0 Shares 63 Views

အရောင်အသွေးစုံနဲ့ ရရှိနိုင်တဲ့ Walkman A26 ကို CES ပြပွဲကနေ Sony စတင်မိတ်ဆက်ဖြန့်ချိ

Jan 09, 2016
0 63

sony_walkman_a26_main

Sony ရဲ့ Walkman ဟာ ကုမ္ပဏီရဲ့ အထင်ကရကုန်ပစ္စည်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး၊ မူလ Walkman စက်ဟာ သယ်ဆောင်ရလွယ်တဲ့ကတ်ဆက်ဖွင့်စက် အဖြစ် ဈေးကွက်ကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်း Walkman တွေကတော့ ဒီဂျစ်တယ်သီချင်းဖွင့်စက် တွေ ဖြစ်လာကာ၊ ယခုနောက်ဆုံးမျိုးဆက် Walkman ကတော့ အသံပိုင်းဆိုင်ရာမှာအမြင့်ဆုံးဖြစ်တဲ့ အသံကြည်လင်ပြတ်သားမှုအမြင့်ဆုံး (HD-audio) အသံကို ပေးစွမ်းနိုင်ပါတယ်။

ယခုနှစ် CES မှာ စတင်မိတ်ဆက်လိုက်တဲ့ Walkman A26 ဟာ ဒေါ်လာ ၃၀၀ တန် Walkman A17 ရဲ့ နောက်မျိုးဆက်ဖြစ်ပြီး A17 နဲ့ ပုံစံတော်တော်တူပါတယ်။ အညိုရောင်၊ အပြာရောင်၊ အနီရောင်၊ အဖြူရောင်၊ ခရမ်းရောင်နဲ့ သံပုရာစိမ်းရောင်ဆိုပြီး အရောင်ခြောက်မျိုးရွေးချယ်ဝယ်ယူရရှိနိုင်ပါတယ်။ Walkman A26 ကိုဝယ်ယူတာနဲ့ ကိုယ်ဝယ်တဲ့စက်နဲ့ အရောင်တူတဲ့ ဒီဂျစ်တယ်စနစ်သုံး ဆူညံသံဖယ်ရှားပေးနိုင်တဲ့ နားကြပ်ကိုပါ ရရှိမှာဖြစ်ပါတယ်။

Sony ဟာ ယခု Walkman မှာ ထုံးစံမပျက် လက်နဲ့ ဖိနှိပ်ထိန်းချုပ်နိုင်တဲ့ ခလုတ်တွေကိုထည့်သွင်းပေးထားပြီး user interface ကလည်း ရိုးရှင်းပါတယ်။ Bluetooth နဲ့ NFC ကြိုးမဲ့စနစ်ပါဝင်တာကြောင့် အိမ်တွင်းအသံစနစ်တွေ၊ ကြိုးမဲ့နားကြပ်တွေ၊ ကြိုးမဲ့စပီကာတွေနဲ့ အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Mp3၊ acc ၊ wav၊ alac ၊ Flac ၊ aiff စတဲ့ အသံဖိုင် format အကုန်လုံးဖွင့်နိုင်ပြီး၊ ဒေတာသိုလှောင်နိုင်မှု 32 GB တပါတည်းပါရှိပါတယ်။ ဒါနဲ့ မလုံလောက်ဘဲ သီချင်းတွေ၊အသံဖိုင်တွေအများကြီးထပ်ထည့်ချင်သေးတယ်ဆိုရင်လည်း microSD ကတ်နဲ့  128 GB အထိ ထပ်စိုက်သုံးနိုင်ပါတယ်။

အသံကြည်လင်ပြတ်သားမှုအမြင့်ဆုံး high-resolution format တွေကိုပဲ နားထောင်မယ်ဆိုရင် နာရီ ၃၀ အထိ ဆက်တိုက်နားထောင်နိုင်ပြီး ရိုးရိုး mp3 တို့ လို ချုံ့ ထားတဲ့ ဖိုင်တွေဆိုရင် နာရီ ၅၀ တောင် နားထောင်နိုင်မှာပါ။

Walkman A26 ရဲ့ ဈေးနှုန်းကိုတော့ Sony က အခုထက်ထိ တရားဝင်ကြေငြာရခြင်းမရှိသေးပါဘူး။

Walkman အသစ်အပြင် Sony ဟာ CES ပွဲမှာ အသံဆူညံမှုဖယ်ရှားပေးနိုင်တဲ့နားကြပ်အရောင်အသွေးမျိုးစုံကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါနားကြပ်တွေဟာ DSEE လို့ ခေါ်တဲ့ နည်းပညာအသစ်တစ်မျိုးကို အသုံးပြုထားတာ ကြောင့် ရိုးရိုး ချုံ့ ထားတဲ့ MP3 ၊ AAC format သီချင်းတွေကို နားထောင်ရင်တောင် ဒီဂျစ်တယ်အသံချိန်ညှိစနစ်အင်ဂျင် (DSEE) ရဲ့ အစွမ်းကြောင့် မူလ CD အသံကို နားထောင်နေရသလို ခံစားစေရမှာဖြစ်ပါတယ်။

Ref: NDTV

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category