808 Shares 908 Views

In-Display Fingerprint Sensor ပါဝင္ျပီး Notch အေသးဆုံးဒီဇိုင္းနဲ႔ Oppo R17 ဖုန္းကို မိတ္ဆက္

Aug 13, 2018
808 908

[Zawgyi]

Notch မပါတဲ့ Full-screen Display ကို Find X နဲ႕ လုပ္ျပခဲ့တဲ့ Oppo ဟာ အခုလည္း Notch အေသးဆုံးဒီဇိုင္းနဲ႕ R17 ဖုန္းကို ထပ္မံထုတ္လုပ္လိုက္ျပန္ျပီ ျဖစ္ပါတယ္။ Essential PH-1 က Notch နဲ႕ ဆင္တူေပမယ့္ အနည္းငယ္ပိုေသးျပီး  Notch ပါလို႕ ပါမွန္းမသိေအာင္ သပ္ရပ္လွပတာ ေတြ႔ရပါတယ္။ Notch ရွည္ရွည္ေမ်ာေမ်ာ ဒီဇိုင္းနဲ႔ ဖုန္းေတြပဲ အထြက္မ်ားေနတဲ့အခ်ိန္မွာ R17 ဖုန္းရဲ႕Notch က ဆြဲေဆာင္မွဳတခုျဖစ္ေနမွာပါ။

Oppo ဟာ F9, F9 Pro, R17 နဲ႕ R17 Pro ဖုန္းအသစ္ေလးမ်ိဳးကို ယခုလပိုင္းအတြင္း မိတ္ဆက္မွာျဖစ္တာေၾကာင့္ အခု R17 ရဲ႕ Notch ဒီဇိုင္းကို က်န္ဖုန္းေမာ္ဒယ္သုံးခုမွာလည္း ေတြ႕ျမင္ရဖို႕ မ်ားပါတယ္။

Oppo R17 ဖုန္းမွာ လြန္ခဲ့တဲ့တပတ္ကတင္ မိတ္ဆက္သြားတဲ့ Snapdragon 670 SoC အသစ္၊ 8GB RAM နဲ႕ 128GB Storage တို႕ ပါရွိလာမွာျဖစ္ေၾကာင္း Oppo website မွာ ေဖာ္ျပထားပါတယ္။ Display က FullHD+ resolution ရွိတဲ့ 6.4-inch AMOLED Display ျဖစ္ျပီး၊ Display ေအာက္မွာလည္း Fingerprint Sensor ပါဝင္မွာပါ။ In-Display Fingerprint Sensor အရြယ္အစားက ၄ စတုရန္းမီလီမီတာရွိျပီး၊ 3MP Micro Lens နဲ႕ စခရင္ေပၚက လက္ေဗြရာကို ဖတ္မွာျဖစ္ပါတယ္။

R17 ဖုန္းရဲ႕ Notch ေလးထဲမွာ Find X ဖုန္းမွာ သုံးထားတဲ့ 25MP, f/2.0 sensor ကို ထည့္သြင္းထားျပီး၊ ဖုန္းစပီကာခြက္ကိုလည္း Notch ထိပ္ေလးမွာပဲ ထည့္ထားတာ ေတြ႕ရပါတယ္။ ေက်ာကင္မရာ Sensors ကိုေတာ့ အတိအက်မသိရေသးဘဲ၊ Scenes ေပါင္း ၈၀၀ ေက်ာ္ကို AI စြမ္းရည္နဲ႕ အေကာင္းဆုံး ရိုက္ကူးႏိုင္စြမ္းရွိတယ္လို႔ပဲ သိရပါေသးတယ္။

၅ မိနစ္အားသြင္းျပီး၊ ၂ နာရီေလာက္ ဖုန္းေျပာႏိုင္တဲ့ VOOC Fast Charge နည္းပညာကိုလည္း R19 ဖုန္းမွာ အသုံးျပဳထားျပီး၊ USB Type-C, 3450mAh ဘက္ထရီ၊ Android 8.1 Oreo-based Color OS 5.2 တို႕ နဲ႕ ျဖစ္ပါတယ္။ အေရာင္ကေတာ့ Stream Blue နဲ႕ Neon Purple ဆိုျပီး အေရာင္ ၂ မ်ိဳး ေရြးႏိုင္မွာျဖစ္ပါတယ္။ R 17 ရဲ႕ ေစ်းႏွဳန္းကိုေတာ့ စတင္ေရာင္းခ်မယ့္ ၾသဂုတ္လ ၁၈ ရက္ေန႕မွ သိရမွာပါ။ R17 ထက္ ပိုမင့္တဲ့ R17 Pro ဖုန္းမွာေတာ့ ေက်ာကင္မရာ ၃ လုံးတြဲအထိ ပါဝင္လာဖုိ႕ ရွိေနပါတယ္။

Ref: GSM Arena, XDA Devlopers

[Unicode]

In-Display Fingerprint Sensor ပါဝင်ပြီး Notch အသေးဆုံးဒီဇိုင်းနဲ့ Oppo R17 ဖုန်းကို မိတ်ဆက်

Notch မပါတဲ့ Full-screen Display ကို Find X နဲ့ လုပ်ပြခဲ့တဲ့ Oppo ဟာ အခုလည်း Notch အသေးဆုံးဒီဇိုင်းနဲ့ R17 ဖုန်းကို ထပ်မံထုတ်လုပ်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ Essential PH-1 က Notch နဲ့ ဆင်တူပေမယ့် အနည်းငယ်ပိုသေးပြီး  Notch ပါလို့ ပါမှန်းမသိအောင် သပ်ရပ်လှပတာ တွေ့ရပါတယ်။ Notch ရှည်ရှည်မျောမျော ဒီဇိုင်းနဲ့ ဖုန်းတွေပဲ အထွက်များနေတဲ့အချိန်မှာ R17 ဖုန်းရဲ့Notch က ဆွဲဆောင်မှုတခုဖြစ်နေမှာပါ။

Oppo ဟာ F9, F9 Pro, R17 နဲ့ R17 Pro ဖုန်းအသစ်လေးမျိုးကို ယခုလပိုင်းအတွင်း မိတ်ဆက်မှာဖြစ်တာကြောင့် အခု R17 ရဲ့ Notch ဒီဇိုင်းကို ကျန်ဖုန်းမော်ဒယ်သုံးခုမှာလည်း တွေ့မြင်ရဖို့ များပါတယ်။

Oppo R17 ဖုန်းမှာ လွန်ခဲ့တဲ့တပတ်ကတင် မိတ်ဆက်သွားတဲ့ Snapdragon 670 SoC အသစ်၊ 8GB RAM နဲ့ 128GB Storage တို့ ပါရှိလာမှာဖြစ်ကြောင်း Oppo website မှာ ဖော်ပြထားပါတယ်။ Display က FullHD+ resolution ရှိတဲ့ 6.4-inch AMOLED Display ဖြစ်ပြီး၊ Display အောက်မှာလည်း Fingerprint Sensor ပါဝင်မှာပါ။ In-Display Fingerprint Sensor အရွယ်အစားက ၄ စတုရန်းမီလီမီတာရှိပြီး၊ 3MP Micro Lens နဲ့ စခရင်ပေါ်က လက်ဗွေရာကို ဖတ်မှာဖြစ်ပါတယ်။

R17 ဖုန်းရဲ့ Notch လေးထဲမှာ Find X ဖုန်းမှာ သုံးထားတဲ့ 25MP, f/2.0 sensor ကို ထည့်သွင်းထားပြီး၊ ဖုန်းစပီကာခွက်ကိုလည်း Notch ထိပ်လေးမှာပဲ ထည့်ထားတာ တွေ့ရပါတယ်။ ကျောကင်မရာ Sensors ကိုတော့ အတိအကျမသိရသေးဘဲ၊ Scenes ပေါင်း ၈၀၀ ကျော်ကို AI စွမ်းရည်နဲ့ အကောင်းဆုံး ရိုက်ကူးနိုင်စွမ်းရှိတယ်လို့ပဲ သိရပါသေးတယ်။

၅ မိနစ်အားသွင်းပြီး၊ ၂ နာရီလောက် ဖုန်းပြောနိုင်တဲ့ VOOC Fast Charge နည်းပညာကိုလည်း R19 ဖုန်းမှာ အသုံးပြုထားပြီး၊ USB Type-C, 3450mAh ဘက်ထရီ၊ Android 8.1 Oreo-based Color OS 5.2 တို့ နဲ့ ဖြစ်ပါတယ်။ အရောင်ကတော့ Stream Blue နဲ့ Neon Purple ဆိုပြီး အရောင် ၂ မျိုး ရွေးနိုင်မှာဖြစ်ပါတယ်။ R 17 ရဲ့ ဈေးနှုန်းကိုတော့ စတင်ရောင်းချမယ့် သြဂုတ်လ ၁၈ ရက်နေ့မှ သိရမှာပါ။ R17 ထက် ပိုမင့်တဲ့ R17 Pro ဖုန်းမှာတော့ ကျောကင်မရာ ၃ လုံးတွဲအထိ ပါဝင်လာဖို့ ရှိနေပါတယ်။

Ref: GSM Arena, XDA Devlopers

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category