0 Shares 100 Views

Apple ရဲ့ ဝန်ဆောင်မှုနှစ်မျိုးကို ဖျက်သိမ်းခဲ့တဲ့ တရုတ်

Apr 23, 2016
0 100

တရုတ်နိုင်ငံဟာ Apple ရဲ့ ဝန်ဆောင်မှုအမျိုးအစားနှစ်မျိုးဖြစ်တဲ့ အွန်လိုင်းစာအုပ်နဲ့ ရုပ်ရှင်ဝန်တောင်မှု တို့ကို အစိုးရသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီလို့ ကန့်သတ်ရပ်ဆိုင်းခဲ့တယ်လို့ အင်တာနက်စာမျက်နှာမှာဖော်ပြထားခဲ့ပါတယ်။ နိုင်ငံခြားသားပိုင်ဆိုင်တဲ့ အွန်လိုင်းဂျာနယ်ဝန်ဆောင်မှုတွေအတွက် စည်းမျဉ်းတွေကို ပြီးခဲ့တဲ့ မတ်လကထုတ်ပြန်ထားတာဖြစ်ပါတယ်။

စည်းကမ်းတွေအရ တရုတ်ပြည်သူတွေသုံးစွဲနေတဲ့ ဒေတာအချက်အလက်တွေကို တရုတ်ပြည်မကြီးမှာရှိတဲ့ ဒေတာစင်တာမှာသိမ်းဆည်းရမှာဖြစ်ပါတယ်။ Apple ကတော့ ဒီဝန်ဆောင်မှုနှစ်မျိုးလုံးကို မကြာခင်မှာ ပြန်လည်ရရှိလည်ပတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တရုတ်ပြည်မှာ Apple ရဲ့ iBooks စတိုးနဲ့ iTunes Movies ဝန်ဆောင်မှုစာမျက်နှာတွေပေါ်မှာ “unusable” ဆိုပြီးပြနေမှာဖြစ်တယ်လို့ ရိုက်တာသတင်းတစ်ရပ်အရသိရပါတယ်။ ဒီဝန်ဆောင်မှုနှစ်မျိုးလုံးဟာ တရုတ်နိုင်ငံမှာရရှိတာ ခြောက်လခန့်သာကြာမြှင့်သေးတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အာရှကိုဖြန့်ချိမယ့် Apple ပစ္စည်းတွေကိုထုတ်လုပ်တဲ့ Apple ရဲ့ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်တာကြောင့် ဒေသတွင်းမှာ Apple ပစ္စည်းတွေအသုံးပြုမှုလည်း တဖြည်းဖြည်းများပြားလာပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီဝန်ဆောင်မှုကို ဘယ်တော့ပြန်ဖွင့်ပေးခွင့်ပြုမယ်ဆိုတာ မပြောသလို ဘယ်လိုစည်းမျဉ်းစည်းကမ်းနဲ့ ငြိစွန်းလို့ ဖျက်သိမ်းခဲ့တယ်ဆိုတာလည်း ထုတ်ပြန်ခြင်းမရှိတာဖြစ်ပါတယ်။

Ref: BBC

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Leave a Comment

Most from this category