solar impulse3

ဒါပေမယ့် စက်ပိုင်းဆိုင်ရာ ဘက်ထရီတွေရဲ့အပူလွန်ကဲမှုကြောင့် ပစိဖိတ်ကျွန်းပေါ်မှာ ပရောဂျက်ကို ရှစ်လတိုင်အောင်ရပ်နားပြီး ပြုပြင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ လေယာဉ်အနေနဲ့ အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်သန်းနိုင်ဖို့ပြင်ဆင်ရမှာဖြစ်တာကြောင့် လာမယ့်လအစပိုင်းလောက်မှာ နယူးယော့ခ်မြို့ကို လေယာဉ်မှူးပြောင်းလဲမောင်းနှင်ပြီး ရောက်အောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category