0 Shares 134 Views

Xiaomi က Pocophone F1 မွာ Snapdragon 845 ပါမယ္လို႔ အတည္ျပဳ

Aug 13, 2018
0 134

လြန္ခဲ့တဲ့ ရက္ပိုင္းက ေရွာင္မီက အိႏၵိယမွာ သူ႔ရဲ႕ Sub-Brand ျဖစ္တဲ့ POCO ရဲ႕ ထုတ္ကုန္မ်ားကို ေရာင္းခ်မယ္လို႔ အတည္ျပဳခဲ့ပါတယ္။ လတ္တေလာ သတင္းထြက္ေနတာက Pocophone F1 အမည္ရ စမတ္ဖုန္း ျဖစ္ပါတယ္။ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားလည္း ယခင္ကတည္းက ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူဟာ Snapdragon 845 Chipset ထည့္သြင္းထားတဲ့ ဖုန္းေတြထဲမွာ ေစ်းအသက္သာဆံုးျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

PocoPhone Global Facebook Page ကိုလည္း ဖန္တီးထားၿပီျဖစ္ၿပီး Snapdragon 845 ထည့္သြင္းထားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ သူဟာ စြမ္းေဆာင္ရည္ အလြန္ေကာင္းေအာင္ ဖန္တီးထားတဲ့ စမတ္ဖုန္ုး ျဖစ္တယ္လို႔ ေရွာင္မီက မၾကာခဏ ေျပာေနပါတယ္။ Pocophone F1 ကို ဥေရာပနဲ အိႏၵိယမွာ ေရာင္းခ်မွာ ေသခ်ာေနပါတယ္။ မၾကာခင္ကလည္း သူတို႔ရဲ႕ Storage ၊ RAM နဲ႔ အေရာင္မ်ားဟာလည္း မၾကာခင္က ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။

သူ႔ကို 6GB/64GB , 6GB/128GB နဲ 8GB/256GB Model မ်ား ထုတ္လုပ္ထားမယ္လို႔ သိရပါတယ္။ အနီ၊ အညိဳ၊ အျပာေရာင္မ်ား ထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ ယခင္ကလည္း သူ႔ရဲ႕ ဘူးခြံနဲ႔ ဓါတ္ပံုမ်ား ထြက္ေပၚခဲ့ဖူးပါတယ္။ အေရွ႕ဘက္ကို ျပတ္သားစြာ ရိုက္ကူးထားတဲ့ ဓါတ္ပံုက Snapdragon 845 အတြက္ Liquid Cooling System ကို ထည့္သြင္းထားမယ္လို႔ အတည္ျပဳထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုးကို ေဒါင္လိုက္ တပ္ဆင္ထားၿပီး ဓါတ္ပံုတစ္ခုမွာ 4000mAh Battery ကို ျပသထားပါတယ္။

ဓါတ္ပံုမ်ားအရ သူ႔ရဲ႕ အေနာက္ဘက္မွာ 12MP Camera နဲ႔အတူ သတင္းအခ်က္အလက္မ်ား ပိုမို ဖမ္းယူႏုိင္ဖို႔ အပို 5MP Camera တစ္လံုး ပါပါတယ္။ အေရွ႕ဘက္မွာ Super Pixel နည္းပညာပါတဲ့ 20MP Camera တစ္လံုး ပါပါတယ္။ သူဟာ တစ္နည္းအားျဖင့္ Pixel Binning နည္းပညာ ျဖစ္ပါတယ္။

အေနာက္ဘက္ကို အလူမီနီယမ္ ကိုယ္ထည္ျဖင့္ ဖန္တီးထားတဲ့အတြက္ ႀကိဳးမဲ့အားသြင္း စနစ္ေတာ့ မပါႏုိင္ပါဘူး။ ေအာက္ေျခမွာ စပီကာေပါက္မ်ား၊ USB-C Port ကို ျမင္ရပါတယ္။ နားၾကပ္ေပါက္ကို အထက္မွာ တပ္ဆင္ထားပါတယ္။ အေနာက္ကင္မရာမ်ားရဲ႕ ေအာက္မွာ လက္ေဗြရာ ကိရိယာကို ျမင္ရပါတယ္။ အရြယ္အစားႀကီးမားတဲ့ Notch ပါလာပါတယ္။ အဆင့္ျမင့္ 3D Face Recognition နည္းပညာေတာ့ မပါလာဘဲ Flash တစ္ခုသာ အေရွ႕ဘက္မွာ တပ္ဆင္ထားပါတယ္။

Ref : gsmarena

unicode

Xiaomi က Pocophone F1 မှာ Snapdragon 845 ပါမယ်လို့ အတည်ပြု

လွန်ခဲ့တဲ့ ရက်ပိုင်းက ရှောင်မီက အိန္ဒိယမှာ သူ့ရဲ့ Sub-Brand ဖြစ်တဲ့ POCO ရဲ့ ထုတ်ကုန်များကို ရောင်းချမယ်လို့ အတည်ပြုခဲ့ပါတယ်။ လတ်တလော သတင်းထွက်နေတာက Pocophone F1 အမည်ရ စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များလည်း ယခင်ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူဟာ Snapdragon 845 Chipset ထည့်သွင်းထားတဲ့ ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

PocoPhone Global Facebook Page ကိုလည်း ဖန်တီးထားပြီဖြစ်ပြီး Snapdragon 845 ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူဟာ စွမ်းဆောင်ရည် အလွန်ကောင်းအောင် ဖန်တီးထားတဲ့ စမတ်ဖုန်ုး ဖြစ်တယ်လို့ ရှောင်မီက မကြာခဏ ပြောနေပါတယ်။ Pocophone F1 ကို ဥရောပနဲ အိန္ဒိယမှာ ရောင်းချမှာ သေချာနေပါတယ်။ မကြာခင်ကလည်း သူတို့ရဲ့ Storage ၊ RAM နဲ့ အရောင်များဟာလည်း မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။

သူ့ကို 6GB/64GB , 6GB/128GB နဲ 8GB/256GB Model များ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ အနီ၊ အညို၊ အပြာရောင်များ ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ ယခင်ကလည်း သူ့ရဲ့ ဘူးခွံနဲ့ ဓါတ်ပုံများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အရှေ့ဘက်ကို ပြတ်သားစွာ ရိုက်ကူးထားတဲ့ ဓါတ်ပုံက Snapdragon 845 အတွက် Liquid Cooling System ကို ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး ဓါတ်ပုံတစ်ခုမှာ 4000mAh Battery ကို ပြသထားပါတယ်။

ဓါတ်ပုံများအရ သူ့ရဲ့ အနောက်ဘက်မှာ 12MP Camera နဲ့အတူ သတင်းအချက်အလက်များ ပိုမို ဖမ်းယူနိုင်ဖို့ အပို 5MP Camera တစ်လုံး ပါပါတယ်။ အရှေ့ဘက်မှာ Super Pixel နည်းပညာပါတဲ့ 20MP Camera တစ်လုံး ပါပါတယ်။ သူဟာ တစ်နည်းအားဖြင့် Pixel Binning နည်းပညာ ဖြစ်ပါတယ်။

အနောက်ဘက်ကို အလူမီနီယမ် ကိုယ်ထည်ဖြင့် ဖန်တီးထားတဲ့အတွက် ကြိုးမဲ့အားသွင်း စနစ်တော့ မပါနိုင်ပါဘူး။ အောက်ခြေမှာ စပီကာပေါက်များ၊ USB-C Port ကို မြင်ရပါတယ်။ နားကြပ်ပေါက်ကို အထက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာများရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာကို မြင်ရပါတယ်။ အရွယ်အစားကြီးမားတဲ့ Notch ပါလာပါတယ်။ အဆင့်မြင့် 3D Face Recognition နည်းပညာတော့ မပါလာဘဲ Flash တစ်ခုသာ အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category