0 Shares 179 Views

လက်ဗွေရာဆန်ဆာပါဝင်လာတဲ့ တန်ဖိုးနည်း ZTE ဖုန်းအသစ်နှစ်မျိုး ထွက်ရှိ

Apr 23, 2016
0 179

ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ ZTE ကုမ္ပဏီဟာ Blade စီးရီးရဲ့ ဖုန်းသစ်နှစ်မျိုးကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။

ZTE Blade A910 နဲ့ ZTE Blade V7 Max အမည်ရ ဒီစမတ်ဖုန်းနှစ်မျိုးဟာ တန်ဖိုးနည်းစမတ်ဖုန်းတွေဖြစ်ပေမယ့်၊ လက်ဗွေရာဆန်ဆာ ပါဝင်လာတာကို တွေ့ရပါတယ်။

ဈေးနှုန်းအားဖြင့် RAM 2GB နဲ့ ဖုန်းတွင်း storage 16 GB ပါတဲ့ ZTE Blade A910 မော်ဒယ်က မြန်မာငွေ ၂ သိန်း ၃ သောင်းလောက် ကျသင့်မှာဖြစ်ကာ၊ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB မော်ဒယ်ကတော့ မြန်မာငွေ၊ ၂ သိန်း ၆ သောင်းလောက် ရှိမှာပါ။

ZTE Blade V7 Max မှာလည်း RAM မတူတဲ့ မော်ဒယ်ကွဲနှစ်မျိုး ထွက်ရှိမှာဖြစ်ပြီး၊ RAM 3GB မော်ဒယ်က မြန်မာငွေ ၃ သိန်း ၂ သောင်းလောက်နဲ့၊ RAM 4GB အထိ ပါတဲ့မော်ဒယ်က ၃ သိန်းခွဲလောက် ရှိမှာပါ။

SIM နှစ်ကတ်ထိုးသုံးနိုင်တဲ့ ZTE Blade V7 Max ဖုန်းဟာ Android 6.0 Marshmallow နဲ့ ဖြစ်ပြီး၊ 2.5D မှန်ကွေးသုံးထးတဲ့ ၅.၅ လက်မ အရွယ် full-HD မျက်နှာပြင် နဲ့ octa-core ပရိုဆက်ဆာတစ်မျိုး သုံးထားတယ်လို့ ဆိုပါတယ်။ ပရိုဆက်ဆာမော်ဒယ်ကိုတော့ တိတိကျကျပြောထားတာမျိုး မရှိပါဘူး။

Blade V7 Max ဖုန်းမှာ PDAF ဆုံချက်ရှာစနစ်ပါဝင်တဲ့ 16-megapixel ကျောကင်မရာနဲ့၊ 8-megapixel ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ ဒီဖုန်းရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့ 4G LTE ကွန်ရက်သုံးစွဲနိုင်ပြီး၊ USB Type-C အပေါက် နဲ့ ဖုန်းကျောဘက်မှာ လက်ဗွေရာဆန်ဆာ ပါဝင်တာတို့ ဖြစ်ပါတယ်။ ဘက်ထရီကလည်း 3000mAh ဆိုတော့ ကြာရှည်အသုံးခံမှာပါ။

Blade V7 Max ထက် နည်းနည်းစွမ်းဆောင်ရည်ပိုနိမ့်တဲ့ SIM နှစ်ကတ်ထိုး Blade A910 မှာ ၅.၅ လက်မအရွယ် HD resolution ရှိတဲ့ Amoled display သုံးထားပြီး၊ ဒီကောင်ကတော့ Android Lollipop နဲ့ပဲ ဖြစ်ပါတယ်။ ပရိုဆက်ဆ်ာမှာတော့ quad-core MediaTek MT6735 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ Mali-T720 ဂရပ်ဖစ်ကတ်ပါ ပါဝင်ပါတယ်။

ဒီဖုန်းနှစ်မျိုးကို တရုတ်နိုင်ငံပြင်ပ ဘယ်တော့ဖြန့်ချိမလဲဆိုတာကိုတော့ ZTE ကုမ္ပဏီက ပြောကြားထားခြင်း မရှိသေးပါဘူး။

Ref: Gadgets 360

 

 

 

You may be interested

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်

Ko Thuya - Apr 25, 2018

HMD Global က ယခုလ ၂၇ ရက်နေ့မှာ တရုတ်တွင် ပွဲတစ်ခု ကျင်းပ၍ စမတ်ဖုန်း အသစ်ကို မိတ်ဆက်မှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ၂၀၁၄ ခုနှစ်ထွက် Nokia X သို့မဟုတ် စွမ်းဆောင်ရည်မြင့် Nokia…

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ
Audio & Video, FEATURES, Mobile & Tablets
206 shares177 views

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ

Ko Thuya - Apr 24, 2018

သင့်ရဲ့ Android Device ကို ကားစတီရီယို စနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ သင့် ကားစတီရီယိုမှာ ပါတဲ့ စွမ်းဆောင်ချက် အပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ပါ။ ကားရဲ့ အသံစနစ်နဲ့ သင့် Android ကို…

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်
Games, NEWS
321 shares62 views

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်

Nwe Oo Thant - Apr 24, 2018

[Zawgyi] Fortnite ဂိမ်းဆိုတာကတော့ နာမည်ကြီး free ဂိမ်းတစ်ခုဖြစ်ပြီး ကလေးတွေကျောင်းပြေးဂိမ်းဆော့လွန်းလို့ ဆရာတွေမိဘတွေ ကျောင်းတွေကို တော်တော်စိတ်ရှုပ်စေခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် အခု ကလေးတွေကျောင်းမှာဖင်မြဲနိုင်မယ့် Fortnite ရဲ့အားသာချက်လေးတစ်ခုရှိလာပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က Ashland အိုဟိုင်းယိုးမှာရှိတဲ့ Ashland တက္ကသိုလ်က ဒီ Fortnite…

Leave a Comment

Most from this category