Helio P60 တွေအောင်မြင်ပြီးနောက် P80, P90 တွေဆက်ထွက်လာမယ့် MediaTek

MediaTek ရဲ့ P60 Chipset တွေဆိုတာက Mid-range ဖုန်းတွေအတွက် AI စွမ်းဆောင်ရည်တွေကိုပေးစွမ်းနိုင်တဲ့အတွက်  Oppo F7 တွေမှာကတည်းက နာမည်ကြီးလာခဲ့တာပါ။  သူ့ရဲ့ SoC တည်ဆောက်ပုံကတော့ Clock-Speed 2GHz ရှိတဲ့ Cortex-A73 4cores နဲ့ Clock-speed 2GHz ရှိတဲ့ Cortex-A53 4cores နဲ့ Graphic အတွက် 800MHz ရှိတဲ့ Mali-G72 MP3 GPU ကိုသုံးထားပါတယ်။ လက်ရှိဆို သူ့ရဲ့ P60 chipset တွေကို Oppo, Vivo နဲ့ Xiaomi တို့မှာသုံးနေပါတယ်။

အခုလည်း ဒီ Chip တွေရဲ့ ဒီဇိုင်နာက P60 ရဲ့နောက်ဆက်တွဲ chipset ၂မျိုး ထွက်လာတော့မယ်လို့ ဆိုထားပါတယ်။ နောက်လာမယ့် ၂ခုကတော့ P70 မဟုတ်ဘဲ Helio P80 နဲ့ P90 ဖြစ်မယ်လို့ဆိုထားပြီး ဒီ SoC အသစ်တွေကိုပထမဆုံးသုံးမှာကတော့ Oppo ပါတဲ့။

MediaTek reportedly working on Helio P80, P90 chipsets following success of P60 (UPDATE)

(P70 ကတော့ ဒီနှစ်အစောပိုင်းတုန်းက MediaTek ကနေ ထုတ်ပြီးသားဖြစ်ပြီး Ulefone T2 Pro မှာသုံထားတယ်လို့ သိရပါတယ်။ P70 မှာတော့ 2.5GHz Cortex-A73 4cores + 2GHz Cortex A53 4 cores ပါဝင်ပါတယ်)

နောက်ပိုင်းလာမယ့် Mid_range ဖုန်းတွေမှာလည်း MediaTek ရဲ့ Helio “P” chip တွေကို ဆက်မြင်ရဦးမှာပါပဲ။ MediaTek ကနေ Flagship ဖုန်းတွေအတွက်ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတဲ့ နောက်ဆုံးထွက် “Helio X” chipset တွေကတော့ 10nm X30 ဖြစ်ပြီး မနှစ်ကပဲ Decacore CPU နဲ့ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။

Helio X30 ရဲ့အဆက်တွေ ထပ်ထွက်ဖို့သတင်းတော့လုံးဝမကြားမိတဲ့အတွက် high-end chipset တွေအတွက် လက်လျှော့လိုက်ပြီး Mid-range တွေဘက်ကိုပဲ အားစိုက်လာတော့မယ်လို့တော့ မှန်းမိပါတယ်။ ဒီတိုင်းသာဆိုရင် နောက်ပိုင်း high-end ဖုန်းတွေမှာ Helio X chips တွေကို မြင်ရဖို့အလားအလားက နည်းသထက်နည်းနည်းလာပြီလို့ပဲ ပြောရမှာပါပဲ။

%d bloggers like this: