0 Shares 239 Views
Mate 20 စီးရီးရဲ့ ဈေးအသက်သာဆုံးဖြစ်လာမယ့် Mate 20 Lite
Aug 13, 2018
0 239
[Zawgyi]
[Unicode]
Huawei ဖုန်းတွေ Notch တွေနဲ့ တန်းစီပြီးထွက်လာတာ အဆန်းတောင်မဟုတ်တော့ဘူးလို့ပြောရပါမယ်။ မကြာသေးခင်ကပဲ Nova 3i (Midrange) ဖုန်းကိုထုတ်ခဲ့ပြီးတော့  သူ့ရဲ့ Notch ကတော့ Flagship P20 စီးရီးတွေရဲ့ Notch ထက် နည်းနည်းလေးပိုကျယ်လာပါတယ်။ အခုတော့ P စီးရီးတင်မကဘဲ Mate 20 စီးရီးတွေမှာပါ notch ကိုသုံးလာဖို့စဉ်းစားနေတဲ့ပုံပါ။ ဆိုတော့ လာမယ့် Mate စီးရီးထဲက အနည်းဆုံး ၁လုံးမှာတော့ Notch ပါလာနိုင်ဖို့ များပါတယ်။
Huawei Mate 20 Lite shows its notch in first press renders
အခုလည်းထွက်လာတဲ့ပုံတွေအတိုင်းဆို Huawei Mate 20 Lite မှာ Notch ပါဖို့သေချာသလောက်ရှိနေပါပြီ။ Mate 20 စီးရီးထဲမှာ ဈေးအနည်းဆုံးဆိုပေမယ့် Nova 3i ထက်တော့ စေးျပိုကြီးမှာပါ။
ပြောနေကြသလောက်ကတော့ Mate 20 Lite ရဲ့ဈေးနှုန်းက ယူရို ၄၀၀ လောက်တောင်ရှိတယ်ဆိုတာပါပဲ။ ဒါပေမယ့် nova 3i နဲ့ယှဉ်လိုက်ရင် Specs တွေက ပိုမြင့်တော့ ဈေးပိုကြီးတာ သိပ်မဆန်းပါဘူး။ ဒီ Lite ဗားရှင်းမှာတော့ 6.3-inch LCD display, 2340 x 1080p resolution နဲ့ဖြစ်ပြီး 2.2 GHz octa-core Kirin 710 processor ကိုသုံးထားပါတယ်။ RAM 6GB, Internal Storage 64GB နဲ့ထွက်လာမယ်လို့သိရပါတယ်။
Huawei Mate 20 LiteHuawei Mate 20 LiteHuawei Mate 20 Lite
ဒီ Mate 20 Lite တွေမှာလည်း ကင်မရာ ရှေ့၂လုံး နောက်၂လုံး စုစုပေါင်း ကင်မရာ ၄လုံးနဲ့လာဦးမှာပါ။ နောက်ဘက် dual-camera ကတော့ 20MP+2MP ဖြစ်ပြီး ရှေ့ဘက်ဆယ်လ်ဖီကင်မရာကတော့ 24MP+2MP ပါ။ Android 8.0 Oreo နဲ့ထွက်လာမှာဖြစ်ပြီး ဘက်ထရီပမာဏကောတ့ 3,650mAh လို့သိရပါတယ်။
အလယ်အလတ်စားလောက်လို့ ပြောရမယ့် Huawei Mate 20 Lite ကိုတော့ ရှေ့နောက် ဖန်ကိုယ်ထည် သတ္ထုဘေးဘောင်တွေကွပ်ထားတဲ့ဒီဇိုင်းနဲ့ ထွက်ရှိလာမှာဖြစ်ပြီး အနက်ရောင်၊ရွှေရောင် (တခြားအရောင်တွေလည်းထပ်လာနိုင်ပါတယ်။) ရွေးလို့ရနိုင်မှာပါ။ သြဂုတ်လမကုန်ခင်လောက်မှာထွက်လာနိုင်ပြီး ဈေးနှုန်းကတော့ ယူရို ၄၀၀/ ကန်ဒေါ်လာ၄၀၀ လောက်ရှိမှာဖြစ်ပါတယ်။
You may be interested
Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views
Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Ko Thuya - Apr 21, 2019
Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…
EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views
EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Ko Thuya - Apr 21, 2019
Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…
F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views
F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Ko Thuya - Apr 21, 2019
မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…
Leave a Comment
Most from this category