436 Shares 106 Views

Under-Display Fingerprint Scanner မ်ားရဲ႕ ေရာင္းအားဟာ ၂၀၁၉ ခုႏွစ္မွာ သန္း ၁၀၀ ရွိမည္

Aug 13, 2018
436 106

Bezel-less Phone Design မ်ားကို ဖန္တီးဖုိ႔အတြက္ Physical Buttons မ်ား၊ လက္ေဗြရာ အာရံုခံ ကိရိယာမ်ားကို ဖယ္ရွားလာၾကပါတယ္။ အဲဒီအတြက္ လက္ေဗြရာ အာရံုခံ ကိရိယာမ်ားကို မ်က္ႏွာျပင္ေအာက္မွာ ထည့္သြင္းနိုင္တဲ့ နည္းပညာမ်ားကို ဖန္တီးလာၾကပါတယ္။

အခုေတာ့ Sigmaintell ရဲ႕ စစ္တမ္းအရ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာမ်ားရဲ႕ ေရာင္းအားဟာ ၂၀၁၈ ခုႏွစ္အကုန္မွာ ၄၂ သန္း ရွိလာၿပီး ၂၀၁၉ ခုႏွစ္မွာ သန္း ၁၀၀ အထိ ရွိလာမယ္လို႔ သိရပါတယ္။ အဲဒီ နည္းပညာ ထည့္သြင္းထားတဲ့ ပထမဆံုး စမတ္ဖုန္းကေတာ့ Vivo ရဲ႕ X20 Plus UD ျဖစ္ၿပီး သူ႔ေနာက္မွာ X21 UD, Xiaomi Mi 8 Explorer နဲ႔ ဖုန္းအခ်ိဳ႕မွာ ပါလာၾကပါတယ္။

အဲဒီ နည္းပညာ အသစ္မွာ Optical Scanner သို႔မဟုတ္ Ultrasonic Scanner မ်ားကို အသံုးျပဳထားၾကပါတယ္။ ဥပမာအားျဖင့္ Vivo က Optical Scanner ကို အသံုးျပဳထားပါတယ္။ ဒီနည္းပညာမွာ စကရင္က အလင္းေရာင္ကို ထုတ္လႊင့္ေပးၿပီး ဆန္ဆာက ပံုရိပ္ကို အာရံုခံပါတယ္။ Ultrasonic Scanner မ်ားဟာ ပိုမို တန္ဖိုးႀကီးမားပါတယ္။ ဒီနည္းပညာမွာ လိႈင္းမ်ားကို လက္ေဗြရာသို႔ ေစလႊတ္ၿပီး ျပန္လာတဲ့ လိႈင္းမ်ားကို အာရံုခံပါတယ္။

Optical Scanner မ်ားက Ultrasonic Scanner မ်ားထက္ ေစ်းႏႈန္း ႀကီးမားပါတယ္။ အဲဒီအတြက္ ဖုန္း ကုမၸဏီမ်ားက Optical Scanner မ်ားကို အဓိက အသံုးျပဳၾကပါတယ္။ ဒါေပမယ့္ Ultrasonic Scanner မ်ားကို ေတာင္ကိုရီးယား ကုမၸဏီမ်ား ျဖစ္တဲ့ Samsung နဲ LG တို႔က အမ်ားစု အသံုးျပဳၾကမယ္လို႔ စစ္တမ္းက တြက္ဆထားပါတယ္။ ေနာက္ထုတ္မယ့္ Samsung Galaxy S10 , Note 10 နဲ႔ A Series မ်ားမွာ အဲဒီ ဆန္ဆာမ်ားကို အသံုးျပဳထားမယ္လို႔ သတင္းထြက္ေနပါတယ္။

unicode

In-Display Fingerprint Scanner များရဲ့ ရောင်းအားဟာ ၂၀၁၉ ခုနှစ်မှာ သန်း ၁၀၀ ရှိမည်

Bezel-less Phone Design များကို ဖန်တီးဖို့အတွက် Physical Buttons များ၊ လက်ဗွေရာ အာရုံခံ ကိရိယာများကို ဖယ်ရှားလာကြပါတယ်။ အဲဒီအတွက် လက်ဗွေရာ အာရုံခံ ကိရိယာများကို မျက်နှာပြင်အောက်မှာ ထည့်သွင်းနိုင်တဲ့ နည်းပညာများကို ဖန်တီးလာကြပါတယ်။

အခုတော့ Sigmaintell ရဲ့ စစ်တမ်းအရ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာများရဲ့ ရောင်းအားဟာ ၂၀၁၈ ခုနှစ်အကုန်မှာ ၄၂ သန်း ရှိလာပြီး ၂၀၁၉ ခုနှစ်မှာ သန်း ၁၀၀ အထိ ရှိလာမယ်လို့ သိရပါတယ်။ အဲဒီ နည်းပညာ ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်းကတော့ Vivo ရဲ့ X20 Plus UD ဖြစ်ပြီး သူ့နောက်မှာ X21 UD, Xiaomi Mi 8 Explorer နဲ့ ဖုန်းအချို့မှာ ပါလာကြပါတယ်။

အဲဒီ နည်းပညာ အသစ်မှာ Optical Scanner သို့မဟုတ် Ultrasonic Scanner များကို အသုံးပြုထားကြပါတယ်။ ဥပမာအားဖြင့် Vivo က Optical Scanner ကို အသုံးပြုထားပါတယ်။ ဒီနည်းပညာမှာ စကရင်က အလင်းရောင်ကို ထုတ်လွှင့်ပေးပြီး ဆန်ဆာက ပုံရိပ်ကို အာရုံခံပါတယ်။ Ultrasonic Scanner များဟာ ပိုမို တန်ဖိုးကြီးမားပါတယ်။ ဒီနည်းပညာမှာ လှိုင်းများကို လက်ဗွေရာသို့ စေလွှတ်ပြီး ပြန်လာတဲ့ လှိုင်းများကို အာရုံခံပါတယ်။

Optical Scanner များက Ultrasonic Scanner များထက် ဈေးနှုန်း ကြီးမားပါတယ်။ အဲဒီအတွက် ဖုန်း ကုမ္ပဏီများက Optical Scanner များကို အဓိက အသုံးပြုကြပါတယ်။ ဒါပေမယ့် Ultrasonic Scanner များကို တောင်ကိုရီးယား ကုမ္ပဏီများ ဖြစ်တဲ့ Samsung နဲ LG တို့က အများစု အသုံးပြုကြမယ်လို့ စစ်တမ်းက တွက်ဆထားပါတယ်။ နောက်ထုတ်မယ့် Samsung Galaxy S10 , Note 10 နဲ့ A Series များမှာ အဲဒီ ဆန်ဆာများကို အသုံးပြုထားမယ်လို့ သတင်းထွက်နေပါတယ်။

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category