218 Shares 267 Views

Play Store မွာ အခမဲ့ရယူႏိုင္တဲ့  အေကာင္းဆုံး Torrent Apps မ်ား

Aug 13, 2018
218 267

 

[Zawgyi]

Android အတြက္ Torrent App ေကာင္းေကာင္း ရွာေနသူေတြအတြက္ Play Store မွာ အခမဲ့ ရယူႏိုင္တဲ့ အေကာင္းဆုံး Torrent Apps ေတြကို ေဖာ္ျပလိုက္ပါတယ္။ Torrent Client ဟာ ပင္ကိုယ္သဘာဝအရ တရားဝင္ျဖစ္ျပီး၊ အခမဲ့ေပးထားတဲ့ ေဆာ့ဖ္ဝဲ၊ ေဒတာ၊ သီခ်င္းစတာေတြကို တရားဝင္ Download ရယူႏိုင္ပါတယ္။ ဒါေပမယ့္ Copyright ရွိတဲ့ ေဆာ့ဖ္ဝဲ၊ ဂိမ္း၊ ရုပ္ရွင္၊ စာအုပ္ စတာေတြကို Download ရယူမယ္ဆိုရင္ေတာ့ တရားမဝင္ဘူးဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။

၁။ Flud

နာမည္ေက်ာ္နည္းပညာဝဘ္ဆိုဒ္အမ်ားစုက နံပါတ္ ၁ ေနရာေပးထားတဲ့ Torrent App ျဖစ္ျပီး၊ စာေရးသူ အၾကိဳက္ဆုံး Android Torrent App လည္း ျဖစ္ပါတယ္။ အဓိက ခိုက္တာကေတာ့ သူ႕ရဲ႕ ရွင္းလင္းတဲ့ UI ပါ။ သုံးရတာ အရမ္းလြယ္ကူျပီး၊  ၾကည့္ရတာလည္း ရိုးရွင္းပါတယ္။ မသုံးဖူးရင္ သုံးၾကည့္သင့္တဲ့ Torrent App တခုပါ။

Flud ရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့ တခ်ိဳ႕ Torrent App ေတြလို အခမဲ့ဗားရွင္းမွာ Download နဲ႔ Upload speed ကန္႕သတ္ထားတာမ်ိဳး မရွိပါဘူး။ Download folder ေရြးႏိုင္တာ၊ Download လုပ္ေနရင္းနဲ႔ကို ဖိုင္ေတြ ေရႊ႕ႏိုင္တာ၊ Magnet link သုံးႏိုင္တာ၊ Wi-Fi နဲ႕မွပဲ Download လုပ္ခိုင္းႏိုင္တာစတဲ့ စြမ္းေဆာင္ရည္ေတြအျပင္၊ Encrypting, IP Filtering နဲ႔ Proxy support တို႕ ပါဝင္ပါတယ္။ အခမဲ့ဗားရွင္းဆိုရင္ေတာ့ App ေအာက္နားမွာ ေၾကာ္ျငာေလး ေသးေသးေလး ထိုးျပထားမွာပါ။ ေျပာပေလာက္ေအာင္ အာရုံမေနာက္ပါဘူး။ Torrent ျပီးတာနဲ႕ App အလိုလိုပိတ္သြားေအာင္ Power Management ေတြပါ လုပ္ႏိုင္တာေၾကာင့္ ဖုန္းဘက္ထရီကုန္မွာလည္း စိုးရိမ္စရာမလိုပါဘူး။

Flud Download 

၂။ TorrDroid

Search engine တခါတည္းပါတာေၾကာင့္ Torrent file ေတြကို App ထဲမွာတင္ ရွာျပီး၊ ေရြးခ်ယ္ Download လုပ္ႏိုင္မယ့္ Torrent App ျဖစ္ပါတယ္။ Adult content ပါ ရွာခိုင္းတာ၊ Magnet link support ၊ Wi-Fi only mode စတဲ့ အေျခခံ Features ေလးေတြ ပါဝင္ပါတယ္။ Flud လိုေတာ့ အဆင့္ျမင့္ Feature ေတြ မပါဝင္ပါဘူး။ ေနာက္ထပ္ အားနည္းခ်က္တခုကေတာ့ Search results ကို အကန္႕အသတ္နဲ႔ ေဖာ္ျပတာျဖစ္ပါတယ္။ ဒါေပမယ့္ ရိုးရိုးရွင္းရွင္း နဲ႕ Torrent Download လုပ္လို႕ရရင္ ျပီးေရာဆိုတဲ့သူေတြ အၾကိဳက္ေတြ႔မွာပါ။ Torrent search ပါတဲ့ App ေတြထဲမွာ ကိုယ္လိုခ်င္တဲ့ Search results  ကို အေကာင္းဆုံးရွာေပးႏိုင္တဲ့ App လို႔ေတာင္ ေျပာလို႕ရပါတယ္။

TorrDroid Download

၃။ uTorrent

Download အေရအတြက္ သန္း ၁၀၀ ေက်ာ္ရွိတဲ့ နာမည္ၾကီး Torrent client တခုျဖစ္ပါတယ္။ TorrDroid လို Torrent search engine မပါတာေၾကာင့္ Flud လိုပဲ Browser ကေန တခါသြားရွာျပီး၊ Download ျပဳလုပ္ရမွာပါ။ Settings ထဲမွာ Maximum torrent အေရအတြက္ ထားႏိုင္တာ၊ File အမ်ားၾကီးကို Download လုပ္ျပီး၊ Playlist အေနနဲ႔ ဖြင့္ႏိုင္တာ စတာေတြအျပင္ အထက္က Apps ေတြလိုပဲ Features အစုံပါဝင္ပါတယ္။ Media Library နဲ႔ Media Player ပါ တခါတည္းပါဝင္တဲ့အတြက္ ဗီဒီယို၊ အသံဖိုင္ေတြကို ဒီ App နဲ႔တင္ ဖြင့္ႏိုင္ပါတယ္။ အခမဲ့ဗားရွင္းမွာေတာ့ ေၾကာ္ျငာပါျပီး၊ Pro ဆို ႏိုး ေၾကာ္ျငာပါ။ ျပီးေတာ့ Battery Saver တို႔ Auto Shutdown တို႕လို Feature ေတြကို Pro ဗားရွင္း ဝယ္သုံးမွ ရမွာပါ။

uTorrent Download

၄။ FrostWire

Torrent search ပါဝင္တဲ့ ေနာက္ထပ္ Torrent App တခုျဖစ္ပါတယ္။ ဒီဇိုင္းရိုးရွင္းျပီး၊ အေျခခံ Features ေတြ အစုံအလင္ါတယ္။ .torrent file ေကာ magnet link ေကာ Download လုပ္ေပးႏိုင္ျပီး၊ Music player နဲ႔ Media browser လည္း ပါဝင္ပါတယ္။ Player ေတြကေတာ့ သိပ္အၾကိဳက္ေတြ႔မွာ မဟုတ္ပါဘူး။ Torrent search ကေတာ့ TorrDroid ေလာက္ မေကာင္းတဲ့အတြက္ ကိုယ့္ဘာသာ Website ထဲ အရင္ရွာျပီး၊ ဒီ App နဲ႕ Download ျပဳလုပ္တာက ပိုအဆင္ေျပမွာပါ။

FrostWire Download

၅။ BitTorrent

BitTorrent ရဲ႕ တရားဝင္ Android torrent client app ျဖစ္ပါတယ္။ uTorrent နဲ႕ ထုတ္တဲ့ ကုမၸဏီအတူတူပဲ ျဖစ္တာေၾကာင့္ ဒီဇိုင္းကအစ တေထရာတည္း နီးပါးပါပဲ။ အဓိကကြာျခားတာတခုကေတာ့ BitTorrent ကို Torrent ကေန သီခ်င္းျဖန္႔တဲ့ ဂီတပညာရွင္ေတြရဲ႕ သီခ်င္းေတြကို တရားဝင္ Download ရယူဖို႔ အဓိက ထုတ္ထားတာျဖစ္ပါတယ္။ Music Library နဲ႔ Video Library တို႔လည္း ပါဝင္မွာျဖစ္ပါတယ္။ Features ေတြအေနနဲ႕ Wi-Fi Only ထားတာ၊ Storage location ေရြးလို႕ရတာ၊ Torrent protocols အကုန္ သုံးလို႕ရတာ စတဲ့ Feature ေတြ basic features ေတြ ပါဝင္မွာပါ။ Battery Saver တို႔ Auto shutdown တို႕လို Feature ေတြဆိုရင္ Pro ဗားရွင္း ဝယ္သုံးမွ ရပါလိမ့္မယ္။

BitTorrent Download

Ref: Android Authority, FoosBytes

[Unicode]

Play Store မှာ အခမဲ့ရယူနိုင်တဲ့  အကောင်းဆုံး Torrent Apps များ

Android အတွက် Torrent App ကောင်းကောင်း ရှာနေသူတွေအတွက် Play Store မှာ အခမဲ့ ရယူနိုင်တဲ့ အကောင်းဆုံး Torrent Apps တွေကို ဖော်ပြလိုက်ပါတယ်။ Torrent Client ဟာ ပင်ကိုယ်သဘာဝအရ တရားဝင်ဖြစ်ပြီး၊ အခမဲ့ပေးထားတဲ့ ဆော့ဖ်ဝဲ၊ ဒေတာ၊ သီချင်းစတာတွေကို တရားဝင် Download ရယူနိုင်ပါတယ်။ ဒါပေမယ့် Copyright ရှိတဲ့ ဆော့ဖ်ဝဲ၊ ဂိမ်း၊ ရုပ်ရှင်၊ စာအုပ် စတာတွေကို Download ရယူမယ်ဆိုရင်တော့ တရားမဝင်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။

၁။ Flud

နာမည်ကျော်နည်းပညာဝဘ်ဆိုဒ်အများစုက နံပါတ် ၁ နေရာပေးထားတဲ့ Torrent App ဖြစ်ပြီး၊ စာရေးသူ အကြိုက်ဆုံး Android Torrent App လည်း ဖြစ်ပါတယ်။ အဓိက ခိုက်တာကတော့ သူ့ရဲ့ ရှင်းလင်းတဲ့ UI ပါ။ သုံးရတာ အရမ်းလွယ်ကူပြီး၊  ကြည့်ရတာလည်း ရိုးရှင်းပါတယ်။ မသုံးဖူးရင် သုံးကြည့်သင့်တဲ့ Torrent App တခုပါ။

Flud ရဲ့ စွမ်းဆောင်ရည်တွေကတော့ တချို့ Torrent App တွေလို အခမဲ့ဗားရှင်းမှာ Download နဲ့ Upload speed ကန့်သတ်ထားတာမျိုး မရှိပါဘူး။ Download folder ရွေးနိုင်တာ၊ Download လုပ်နေရင်းနဲ့ကို ဖိုင်တွေ ရွှေ့နိုင်တာ၊ Magnet link သုံးနိုင်တာ၊ Wi-Fi နဲ့မှပဲ Download လုပ်ခိုင်းနိုင်တာစတဲ့ စွမ်းဆောင်ရည်တွေအပြင်၊ Encrypting, IP Filtering နဲ့ Proxy support တို့ ပါဝင်ပါတယ်။ အခမဲ့ဗားရှင်းဆိုရင်တော့ App အောက်နားမှာ ကြော်ငြာလေး သေးသေးလေး ထိုးပြထားမှာပါ။ ပြောပလောက်အောင် အာရုံမနောက်ပါဘူး။ Torrent ပြီးတာနဲ့ App အလိုလိုပိတ်သွားအောင် Power Management တွေပါ လုပ်နိုင်တာကြောင့် ဖုန်းဘက်ထရီကုန်မှာလည်း စိုးရိမ်စရာမလိုပါဘူး။

Flud Download 

၂။ TorrDroid

Search engine တခါတည်းပါတာကြောင့် Torrent file တွေကို App ထဲမှာတင် ရှာပြီး၊ ရွေးချယ် Download လုပ်နိုင်မယ့် Torrent App ဖြစ်ပါတယ်။ Adult content ပါ ရှာခိုင်းတာ၊ Magnet link support ၊ Wi-Fi only mode စတဲ့ အခြေခံ Features လေးတွေ ပါဝင်ပါတယ်။ Flud လိုတော့ အဆင့်မြင့် Feature တွေ မပါဝင်ပါဘူး။ နောက်ထပ် အားနည်းချက်တခုကတော့ Search results ကို အကန့်အသတ်နဲ့ ဖော်ပြတာဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း နဲ့ Torrent Download လုပ်လို့ရရင် ပြီးရောဆိုတဲ့သူတွေ အကြိုက်တွေ့မှာပါ။ Torrent search ပါတဲ့ App တွေထဲမှာ ကိုယ်လိုချင်တဲ့ Search results  ကို အကောင်းဆုံးရှာပေးနိုင်တဲ့ App လို့တောင် ပြောလို့ရပါတယ်။

TorrDroid Download

၃။ uTorrent

Download အရေအတွက် သန်း ၁၀၀ ကျော်ရှိတဲ့ နာမည်ကြီး Torrent client တခုဖြစ်ပါတယ်။ TorrDroid လို Torrent search engine မပါတာကြောင့် Flud လိုပဲ Browser ကနေ တခါသွားရှာပြီး၊ Download ပြုလုပ်ရမှာပါ။ Settings ထဲမှာ Maximum torrent အရေအတွက် ထားနိုင်တာ၊ File အများကြီးကို Download လုပ်ပြီး၊ Playlist အနေနဲ့ ဖွင့်နိုင်တာ စတာတွေအပြင် အထက်က Apps တွေလိုပဲ Features အစုံပါဝင်ပါတယ်။ Media Library နဲ့ Media Player ပါ တခါတည်းပါဝင်တဲ့အတွက် ဗီဒီယို၊ အသံဖိုင်တွေကို ဒီ App နဲ့တင် ဖွင့်နိုင်ပါတယ်။ အခမဲ့ဗားရှင်းမှာတော့ ကြော်ငြာပါပြီး၊ Pro ဆို နိုး ကြော်ငြာပါ။ ပြီးတော့ Battery Saver တို့ Auto Shutdown တို့လို Feature တွေကို Pro ဗားရှင်း ဝယ်သုံးမှ ရမှာပါ။

uTorrent Download

၄။ FrostWire

Torrent search ပါဝင်တဲ့ နောက်ထပ် Torrent App တခုဖြစ်ပါတယ်။ ဒီဇိုင်းရိုးရှင်းပြီး၊ အခြေခံ Features တွေ အစုံအလင်ါတယ်။ .torrent file ကော magnet link ကော Download လုပ်ပေးနိုင်ပြီး၊ Music player နဲ့ Media browser လည်း ပါဝင်ပါတယ်။ Player တွေကတော့ သိပ်အကြိုက်တွေ့မှာ မဟုတ်ပါဘူး။ Torrent search ကတော့ TorrDroid လောက် မကောင်းတဲ့အတွက် ကိုယ့်ဘာသာ Website ထဲ အရင်ရှာပြီး၊ ဒီ App နဲ့ Download ပြုလုပ်တာက ပိုအဆင်ပြေမှာပါ။

FrostWire Download

၅။ BitTorrent

BitTorrent ရဲ့ တရားဝင် Android torrent client app ဖြစ်ပါတယ်။ uTorrent နဲ့ ထုတ်တဲ့ ကုမ္ပဏီအတူတူပဲ ဖြစ်တာကြောင့် ဒီဇိုင်းကအစ တထေရာတည်း နီးပါးပါပဲ။ အဓိကကွာခြားတာတခုကတော့ BitTorrent ကို Torrent ကနေ သီချင်းဖြန့်တဲ့ ဂီတပညာရှင်တွေရဲ့ သီချင်းတွေကို တရားဝင် Download ရယူဖို့ အဓိက ထုတ်ထားတာဖြစ်ပါတယ်။ Music Library နဲ့ Video Library တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ Features တွေအနေနဲ့ Wi-Fi Only ထားတာ၊ Storage location ရွေးလို့ရတာ၊ Torrent protocols အကုန် သုံးလို့ရတာ စတဲ့ Feature တွေ basic features တွေ ပါဝင်မှာပါ။ Battery Saver တို့ Auto shutdown တို့လို Feature တွေဆိုရင် Pro ဗားရှင်း ဝယ်သုံးမှ ရပါလိမ့်မယ်။

BitTorrent Download

Ref: Android Authority, FoosBytes

You may be interested

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္
Gadgets, NEWS
0 shares0 views

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္

Ko Thuya - Sep 26, 2018

အေမရိကန္ လူမ်ိဳး ၁၀ ကေန ၈၀ ရာခုိင္ႏႈန္းဟာ ဗီတာမင္ ဒီ အားနည္းေနပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္း နည္းပညာ တကၠသိုလ္၊ အသံုးခ် ဓါတုေဗဒနဲ႔ ပတ္၀န္းက်င္ သိပၸံပညာ ဌာနမွ ပါေမာကၡ ျဖစ္သူ Bansal က ဒီ…

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္
HUBS, Vivo
0 shares0 views

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္

Creepy Tyler - Sep 26, 2018

ရန္ကုန္၊ ျမန္မာ၊ စက္တင္ဘာ ၂၅၊ ၂၀၁၈ - Vivo မွ ၎၏ထုတ္ကုန္သစ္ျဖစ္သည့္ ဆန္းသစ္ေသာ Vivo V11 စမတ္ဖုုန္း ကို ယေန႔တြင္ ျမန္မာႏိုင္ငံတြင္ မိတ္ဆက္ခဲ့သည္။ နာမည္ေက်ာ္ လူၾကိဳက္မ်ားေသာ V အမ်ိဳးအစား စမတ္ဖုန္းမ်ား စာရင္းဝင္ ဤ ဥာဏ္ရည္တု AI…

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို…

Leave a Comment

Most from this category