4192 Shares 24860 Views
Aug 12, 2018
4192 24860
Ref :gsmarena
unicode
Galaxy Note 9 ကို လှောင်ပြောင်လိုက်တဲ့ Huawei
လွန်ခဲ့တဲ့ ၂ ရက်က Samsung က သူ့ရဲ့ စွမ်းရည်မြင့် Galaxy Note 9 ကို ကြေညာခဲ့ပါတယ်။ Note 9 ဟာ Note 8 ထက် အနည်းငယ်သာ တိုးတက်လာတယ်လို့လည်း ဝေဖန်သံများ ရှိနေပါတယ်။ Note 9 မှာ ဘက်ထရီနဲ့ RAM ပမာဏ တိုးမြှင့်ထားခြင်း၊ S Pen မှာ စွမ်းရည်အသစ်များ ပါလာခြင်းများသာ ရှိတယ်လို့ အချို့က ပြောကြပါတယ်။ Note 9 မှာ Galaxy S9/S9 Plus များမှ အစိတ်အပိုင်း အနည်းငယ်ကို သုံးထားပါတယ်။
အခုတော့ ဟွာဝေးက Galaxy Note 9 ကို လှောင်ပြောင်တယ်လို့ ထင်ရတဲ့ ပို့စ်တစ်ခုကို တွစ်တာ လူမှုကွန်ရက်မှာ တင်လိုက်ပါတယ်။ ပို့စ်မှာ “ Huawei P20 Pro ဟာ ယခင်မျိုးဆက်ထက် များစွာ အဆင့်မြင့်လာအောင် ဖန်တီးထားတာဖြစ်ပါတယ်။ 40MP တစ်လုံး အပါအဝင် ကင်မရာ သုံးလုံး ထည့်သွင်းထးပါတယ်။ 5x Zoom စွမ်းရည် အပြင် အခြား အစိတ်အပိုင်းများကို တကယ့်ကို အဆင့်မြှင့်ထားတာပါ။ နောက်မျိုးဆက်တွေမှာဘယ်လောက်တိုးတက်လာမလဲ ဆိုတာ စဉ်းစားကြည့်ပါ။ “ လို့ ရေးသားထားပါတယ်။
ဟွာဝေးက ဆမ်ဆောင်းနဲ့ Note 9 အမည်ကို ရေးသားထားခြင်း မရှိပေမယ့် Note 9 ကို ရည်ညွှန်းတယ်ဆိုတာ သေချာပါတယ်။ နောက်ထွက်မယ့် Huawei Mate 20 Series များဟာ ယခင်မျိုးဆက် Mate Series များထက် များစွာ တိုးတက်လာမယ်လို့ ဟွာဝေးက ညွှန်းထားပါတယ်။ ဟွာဝေးရဲ့ Mate 20 Series များကို ရင်ခုန်စွာ စောင့်စားကြရမှာပါ။
Ref :gsmarena
You may be interested
48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Android, HUBS, Mobiles & Tablets
0 shares0 views
48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019
OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…
Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Android, Huawei, HUBS
131 shares14 views
Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019
ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…
4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
NEWS, Odd
1072 shares231 views
4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019
သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…
Leave a Comment
Most from this category