0 Shares 107 Views

ဆန်ဘာနာဒီနိုအကြမ်းဖက်မှု တရားခံရဲ့ဖုန်းကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ဒေါ်လာတစ်သန်းကျော် FBI ကုန်ကျခဲ့

Apr 23, 2016
0 107

နောက်ဆုံးတော့ iPhone တစ်လုံးကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ဒေါ်လာတစ်သန်းကျော်ကုန်ကျနိုင်တယ်ဆိုတာ FBI ကထုတ်ဖော်လိုက်ပါပြီ။ ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) ဟာ အမေရိကန်ပြည်ထောင်စု၊ ဆန်ဘာနာဒီနိုမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတရားခံရဲ့ iPhone ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့အတွက် ဒေါ်လာတစ်သန်းကျော်ကုန်ကျခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ FBI ရဲ့ ဒါရိုက်တာဖြစ်သူ James Comey ရဲ့ပြောကြားချက်ကနေတစ်ဆင့်သိရတာပါ။

Comey က သူတို့အနေနဲ့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ချိုးဖောက်ဝင်ရောက်မှုလုပ်ငန်းကို လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ Comey ကဒီဖုန်းကိုချိုးဖောက်နိုင်ဖို့အတွက် သူ့လစာခုနှစ်နှစ်စာလောက်ရင်းခဲ့ရတယ်လို့ ဆိုခဲ့တာဖြစ်လို့ သူ့ရဲ့တစ်နှစ်လစာ ဒေါ်လာ ၁၈၃၃၀၀ ကို ၇နဲ့မြှောက်ပြီး မီဒီယာတွေက iPhone ကိုချိုးဖောက်ဝင်ရောက်တဲ့ စရိတ်အဖြစ်နဲ့ ရေးသားဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ တရားခံရဲ့ iPhone 5c ဟာ iOS 9 OS ဗားရှင်းပေါ်အခြေခံထားတာဖြစ်တယ်လို့ သိရပါတယ်။

iPhone 5c 1

iPhone 5c

လေ့လာသုတေသနတွေအရ အမေရိကန်ပြည်ထောင်စုက iPhone အားလုံးရဲ့ ၈၀ရာခိုင်နှုန်းကျော်ဖြစ်တဲ့ အလုံးရေပေါင်း ၁၆သန်းနီးပါးဟာ iOS 9 Software ကိုအခြေခံပြီး အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုချိုးဖောက်ဝင်ရောက်မှုကို အမေရိကန်ပြည်သူတွေကဆန့်ကျင်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ လုံခြုံရေးအတွက် ထိခိုက်စေတယ်လို့ ဆိုခဲ့ကြပါတယ်။ Apple ကလည်း ဒီဖုန်းရဲ့ Lock ကိုဖြည်ပေးဖို့ တရားရုံးက ဆုံးဖြတ်ရာမှာ ငြင်းဆန်ခဲ့လို့ FBI နဲ့ Apple အကြားတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ FBI က ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုရဲ့ အကူအညီကိုရယူပြီး ချိုးဖောက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သတင်းထူးထူးခြားခြားထပ်မံထွက်ပေါ်ခဲ့ခြင်းမရှိပဲ ယခုအခါမှ FBI က iPhone ကိုချိုးဖောက်ဖို့ ကုန်ကျခဲ့တဲ့စရိတ်သတင်းတွေထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စု၊ ဆန်ဘာနာဒီနိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူ၁၄ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

Ref: BBC

You may be interested

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်

Ko Thuya - Apr 25, 2018

HMD Global က ယခုလ ၂၇ ရက်နေ့မှာ တရုတ်တွင် ပွဲတစ်ခု ကျင်းပ၍ စမတ်ဖုန်း အသစ်ကို မိတ်ဆက်မှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ၂၀၁၄ ခုနှစ်ထွက် Nokia X သို့မဟုတ် စွမ်းဆောင်ရည်မြင့် Nokia…

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ
Audio & Video, FEATURES, Mobile & Tablets
206 shares177 views

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ

Ko Thuya - Apr 24, 2018

သင့်ရဲ့ Android Device ကို ကားစတီရီယို စနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ သင့် ကားစတီရီယိုမှာ ပါတဲ့ စွမ်းဆောင်ချက် အပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ပါ။ ကားရဲ့ အသံစနစ်နဲ့ သင့် Android ကို…

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်
Games, NEWS
321 shares62 views

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်

Nwe Oo Thant - Apr 24, 2018

[Zawgyi] Fortnite ဂိမ်းဆိုတာကတော့ နာမည်ကြီး free ဂိမ်းတစ်ခုဖြစ်ပြီး ကလေးတွေကျောင်းပြေးဂိမ်းဆော့လွန်းလို့ ဆရာတွေမိဘတွေ ကျောင်းတွေကို တော်တော်စိတ်ရှုပ်စေခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် အခု ကလေးတွေကျောင်းမှာဖင်မြဲနိုင်မယ့် Fortnite ရဲ့အားသာချက်လေးတစ်ခုရှိလာပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က Ashland အိုဟိုင်းယိုးမှာရှိတဲ့ Ashland တက္ကသိုလ်က ဒီ Fortnite…

Leave a Comment

Most from this category