စြမ္းေဆာင္ရည္ ၆ဆပိုျမင့္တဲ့ RTX 2000 စီးရီး GPU ေတြကို မိတ္ဆက္လိုက္တဲ့ Nvidia

[Zawgyi]

၂၀၁၈ Gamescom မွာေတာ့ Nvidia ကေန သူ႔ရဲ႕ high-end graphic ကဒ္ေတြျဖစ္တဲ့ GeForce RTX 2070, RTX 2080 နဲ႔ RTX 2080 Ti တို႔ကို မိတ္ဆက္လိုက္ပါတယ္။

ဒီ 20-series card ေတြကေတာ့ လက္ရိွအခ ်ိန္ထိ ထိပ္ဆံုးကေန အေကာင္းဆံုးအျဖစ္ရပ္တည္ေနတဲ့ ထိပ္တန္း GeForce GTX 1070, GTX 1080 နဲ႔ GTX 1080 Ti တို႔ထက္ကို အျပတ္အသတ္သာမယ့္ စီးရီးေတြပါ။

Performance လည္း အျပတ္အသတ္သာသလို ေစ်းကလည္း မေသးပါဘူး။  Nvidia ကေနထုတ္လုပ္တဲ့ Founder Edition ဗားရွင္းေတြကေတာ့ RTX 2070 အတြက္ $599, RTX 2080 အတြက္ $799 နဲ႔ RTX 2080 Ti အတြက္ $1,199 ရိွပါတယ္။ 2080 နဲ႔ 2080 Ti တို႔ကိုေတာ့ pre-order စတင္လက္ခံေနျပီျဖစ္ျပီး စက္တင္ဘာ ၂၀ေလာက္က်ရင္ တင္ပို႔ေရာင္းခ်သြားမယ္လို႔ ခန္႔မွန္းရပါတယ္။ RTX 2070 ေတြကေတာ့ ဘယ္ေန႔ထြက္မယ္ဆိုတဲ့ရက္ေတာင္ အတိအက်မသိရေသးပါဘူး။ ဒါဆို ဒီေစ်းႏႈန္းေတြနဲ႔ ဒီ 20 Series ကဒ္အသစ္ေတြရဲ႕ Specification ေတြ ဘယ္ေလာက္တန္လဲဆိုတာ ၾကည့္ၾကည့္ရေအာင္။

NVIDIA RTX 2070

Spec RTX 2070 FE RTX 2070 GTX 1070
GPU architecture Turing Turing Pascal
Boost clock 1710 MHz (OC) 1620 MHz 1683 MHz
Frame buffer 8 GB GDDR6 8 GB GDDR6 8 GB GDDR5
Memory speed 14 Gbps 14 Gbps 8 Gbps

NVIDIA RTX 2080

Spec RTX 2080 FE RTX 2080 GTX 1080
GPU architecture Turing Turing Pascal
Boost clock 1800 MHz (OC) 1710 MHz 1733 MHz
Frame buffer 8 GB GDDR6 8 GB GDDR6 8 GB GDDR5X
Memory speed 14 Gbps 14 Gbps 10 Gbps

 

NVIDIA RTX 2080 TI

Spec RTX 2080 Ti FE RTX 2080 Ti GTX 1080 Ti
GPU architecture Turing Turing Pascal
Boost clock 1635 MHz (OC) 1545 MHz 1582 MHz
Frame buffer 11 GB GDDR6 11 GB GDDR6 11 GB GDDR5X
Memory speed 14 Gbps 14 Gbps 11 Gbps

RTX 2070, 2080 နဲ႔ 2080 Ti တို႔ကေတာ့ Nvidia ရဲ႕ မ်ိဳးဆက္သစ္ Turing architecture ကိုအေျခခံထားတဲ့ ပထမဆံုးေသာ consumer -level Graphic card ေတြျဖစ္ပါတယ္။ ဒီ ၃ခုလံုးမွာ ဒီႏွစ္ ဂိမ္းကုမၸဏီေတြ မိတ္ဆက္ဖို႔ၾကိဳးစားေနတဲ့ Photorealistic graphic အတြက္ Rendering and Lighting နည္းပညာျဖစ္တဲ့ ray tracing ကို Built-in အေနနဲ႔ေထာက္ပ့ံေပးထားပါတယ္။

ေနာက္ထပ္ ဂိမ္းကုမၸဏီေတြကလည္း လာမယ့္၆လအတြင္းမွာထြက္မယ့္ Windows PC ဂိမ္းေတြကို ျပသသြားခဲ့ျပီး Graphic card အသစ္ေတြနဲ႔ ကိုက္ညီမယ့္ အမိုက္စား ဂိမ္းအသစ္ေတြကို မၾကာခင္ျမင္ရေတာ့မယ့္ပံုပါပဲ။  EA DICE ကလည္း RTX based Reflection ေတြနဲ႔အတူ Battlefield 5 ၊ 4A Games ကလည္း Exodus မွာ RTX -based lighting ကိုျပသခဲ့ျပိး Shadow of the Tomb Raider မွာေတာ့ RTX-based shadows ေတြကို Eidos Montreal က ျပသသြားခဲ့ပါတယ္။

ေအာက္မွာေတာ့ ဗီဒီယိုေလးေတြကို စုစည္းတင္ျပလိုက္ပါတယ္။

[Unicode]

၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တြ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။

ဒီ 20-series card တွေကတော့ လက်ရှိအခ ျိန်ထိ ထိပ်ဆုံးကနေ အကောင်းဆုံးအဖြစ်ရပ်တည်နေတဲ့ ထိပ်တန်း GeForce GTX 1070, GTX 1080 နဲ့ GTX 1080 Ti တို့ထက်ကို အပြတ်အသတ်သာမယ့် စီးရီးတွေပါ။

Performance လည်း အပြတ်အသတ်သာသလို ဈေးကလည်း မသေးပါဘူး။  Nvidia ကနေထုတ်လုပ်တဲ့ Founder Edition ဗားရှင်းတွေကတော့ RTX 2070 အတွက် $599, RTX 2080 အတွက် $799 နဲ့ RTX 2080 Ti အတွက် $1,199 ရှိပါတယ်။ 2080 နဲ့ 2080 Ti တို့ကိုတော့ pre-order စတင်လက်ခံနေပြီဖြစ်ပြီး စက်တင်ဘာ ၂၀လောက်ကျရင် တင်ပို့ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။ RTX 2070 တွေကတော့ ဘယ်နေ့ထွက်မယ်ဆိုတဲ့ရက်တောင် အတိအကျမသိရသေးပါဘူး။ ဒါဆို ဒီဈေးနှုန်းတွေနဲ့ ဒီ 20 Series ကဒ်အသစ်တွေရဲ့ Specification တွေ ဘယ်လောက်တန်လဲဆိုတာ ကြည့်ကြည့်ရအောင်။

NVIDIA RTX 2070

Spec RTX 2070 FE RTX 2070 GTX 1070
GPU architecture Turing Turing Pascal
Boost clock 1710 MHz (OC) 1620 MHz 1683 MHz
Frame buffer 8 GB GDDR6 8 GB GDDR6 8 GB GDDR5
Memory speed 14 Gbps 14 Gbps 8 Gbps

NVIDIA RTX 2080

Spec RTX 2080 FE RTX 2080 GTX 1080
GPU architecture Turing Turing Pascal
Boost clock 1800 MHz (OC) 1710 MHz 1733 MHz
Frame buffer 8 GB GDDR6 8 GB GDDR6 8 GB GDDR5X
Memory speed 14 Gbps 14 Gbps 10 Gbps

 

NVIDIA RTX 2080 TI

Spec RTX 2080 Ti FE RTX 2080 Ti GTX 1080 Ti
GPU architecture Turing Turing Pascal
Boost clock 1635 MHz (OC) 1545 MHz 1582 MHz
Frame buffer 11 GB GDDR6 11 GB GDDR6 11 GB GDDR5X
Memory speed 14 Gbps 14 Gbps 11 Gbps

RTX 2070, 2080 နဲ့ 2080 Ti တို့ကတော့ Nvidia ရဲ့ မျိုးဆက်သစ် Turing architecture ကိုအခြေခံထားတဲ့ ပထမဆုံးသော consumer -level Graphic card တွေဖြစ်ပါတယ်။ ဒီ ၃ခုလုံးမှာ ဒီနှစ် ဂိမ်းကုမ္ပဏီတွေ မိတ်ဆက်ဖို့ကြိုးစားနေတဲ့ Photorealistic graphic အတွက် Rendering and Lighting နည်းပညာဖြစ်တဲ့ ray tracing ကို Built-in အနေနဲ့ထောက်ပံ့ပေးထားပါတယ်။

နောက်ထပ် ဂိမ်းကုမ္ပဏီတွေကလည်း လာမယ့်၆လအတွင်းမှာထွက်မယ့် Windows PC ဂိမ်းတွေကို ပြသသွားခဲ့ပြီး Graphic card အသစ်တွေနဲ့ ကိုက်ညီမယ့် အမိုက်စား ဂိမ်းအသစ်တွေကို မကြာခင်မြင်ရတော့မယ့်ပုံပါပဲ။  EA DICE ကလည်း RTX based Reflection တွေနဲ့အတူ Battlefield 5 ၊ 4A Games ကလည်း Exodus မှာ RTX -based lighting ကိုပြသခဲ့ပြိး Shadow of the Tomb Raider မှာတော့ RTX-based shadows တွေကို Eidos Montreal က ပြသသွားခဲ့ပါတယ်။

အောက်မှာတော့ ဗီဒီယိုလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။

%d bloggers like this: