0 Shares 979 Views

မအိုေဆး ေတြ႕ၿပီ

Aug 14, 2018
0 979

[Zawgyi]

ျပန္လည္ႏုပ်ိဳႏုိင္စြမ္းဆိုတာ လူေတာ္ေတာ္မ်ားမ်ား ေတာင့္တၾကတဲ့အရာတစ္ခုပါ။ ႏုပ်ိဳခ်င္လြန္းလို႔လည္း ေဆးထိုးၾကတာေတြ ခြဲစိတ္ျပဳျပင္ၾကတာေတြ ဒါေတြေခတ္မကုန္ေသးတာေပါ့။ ဒါေပမယ့္ အခ်ိန္တန္ေတာ့ ဇရာျပလာတဲ့အခ်ိန္မွာ ေဆးေတြဘာေတြနဲ႔လည္း ထိန္းလို႔ရမွာမဟုတ္ပါဘူး။ ျပန္လည္ႏုပ်ဳိေအာင္လုပ္ဖို႔ဆိုတာ တကယ္တမ္းလက္ေတြ႔ဘဝနဲ႔ အရမ္းကို အလွမ္းေဝးေနပါေသးတယ္။ ဒါေပမယ့္…လူရဲ႕ဆဲလ္ေတြကို ျပန္လည္ႏုပ်ိဳတဲ့ဆဲလ္ေတြျဖစ္ေအာင ္ဓာတ္ခြဲခန္းမွာေအာင္ျမင္စြာ စမ္းသပ္ႏုိင္ခဲ့ပါျပီ။

အသက္အရြယ္ရလာတာနဲ႔ ခႏၶာကုိယ္ရဲ႕စြမ္းေဆာင္ရည္ေတြ က်ဆင္းလာျပီး တစ္ခါတစ္ရံမွာ လူသားေတြခံစားရတဲ့ ဆိုးဝါးတဲ့ ကင္ဆာလိုေရာဂါေတြ၊ ဆီးခ်ိဳေရာဂါေတြ၊ သတိေမ့စိတ္မမွန္ေတာ့တာေတြက အသက္ၾကီးလာတာနဲ႔ဆက္စပ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။
ကြ်န္ေတာ္တို႔ခႏၶာကိုယ္ဆဲလ္ေတြ တစ္ရွဴးေတြ အလုပ္မလုပ္ေတာ့ဘူးဆိုတဲ့ေနရာမွာ အေၾကာင္းရင္းအမ်ားၾကီးရိွပါတယ္။ ဒါေပမယ့္ အုိမင္းရင့္ေရာ္လာျခင္းမွာေတာ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြ တစ္ရွဴးေတြမွာရိွတဲ့ မသန္စြမ္းေတာ့တဲ့ဆဲလ္ေတြ တျဖည္းျဖည္းစုစည္းမ်ားျပားလာျခင္းဆိုတဲ့အေၾကာင္းရင္းပဲ ရိွပါတယ္။ ဆဲလ္ေတြအခ်ိန္ၾကာလာတဲ့အခါမွာ မသန္စြမ္းေတာ့ဘဲ လုပ္ငန္းေဆာင္တာေတြကို ေကာင္းေကာင္းမလုပ္နုိင္ေတာ့တဲ့အျပင္ ေဘးနာမွာရိွတဲ့ဆဲလ္ေတြကိုပါ ထိခိုက္ေစပါတယ္။
အသက္အရြယ္ရလာတာနဲ႔အမွ် ဆဲလ္ေတြကပါ ဘာလို႔လိုက္ျပီးမသန္စြမ္းေတာ့တာလဲ?? ျဖစ္နုိင္တာကေတာ့ DNA က တစ္ျဖည္းျဖည္းယိုယြင္းလာလို႔ပဲျဖစ္ပါလိမ့္မယ္။ ဒီစမ္းသပ္ခ်က္အတြက္ အသက္ၾကီးတဲ့သူေတြဆီက ေသြးနမူနာေတြ မတူညီတဲ့တစ္ရွဴးအမ်ိဳးအစားေတြမွာစမ္းသပ္ၾကည့္ခဲ့ၾကပါတယ္။ ဒီေတာ့ အိုမင္းရင့္ေရာ္တဲ့ဆဲလ္ေတြကို ဟိုက္ဒရိုဂ်င္ဆာလ္ဖိုက္အနည္းငယ္ထုတ္ေပးႏုိင္တဲ့ ဓာတုပစၥည္းနဲ႔စမ္းသပ္ျပီး ဆဲလ္ေတြျပန္လည္နုပ်ိဳလာေအာင္ လုပ္ေဆာင္ႏုိင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ပမာဏအရမ္းမ်ားရင္ အဆိပ္အေတာက္ျဖစ္ေစႏုိင္တဲ့အတြက္ လိုအပ္တဲ့ဆဲလ္ေတြကိုပဲ တုိက္ရုိက္ပို႔ေပးႏုိင္ဖို႔ နည္းလမ္းရွာခဲ့ၾကပါတယ္။ အခုေတာ့ ေအာင္ျမင္စြာစမ္းသပ္ႏုိင္ခဲ့ျပီျဖစ္ျပီး ေဘးထြက္ဆိုးက်ိဳးလည္း တတ္ႏုိင္သေလာက္နည္းေအာင္ျပဳလုပ္ႏုိင္ခဲ့ၾကပါတယ္။

သက္ရိွလူေတြမွာ မသန္စြမ္းေတာ့တဲ့ ဆဲလ္အိုေဟာင္းေတြရိွေနခဲ့ရင္ ဒါကိုအသံုးခ်ျပီး လံုးဝဖယ္ထုတ္ႏုိင္မယ္ဆိုေတာ့ အသက္အရြယ္ၾကီးရင့္လာတာေတြ အသက္ၾကီးလာလို႔ျဖစ္တတ္တဲ့ေရာဂါေတြကို ေျဖရွင္းႏုိင္မယ့္နည္းလမ္းေကာင္းအျဖစ္ ရည္ရြယ္စမ္းသပ္ခဲ့ၾကတာပါ။ အနာဂတ္တစ္ခ်ိန္မွာ ျဖစ္လာေတာ့မယ့္ အစေကာင္းတစ္ခုကိုေတာ့ စတင္ႏုိင္ခဲ့ျပီလုိ႔ပဲဆိုရမွာပါ။ စမး္သပ္ခဲ့သူေတြကေတာ့ Lorna Harries (Associate Professor in Molecular Genetics, University of Exeter and Matt Whitman), Professor of Experimental Therapeutic, University of Exeter) တို႔ပဲျဖစ္ပါတယ္။

[Unicode]

မအိုဆေး တွေ့ပြီ

ပြန်လည်နုပျိုနိုင်စွမ်းဆိုတာ လူတော်တော်များများ တောင့်တကြတဲ့အရာတစ်ခုပါ။ နုပျိုချင်လွန်းလို့လည်း ဆေးထိုးကြတာတွေ ခွဲစိတ်ပြုပြင်ကြတာတွေ ဒါတွေခေတ်မကုန်သေးတာပေါ့။ ဒါပေမယ့် အချိန်တန်တော့ ဇရာပြလာတဲ့အချိန်မှာ ဆေးတွေဘာတွေနဲ့လည်း ထိန်းလို့ရမှာမဟုတ်ပါဘူး။ ပြန်လည်နုပျိုအောင်လုပ်ဖို့ဆိုတာ တကယ်တမ်းလက်တွေ့ဘဝနဲ့ အရမ်းကို အလှမ်းဝေးနေပါသေးတယ်။ ဒါပေမယ့်…လူရဲ့ဆဲလ်တွေကို ပြန်လည်နုပျိုတဲ့ဆဲလ်တွေဖြစ်အောင ်ဓာတ်ခွဲခန်းမှာအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါပြီ။

အသက်အရွယ်ရလာတာနဲ့ ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်တွေ ကျဆင်းလာပြီး တစ်ခါတစ်ရံမှာ လူသားတွေခံစားရတဲ့ ဆိုးဝါးတဲ့ ကင်ဆာလိုရောဂါတွေ၊ ဆီးချိုရောဂါတွေ၊ သတိမေ့စိတ်မမှန်တော့တာတွေက အသက်ကြီးလာတာနဲ့ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။
ကျွန်တော်တို့ခန္ဓာကိုယ်ဆဲလ်တွေ တစ်ရှူးတွေ အလုပ်မလုပ်တော့ဘူးဆိုတဲ့နေရာမှာ အကြောင်းရင်းအများကြီးရှိပါတယ်။ ဒါပေမယ့် အိုမင်းရင့်ရော်လာခြင်းမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တစ်ရှူးတွေမှာရှိတဲ့ မသန်စွမ်းတော့တဲ့ဆဲလ်တွေ တဖြည်းဖြည်းစုစည်းများပြားလာခြင်းဆိုတဲ့အကြောင်းရင်းပဲ ရှိပါတယ်။ ဆဲလ်တွေအချိန်ကြာလာတဲ့အခါမှာ မသန်စွမ်းတော့ဘဲ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမလုပ်နိုင်တော့တဲ့အပြင် ဘေးနာမှာရှိတဲ့ဆဲလ်တွေကိုပါ ထိခိုက်စေပါတယ်။
အသက်အရွယ်ရလာတာနဲ့အမျှ ဆဲလ်တွေကပါ ဘာလို့လိုက်ပြီးမသန်စွမ်းတော့တာလဲ?? ဖြစ်နိုင်တာကတော့ DNA က တစ်ဖြည်းဖြည်းယိုယွင်းလာလို့ပဲဖြစ်ပါလိမ့်မယ်။ ဒီစမ်းသပ်ချက်အတွက် အသက်ကြီးတဲ့သူတွေဆီက သွေးနမူနာတွေ မတူညီတဲ့တစ်ရှူးအမျိုးအစားတွေမှာစမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ဒီတော့ အိုမင်းရင့်ရော်တဲ့ဆဲလ်တွေကို ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်အနည်းငယ်ထုတ်ပေးနိုင်တဲ့ ဓာတုပစ္စည်းနဲ့စမ်းသပ်ပြီး ဆဲလ်တွေပြန်လည်နုပျိုလာအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပမာဏအရမ်းများရင် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အတွက် လိုအပ်တဲ့ဆဲလ်တွေကိုပဲ တိုက်ရိုက်ပို့ပေးနိုင်ဖို့ နည်းလမ်းရှာခဲ့ကြပါတယ်။ အခုတော့ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း တတ်နိုင်သလောက်နည်းအောင်ပြုလုပ်နိုင်ခဲ့ကြပါတယ်။

သက်ရှိလူတွေမှာ မသန်စွမ်းတော့တဲ့ ဆဲလ်အိုဟောင်းတွေရှိနေခဲ့ရင် ဒါကိုအသုံးချပြီး လုံးဝဖယ်ထုတ်နိုင်မယ်ဆိုတော့ အသက်အရွယ်ကြီးရင့်လာတာတွေ အသက်ကြီးလာလို့ဖြစ်တတ်တဲ့ရောဂါတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းအဖြစ် ရည်ရွယ်စမ်းသပ်ခဲ့ကြတာပါ။ အနာဂတ်တစ်ချိန်မှာ ဖြစ်လာတော့မယ့် အစကောင်းတစ်ခုကိုတော့ စတင်နိုင်ခဲ့ပြီလို့ပဲဆိုရမှာပါ။ စမ်းသပ်ခဲ့သူတွေကတော့ Lorna Harries (Associate Professor in Molecular Genetics, University of Exeter and Matt Whitman), Professor of Experimental Therapeutic, University of Exeter)

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category