570 Shares 739 Views


Aug 14, 2018
570 739





Ref : mysmartprice

unicode

Xiaomi Mi Pad 4 Plus ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

ရှောင်မီက Mi Pad 4 Plus အမည်ရ အန်းဒရွိုက် တက်ဘလက် တစ်လုံးကို ဖန်တီးနေပါတယ်။ သူ့ရဲ့ စကရင် အရွယ်အစား၊ မန်မိုရီ ပမာဏနဲ့ အရောင်များကို အခုတော့ သိရှိလာရပါပြီ။ Mi Pad 4 Plus မှာ ၁၀ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Mi Pad 4 ရဲ့ ၈ လက်မ မျက်နှာပြင်ထက် ပိုမိုကြီးမားပါတယ်။ Mi Pad 4 ရဲ့ စကရင် အမျိုးအစားမှာ IPS LCD ဖြစ်ပြီး မျက်နှာပြင် အရည်အသွေးမှာ 1200x1920p ဖြစ်ပါတယ်။ Mi Pad 4 Plus ရဲ့ စကရင် အရည်အသွေးကိုတော့ မသိရသေးပါဘူး။

Mi Pad 4 Plus မှာ အခြား တိုးတက်မှုများလည်း ပါလာပါတယ်။ သူ့မှာ Mi Pad 4 မှာလိုပဲ Qualcomm Snapdragon 660 Octa-Core Processor ထည့်သွင်းထားနိုင်ပါတယ်။ Snapdragon 660 ဟာ စွမ်းရည်သင့် Chipset များထဲမှာ အလွန် ကောင်းပါတယ်။ သူဟာ စွမ်းဆောင်ရည် ကောင်းမွန်သလို စွမ်းအင် စားသုံးမှု သက်သာပါတယ်။

သူ့မှာ Wi-Fi 802.11 a/b/g/n/ac dual-band, Bluetooth 5.0 Low Energy, GPS with A-GPS, GLONASS, BeiDou, 4G LTE, USB Type-C port များ ပါလာနိုင်ပါတယ်။ မျက်နှာပြင် အရွယ် ပိုမို ကြီးမားလာတဲ့အတွက် Mi Pad 4 ထက် ကြီးမားတဲ့ ဘက်ထရီကို Plus Model မှာ ထည့်သွင်းထားနိုင်ပါတယ်။ Mi Pad 4 မှာ 6000mAh Battery တောင် ထည့်သွင်းထားတာပါ။

Mi Pad 4 Plus မှာ Android 8.1 Oreo အခြေပြု MIUI 10 ထည့်သွင်းထားနိုင်ပါတယ်။ 4GB/64GB နဲ့ 4GB/128GB Model များ ထုတ်လုပ်ထားနိုင်ပါတယ်။ microSD Card Slot လည်း ပါလာနိုင်ပါတယ်။ အနက်နဲ့ ရွှေရောင်များ ထုတ်လုပ်ထားမှာပါ။

Ref : mysmartprice

You may be interested

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

Ko Thuya - Nov 12, 2018

ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်

Ko Thuya - Nov 12, 2018

ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ

Ko Thuya - Nov 12, 2018

Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…

Leave a Comment

Most from this category