Ref : gsmarena
unicode
Google Pixel 3XL ရဲ့ Hands-On Photo များ ထွက်ပေါ်လာ
Google က အောက်တိုဘာလ ၄ ရက်နေ့မှာ Pixel 3 နဲ့ Pixel 3XL များကို ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ မကြာခင်ကလည်း Pixel 3XL ရဲ့ Unboxing Video ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း သူ့ရဲ့ Hands-On Photo များ ထွက်ပေါ်လာပါတယ်။
သူ့မှာ ၆.၇ လက်မ 1440x2960p Display တပ်ဆင်ထားတာကို တွေ့ရပါတယ်။ Notch လည်း ပါလာပါတယ်။ 3430mAh Battery ထည့်သွင်းထားတာက မျက်နှာပြင် အလွန်ကြီးမားတဲ့ ဖုန်းအတွက်တော့ အားနည်းတယ်လို့ ပြောနိုင်ပါတယ်။ အနောက်ဘက်မှာတော့ 12MP Camera တစ်လုံးသာ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတော့ 8MP Camera ထည့်သွင်းထားပါတယ်။ Resolution ကိုသာ ကြည့်မယ် ဆိုရင် ကင်မရာများဟာ ယခင်မျိုးဆက်နဲ့ တူညီနေပါတယ်။
သူ့မှာ Snapdragon 845 Chipset မောင်းနှင်ထားပါတယ်။ အခြေခံမော်ဒယ်မှာ 4GB RAM , 64GB Storage များ ပါပါတယ်။ Always-on Display ကိုလည်း ထောက်ပံ့ထားတာကို ဓါတ်ပုံများမှာ တွေ့ရပါတယ်။ ယခင်ကလည်း XDA Forums မှ အဖွဲ့ဝင်တစ်ဦးက အဖြူရောင် Pixel 3 XL ရဲ့ ဓါတ်ပုံများကို ပြသခဲ့ဖူးပါတယ်။
သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။
အဲဒီ Phone များနဲ့အတူ Pixelbook အသစ်ကို မြင်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က Pixel Phone များနဲ့အတူ Pixel Buds နားကြပ်ကိုပါ ကြေညာခဲ့ပါတယ်။ ယခုနှစ်မှာလည်း ဘက်ထရီ သက်တမ်းနဲ့ Live Translation အပိုင်းများမှာ ပိုမို တိုးတက်လာတဲ့ နားကြပ် အသစ်ကို မြင်ရနိုင်ပါတယ်။
Ref : gsmarena
You may be interested
48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…
Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…
4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…
Leave a Comment
You must be logged in to post a comment.