အလန်းစား Offline GPS & Navigation App များ (Android)

 

Google Play Store မှာ Android အတွက် GPS & Navigation Apps များ ရှိကြပါတယ်။ ဒါပေမယ့် အနည်းငယ်မှာသာ မြေပုံကို Offline ကြည့်လို့ရတဲ့ စွမ်းဆောင်ချက် ပါတာပါ။ အင်တာနက် မရရှိတဲ့ နေရာများ၊ လိုင်းမမိတဲ့ နေရာများမှာ အဲဒီ စွမ်းဆောင်ချက်က အလွန် အသုံးဝင်ပါတယ်။ မြေပုံကြည့်ချင်တိုင်း မိုဘိုင်းဒေတာ ဖွင့်ရတဲ့ အလုပ်ရှုပ်မှုလည်း မရှိတော့ပါဘူး။ အဲဒီလို Offline သုံးနိုင်တဲ့ Apps များထဲမှ အကောင်းဆုံး လေးခုကို ဖော်ပြလိုက်ပါတယ်။

 

Google Maps

Google Maps ဟာ မြေပုံ App များထဲမှာ နာမည်အကြီးဆုံးပါ။ တည်နေရာကို တစ်ဆင့်ခြင်း ဖော်ပြခြင်း၊ မြင်ကွင်းရွေးချယ်နိုင်ခြင်း၊ အသေးစိတ်ကျတဲ့ လမ်းကြောင်း သတင်းအချက်အလက်၊ ယာဉ်ပိတ်ဆို့မှု အခြေအနေကို အချိန်နဲ့တစ်ပြေးညီ ပြသခြင်း စတဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ချက်တွေ များစွာ ပါပါတယ်။ သူ့မှာ မြေပုံများကို Offline ကြည့်နိုင်ဖို့အတွက် ဒေါင်းလုပ်လုပ်ထားနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။ ယခုနှစ် သြဂုတ်လမှာ Offline စွမ်းဆောင်ချက် အသစ်များ ထည့်ပေးထားပါတယ်။ တည်နေရာများစွာအတွက် မြေပုံဒေတာများကို ဒေါင်းလုပ်လုပ်နိုင်ခြင်း၊ WiFi Only Mode ပါလာခြင်းတို့ ဖြစ်ပါတယ်။ SD Card မှာ မြေပုံဒေတာများ သိမ်းထားနိုင်လာတဲ့အတွက် ဖုန်းရဲ့ Internal Storage မှာ နေရာလွတ်များရနိုင်ပါတယ်။

 

Download

 

Sygic GPS Navigation & Maps

 

Sygic ကလည်း Android အတွက် နာမည်ကြီး Offline Navigation App ပါ။ သူဟာ မြေပုံဒေတာများကို အမြဲတမ်း Update ထည့်ပေးနေပါတယ်။ သူ့ရဲ့ အဓိက စွမ်းဆောင်ချက်များမှာ Offline Navigation , Voice-Activated GPS , 3D Mapping နဲ့ လေကာမှန်မှာ လမ်းညွှန်မြေပုံကို ပြသခြင်းတို့ ဖြစ်ကြပါတယ်။ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပြီး စွမ်းဆောင်ချက် အားလုံးကို ၇ ရက်ကြာ စမ်းသပ် အသုံးပြုနိုင်ပါတယ်။ ၇ ပြည့်ပြီးနောက်မှာတော့ ပိုက်ဆံနဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ မဝယ်ယူဘဲ ဆက်သုံးရင်ရပေမယ့် အခြေခံ စွမ်းဆောင်ချက်များသာ သုံးနိုင်မှာပါ။

Download

 

CoPilot GPS

 

CoPilot GPS ဟာ ယာဉ်မောင်းသူများအတွက် ရည်ရွယ် ပုံစံထုတ်ထားတဲ့ Navigation App ဖြစ်ပါတယ်။ သူ့မှာလည်း Offline Navigation စွမ်းဆောင်ချက် ပါပါတယ်။ လမ်းတည်နေရာကို တစ်ဆင့်ချင်း မြေပုံမှာ လမ်းညွှန်နိုင်ပါတယ်။ 3D Mapping နဲ့ လမ်းကြောင်း ပြောင်းလဲ သတ်မှတ်နိုင်တဲ့ စွမ်းဆောင်ချက်များလည်း ပါပါတယ်။ ဒါပေမယ့် သူကလည်း ၇ ရက်သာ စမ်းသပ် အသုံးပြုနိုင်ပြီး အဲဒီနောက်မှာ ဝယ်ယူ သုံးရမှာပါ။ မဝယ်ဘဲ ဆက်သုံးရင်တော့ အခြေခံ စွမ်းဆောင်ချက်များသာ ပါမှာပါ။

Download

 

TomTom GO

 

TomTom ဟာ မြေပုံနယ်ပယ်မှာ နာမည်ကြီးပါ။ သူ့ရဲ့ မြေပုံဒေတာများဟာ အမြဲတမ်း Update ဖြစ်ပါတယ်။ တည်နေရာတစ်ခုကို သွားဖို့အတွက် သွားနိုင်တဲ့ လမ်းကြောင်းများစွာကို ပံ့ပိုးပေးထားပါတယ်။ လမ်းပိတ်ဆို့မှု အခြေအနေများကို စဉ်ဆက်မပြတ်ပြသပေးနိုင်ပါတယ်။ သူ့ကို အခမဲ့ စမ်းသပ် အသုံးပြုနိုင်ပြီးနောက်မှာ အခပေး ဝယ်ယူ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖရီးဗားရှင်းမှာတော့ စွမ်းဆောင်ချက် နည်းပါးပါတယ်။

 

Download

 

Ref : androidpit

%d bloggers like this: