သင္ ေရငုပ္တဲ့ေနာက္ တေကာက္ေကာက္လိုက္ၿပီး ဗီဒီယို ရိုက္ေပးမယ့္ Drone
ေရေအာက္သံုး စက္ရုပ္မ်ားကို သုေတသနနယ္ပယ္နဲ႔ ရွာေဖြကယ္ဆယ္ေရး နယ္ပယ္မ်ားမွာသာ အသံုးျပဳေနၾကပါတယ္။ အခုေတာ့ အေပ်ာ္တမ္းသံုး ေရေအာက္ ဒရုန္းတစ္ခုကို တရုတ္ အေျခစိုက္ Youcan Robot က ဖန္တီးလိုက္ပါတယ္။ သူ႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔ Kickstarter ၀က္ဆိုက္မွာ ရန္ပံုေငြ ေကာက္ခံေနပါတယ္။ အေျခခံ ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းဟာ ၆၅၉ ေဒၚလာ ျဖစ္ၿပီး ဒီထက္ေစ်းျမင့္တဲ့ ေမာ္ဒယ္မွာေတာ့ Accessory မ်ား ပါရွိပါတယ္။ ေအာက္တိုဘာလမွာ ေရာင္းေပးမွာပါ။
သူ႔ကို စမတ္ဖုန္း၊ တက္ဘလက္မ်ားကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ သူ႔မွာ အဆင့့္ျမင့္ အာရံုခံ စနစ္ပါတဲ့အတြက္ သင္ ေရငုပ္တဲ့ေနာက္ကို အလိုအေလွ်ာက္ တေကာက္ေကာက္လိုက္ၿပီး ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ား ရိုက္ကူးႏုိင္ပါတယ္။ ရုပ္ေသဓါတ္ပံုမ်ားအတြက္ေတာ့ 12MP နဲ႔ ဗီဒီယိုမ်ားအတြက္ 4K Video မ်ားကို ရိုက္ကူးေပးပါတယ္။
သူ႔မွာ အင္တာနက္ ရရွိေစဖုိ႔အတြက္ ေျမျပင္ေပၚမွ WiFi Moduel နဲ႔ ႀကိဳးျဖင့္ ခ်ိတ္ဆက္ေပးထားပါတယ္။ သူက ေရေအာက္မွ အလင္းေရာင္ ရရွိမႈ အေပၚမူတည္ၿပီး ဓါတ္ပံု၊ ဗီဒီယိုမ်ားအတြက္ Flash ရဲ႕ အလင္းေရာင္ကို အလိုအေလွ်ာက္ ခ်ိန္ညွိေပးပါတယ္။ ေရအနက္ထဲသြားရင္ သဘာ၀ အလင္းေရာင္ ရရွိမႈ နည္းသြားပါတယ္။ အဲဒါဆိုရင္ သူက Flash ရဲ႕ အလင္းေရာင္ကို တိုးျမွင့္ေပးပါတယ္။
တီထြင္သူမ်ားက “ BW-Space Underwater Drone ဟာ Youcan Robot Team ရဲ႕ ဒုတိယ မ်ိဳးဆက္ ထုတ္ကုန္ ျဖစ္ပါတယ္။ သူဟာ ဥာဏ္ရည္ျမင့္ အာရံုခံ စနစ္ပါတဲ့ ကမာၻ႕ ပထမဆံုး ေရေအာက္သံုး ဒရုန္း ျဖစ္ပါတယ္။ ေရေအာက္ထဲမွာ သူ႔ကို လက္နဲ႔ ကိုင္ၿပီး ထိန္းခ်ဳပ္စရာ လံုး၀ မလိုပါဘူး။ “ လို႔ ေျပာပါတယ္။
Ref : digitaltrends
unicode
သင် ရေငုပ်တဲ့နောက် တကောက်ကောက်လိုက်ပြီး ဗီဒီယို ရိုက်ပေးမယ့် Drone
ရေအောက်သုံး စက်ရုပ်များကို သုတေသနနယ်ပယ်နဲ့ ရှာဖွေကယ်ဆယ်ရေး နယ်ပယ်များမှာသာ အသုံးပြုနေကြပါတယ်။ အခုတော့ အပျော်တမ်းသုံး ရေအောက် ဒရုန်းတစ်ခုကို တရုတ် အခြေစိုက် Youcan Robot က ဖန်တီးလိုက်ပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ဝက်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ အခြေခံ မော်ဒယ်ရဲ့ ဈေးနှုန်းဟာ ၆၅၉ ဒေါ်လာ ဖြစ်ပြီး ဒီထက်ဈေးမြင့်တဲ့ မော်ဒယ်မှာတော့ Accessory များ ပါရှိပါတယ်။ အောက်တိုဘာလမှာ ရောင်းပေးမှာပါ။
သူ့ကို စမတ်ဖုန်း၊ တက်ဘလက်များကနေ ထိန်းချုပ်နိုင်ပါတယ်။ သူ့မှာ အဆင့်မြင့် အာရုံခံ စနစ်ပါတဲ့အတွက် သင် ရေငုပ်တဲ့နောက်ကို အလိုအလျှောက် တကောက်ကောက်လိုက်ပြီး ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးနိုင်ပါတယ်။ ရုပ်သေဓါတ်ပုံများအတွက်တော့ 12MP နဲ့ ဗီဒီယိုများအတွက် 4K Video များကို ရိုက်ကူးပေးပါတယ်။
သူ့မှာ အင်တာနက် ရရှိစေဖို့အတွက် မြေပြင်ပေါ်မှ WiFi Moduel နဲ့ ကြိုးဖြင့် ချိတ်ဆက်ပေးထားပါတယ်။ သူက ရေအောက်မှ အလင်းရောင် ရရှိမှု အပေါ်မူတည်ပြီး ဓါတ်ပုံ၊ ဗီဒီယိုများအတွက် Flash ရဲ့ အလင်းရောင်ကို အလိုအလျှောက် ချိန်ညှိပေးပါတယ်။ ရေအနက်ထဲသွားရင် သဘာ၀ အလင်းရောင် ရရှိမှု နည်းသွားပါတယ်။ အဲဒါဆိုရင် သူက Flash ရဲ့ အလင်းရောင်ကို တိုးမြှင့်ပေးပါတယ်။
တီထွင်သူများက “ BW-Space Underwater Drone ဟာ Youcan Robot Team ရဲ့ ဒုတိယ မျိုးဆက် ထုတ်ကုန် ဖြစ်ပါတယ်။ သူဟာ ဉာဏ်ရည်မြင့် အာရုံခံ စနစ်ပါတဲ့ ကမ္ဘာ့ ပထမဆုံး ရေအောက်သုံး ဒရုန်း ဖြစ်ပါတယ်။ ရေအောက်ထဲမှာ သူ့ကို လက်နဲ့ ကိုင်ပြီး ထိန်းချုပ်စရာ လုံး၀ မလိုပါဘူး။ “ လို့ ပြောပါတယ်။
Ref : digitaltrends
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ႕ Teaser မ်ားကို ၿပီးခဲ့တဲ့ တစ္ပတ္ကတည္းက စတင္ မွ်ေ၀ေနပါတယ္။ အခုေတာ့ ကုမၸဏီက မတ္လ ၅ ရက္ေန႔မွာ သူ႔ကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ ကုမၸဏီက သူ႔မွာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Ko Thuya - Feb 23, 2019ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
Ko Thuya - Feb 23, 2019သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…
Leave a Comment
You must be logged in to post a comment.