VOOC Flash Charge နည်းပညာနဲ့အတူ မြန်မာပြည်ဈေးကွက်ကို ရောက်လာတော့မယ့် OPPO F9

နိုင်ငံတကာဈေးကွက်မှာ မိတ်ဆက်ခဲ့ပြီးသားဖြစ်တဲ့ OPPO F9 စမတ်ဖုန်းသစ်တွေကတော့ မြန်မာနိုင်ငံမိုဘိုင်းလ်ဖုန်းဈေးကွက်ထဲကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီ F9 ဖုန်းတွေကတော့ ထိပ်ဖက် Notch ဒီဇိုင်းကို Waterdrop ပုံစံနဲ့ဆန်းသစ်ထားတဲ့ ပထမဆုံးစမတ်ဖုန်းတွေဖြစ်ပြီး Notch နေရာပိုသေးလာတဲ့အတွက် Screen-to-body ratio ပိုများလာတဲ့ မျက်နှာပြင်ပြည့်နီးပါးစမတ်ဖုန်းတစ်လုံး ဖြစ်လာခဲ့ပါပြီ။

ဒါ့ထက်ပိုမိုက်တာကတော့ OPPO ရဲ့ ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ VOOC Flash Charge အားအမြန်သွင်းစနစ်ပါဝင်လာမယ်ဆိုတာပါ။ မိနစ် ၃၀ လောက်နဲ့ ၇၅% လောက်ထိရောက်အောင် အမြန်အားသွင်းနိုင်တဲ့ ဒီ VOOC Charging နည်းပညာက စမတ်ဖုန်း User တွေကြား မက်လောက်စရာ အားသာချက်တစ်ခုဖြစ်လာလိမ့်မယ်လို့တော့ ထင်ပါတယ်။

ဒါ့ပြင် ဒီ OPPO F9 မှာ Portrait ပုံတွေရိုက်နိုင်ဖို့ Dual Rear Camera သုံးထားပြီး AI လုပ်ဆောင်ချက်တွေကိုလည်း ပိုအဆင့်မြှင့်ထားတယ်လို့ဆိုတဲ့အတွက် ကင်မရာပိုင်းကိုလည်းတော်တော်လေး မျှော်လင့်ထားပါတယ်။ အရောင်တွေအနေနဲ့ကတော့ ပုံမှန်အရောင်တွေထက် Gradient Color အရောင်ပြေးဒီဇိုင်းက User တွေကို ပိုပြီးစွဲဆောင်နိုင်ပါလိမ့်မယ်။

OPPO F9 နဲ့ပတ်သတ်တဲ့ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ OPPO Myanmar ကနေ တရားဝင်ကြေညာတဲ့အချိန်ကျရင် သိရတော့မှာပါ။

#OPPO

%d bloggers like this: