381 Shares 205 Views

အောက်တိုဘာ၁ရက်နေ့မှာထွက်လာနိုင်မယ့် Intel 9th-generation 8-cores Processor များ

Aug 13, 2018
381 205

[Zawgyi]






[Unicode]

Intel ကတော့ သူ့ရဲ့ 9th-generation processor တွေကို အောက်တိုဘာလမှာမိတ်ဆက်မယ်လို့ သတင်းတွေထွက်နေပါတယ်။ Intel ရဲ့ 10nm Cannon Lake Chips တွေကလည်း ၂၀၁၉ မတိုင်ခင်ထိရွှေ့ဆိုင်းလိုက်တဲ့အတွက် ဒီတစ်ခေါက်ထွက်လာမှာကတော့ ရှိပြီးသား 14nm process ကိုပဲ အခြေခံပြီး အဆင့်မြှင့်ထားမယ့် chip တွေဖြစ်ဖို့များပါတယ်။ Wccftech ကတော့ အောက်တိုဘာလ ၁ရက်နေ့မှာ Intel ကသူ့ရဲ့ Core i9, i7 နဲ့ i5 chip အသစ်တွေကို 9th-generation processor တွေအဖြစ်မိတ်ဆက်သွားမယ်လို့ ဆိုထားပါတယ်။

အဓိက Flagship processor ဖြစ်တဲ့ Intel Core i9-9900K ကိုတော့ 8-core, 16 thread နဲ့လာမယ်လို့မျှော်လင့်ရပါတယ်။ ထွက်ထားတဲ့သတင်းတွေအတိုင်းဆိုရင်တော့ ပထမဆုံး Core i9 desktop processor ဖြစ်နိုင်ပြီး L3 cache 16MB နဲ့ Intel ရဲ့ UHD 620 graphics chip တွေကို အသုံးပြုထားမယ်ထင်ပါတယ်။ Intel ရဲ့ 9th-generation Core i7 Processor တွေကိုတော့ 8-cores 8-threads, Core i5 တွေကိုတော့ 6cores 6threads နဲ့ထွက်ရှိလာနိုင်မယ်လို့ မှန်းရပါတယ်။

Image result for tel’s 9th generation processors 8 core

Intel အနေနဲ့ overclock လုပ်လို့ရမယ့် ပရိုဆက်ဆာတွေကို ထုတ်လုပ်မယ်ဆိုထားတဲ့အတွက် နောက်နှစ်အစောပိုင်းလောက်မှာတော့ 9th-generation processor တွေ ထပ်ထွက်လာနိုင်လောက်ပါတယ်။ တကယ်လို့ အောက်တိုဘာလ ၁ရက်နေ့မှာမိတ်ဆက်မယ်ဆိုတာသာမှန်ရင် ဒီနှစ်ကုန်ပိုင်းမှာထွက်လာမယ့် device တွေမှာ ဒီ processor တွေမြင်ရမှာပါ။  Intel ရဲ့နောက်ဆုံး Processor တွေက ဂိမ်းပိုင်းနဲ့ တခြား task တွေမှာ AMD ရဲ့ Ryzen chip တွေနဲ့ဘယ်လိုယှဉ်နိုင်လဲဆိုတာကတော့ ထွက်လာမယ့်အချိန်ကိုပဲ ရင်ခုန်ရင်းစောင့်ရမှာပါပဲ။

You may be interested

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

Ko Thuya - Nov 12, 2018

ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်

Ko Thuya - Nov 12, 2018

ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ

Ko Thuya - Nov 12, 2018

Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…

Leave a Comment

Most from this category