အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်း (၄)နှစ်ပြည့်ကျင်းပ

အူရီဒူးမြန်မာသည် ၎င်း၏ (၄)နှစ်ပြည့်အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ပြီး မြန်မာနိုင်ငံတွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု၊ 4G ကွန်ရက် တိုးချဲ့လွှမ်းခြုံမှု၊ ထူးခြားဆန်းသစ်သည့် ထုတ်ကုန်များ နှင့် မြန်မာနိုင်ငံ ဒီဂျစ်တယ်ကဏ္ဍပြောင်းလဲရေးအတွက် ပံ့ပိုးကူညီမည့် အနာဂတ်အစီအစဉ်သစ်များအကြောင်းကို ထုတ်ပြန် ကြေညာခဲ့ပါသည်။

ယခုနှစ်ဆန်းပိုင်းတွင် အူရီဒူးမြန်မာသည် 4G Pro ကွန်ရက်၏ စွမ်းဆောင်ချက်ကို သရုပ်ပြသခြင်းဖြင့် 5G ကွန်ရက်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် အသင့်အနေအထားရှိမှုကို ပြသခဲ့ပါသည်။ ယခု မျိုးဆက်သစ်ကွန်ရက်သည် ပြည်သူလူထု၏ လူနေမှုဘဝများကို ကောင်းမွန်စွာပြောင်းလဲနိုင်မည့် ဒီဂျစ်တယ်လူနေမှုဘဝပုံစံသစ်ကို ရရှိနိုင်ရန်အတွက် ဖြစ်ပါသည်။ ထို့အပြင် ကျန်းမာရေး၊ ပညာရေး နှင့် အပန်းဖြေလုပ်ငန်းများနှင့် ဆက်စပ်နေသောကဏ္ဍများအနေဖြင့် နည်းပညာမှတဆင့် အကျိုးကျေးဇူးများစွာရရှိနိုင်ရန် မျှော်မှန်းချက်နှင့်အညီ ပြည်သူလူထုနှင့် နိုင်ငံအတွက် ကောင်းမွန်သော စီးပွားရေး တိုးတက်ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။

အူရီဒူးမြန်မာရုံးချုပ်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် အူရီဒူးမြန်မာ၏ Chief Executive Officer ဖြစ်သူ Mr. Vikram Sinha က “ ပြီးခဲ့တဲ့ (၅)နှစ်တာကာလမှာ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အရပ်လေးမျက်နှာပတ်လုံးမှာ အူရီဒူးကွန်ရက်ကို လွှမ်းခြုံပေးနိုင်ဖို့အတွက် အလွန်လျှင်မြန်တဲ့နှုန်းနဲ့ နေ့ညမပြတ် ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။ အူရီဒူးဟာဆိုရင် သုံးစွဲသူတွေကို ဒီဂျစ်တယ်နည်းပညာဖြင့် လူနေမှုဘ၀ တိုးတက်ကောင်းမွန်လာဖို့အတွက် သာလွန်တဲ့ ခြေလှမ်းတွေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကို ပေးအပ်လာခဲ့ပါတယ်။ မြန်မာပြည်သူလူထုတွေ၊ ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအားလုံးကို သူတို့တွေရဲ့ အမြဲကူညီပံ့ပိုးပေးမှုအတွက် အူရီဒူးက ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသူများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပြီး ၎င်းတို့ကြောင့် အူရီဒူးက ဆန်းသစ်မှုများစွာဖြင့် ဆက်လက်ပြီး ဝန်ဆောင်မှုပေးအပ်သွားမှာဖြစ်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

Mr. Sinha မှ ထပ်မံ၍ “မိုဘိုင်းနည်းပညာဟာဆိုရင် ပြည်သူလူထုရဲ့ ဘဝတွေတိုးတက်ကောင်းမွန်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ ကျွန်တော်တို့အားလုံးကို အခွင့်အလမ်းတွေ ပေးအပ်ထားတာဖြစ်ပါတယ်။ မိဘပြည်သူများအနေနဲ့ ပိုမိုမြန်ဆန်ပြီး ပိုမိုလိုင်းတည်ငြိမ်တဲ့ ကွန်ရက်ချိတ်ဆက်မှုကို နေ့စဉ်လိုအပ်လျှက်ရှိသလို ဒီဂျစ်တယ် ဝန်ဆောင်မှုတွေကို လိုအပ်နေတာကြောင့် လူထုကြားမှာ ဒီဂျစ်တယ် လူနေမှုပုံစံဟာဆိုရင် အလျှင်အမြန်နဲ့ တိုးပွားနေတယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများဟာဆိုရင်လည်း ပြည်သူလူထုကို ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရအောင် ကူညီပံ့ပိုးပေးလျှက်ရှိပြီး မြန်မာနိုင်ငံမှာလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

ယခု နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် အူရီဒူးမြန်မာအနေနဲ့ ထူးခြားဆန်းသစ်သည့် ဝန်ဆောင်မှုအသစ်ကို သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် ဒီဂျစ်တယ်လူနေမှုပုံစံကို လွယ်ကူစွာရရှိအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး မိတ်ဆက်ပေးလိုက်ပါသည်။  “Ooredoo Next” ဖြစ်ပြီး ၎င်းဝန်ဆောင်မှုသည် သုံးစွဲသူများအနေဖြင့် မိမိ၏အကောင့်ကို Facebook မှ တဆင့် စီမံခန့်ခွဲနိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် မြောက်များစွာသော ကုတ်နံပါတ်များကို မှတ်သားထားရန်မလိုဘဲ ဝန်ဆောင်မှုများသိရှိနိုင်ခြင်း၊ ပက်ကေ့ချ်ဝယ်ယူခြင်း၊ လက်ကျန်စစ်ဆေးခြင်းနှင့် အထူးအစီအစဉ်များကို Facebook Messenger မှ တဆင့် ကြည့်ရှု စစ်ဆေးရယူနိုင်မည်ဖြစ်ပါသည်။

ယခုနှစ်အစောပိုင်းတွင် Ookla Speedtest Intelligence ၏ ၂၀၁၈ခုနှစ် Q1-Q2 စစ်တမ်းအရ အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် အမြန်ဆုံး ကွန်ရက်ဖြစ်လာခဲ့ပါသည်။ ယခု ၂၀၁၈ခုနှစ်ကုန်တွင် အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၀၀ကျော်တွင် အူရီဒူး၏ 4G Plus ကွန်ရက်ကို လွှမ်းခြုံပေးမည်ဖြစ်သည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိုင်ဘာဆက်သွယ်ချိတ်ဆက်မှုကို ကီလိုမီတာ ၁၅,၀၀၀ အထိ ဖြန့်ကြက်နိုင်မည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ နှစ်ပတ်လည်ကာလအတွင်းတွင် ၎င်း၏ ဆက်သွယ်ရေး အခြေခံအုတ်မြစ်ဖွံ့ဖြိုးရေးအတွက်သာမကဘဲ အရေးကြီးလှသည့် မြန်မာနိုင်ငံ ပြည်သူလူထု၏ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အူရီဒူးမှ လုပ်ဆောင်ပေးမည့်အကြောင်းကို ပြောကြားခဲ့ပါသည်။ အူရီဒူးမှ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုများ ပေးအပ်သည့်အချိန်မှစတင်ပြီး မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး စသည့် လူမှုအကျိုးပြုလုပ်ငန်းများကို  UNOPS, PACT Myanmar, Myanmar Book Aids Preservation and Foundation, မြန်မာနိုင်ငံကြက်ခြေနီအသင်းစသည့် ပြည်တွင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဦးစားပေးလုပ်ဆောင်လျှက်ရှိပါသည်။

နှစ်ပတ်လည်အခမ်းအနား အထိမ်းအမှတ်အဖြစ် အူရီဒူးမြန်မာသည် ၂၀၁၈ခုနှစ် သြဂုတ်လ ၁၆ရက်မှ ၃၁ရက်နေ့တိုင် နေ့စဉ် ရွှေငါးမူးသားအလေးချိန်ရှိသော အူရီဒူးအမှတ်တံဆိပ်ရွှေဒင်္ဂါး (၄)ပြားကို ကံထူးရှင်များအား လက်ဆောင်ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

%d bloggers like this: