714 Shares 529 Views

Xiaomi က Mi Mix 2S ရဲ႕ Emerald Green Model ကို ေရာင္းခ်

Aug 11, 2018
714 529

တရုတ္မွာ ေက်ာက္စိမ္းမ်ားကို တန္ဖိုးထား ၀တ္ဆင္ၾကပါတယ္။ ေရွာင္္မီက အခုေတာ့ Mi Mix 2S ရဲ႕ Emerald Green Model ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Limited Edition ျဖစ္ၿပီး ေက်ာက္စိမ္းအေရာင္ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ယခင္ေမာ္ဒယ္မ်ားနဲ႔ တူညီၿပီး ယြမ္ ၃၉၉၉ သတ္မွတ္ထားပါတယ္။ ေဒၚလာအားျဖင့္ ၅၈၅ ၀န္းက်င္ က်သင့္ပါတယ္။ ယခင္ကေတာ့ Mi Mix 2S အတြက္ အနက္နဲ႔ အျဖဴေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

အျခား Specs မ်ားကေတာ့ မူလေမာ္ဒယ္နဲ႔ တူညီပါတယ္။ သူ႔မွာ ၅.၉၉ လက္မ FHD+ Screen တပ္ဆင္ထားၿပီး မ်က္ႏွာျပင္အခ်ိဳးမွာ ေခတ္စားေနတဲ့ 18:9 ျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ အပိုင္းမွာ သူဟာ အလြန္ ေကာင္းမြန္ပါတယ္။ Snapdragon 845 ထည့္ထားတဲ့ ေရွာင္မီရဲ႕ ပထမဆံုး ဖုန္းပါ။ တန္ဖိုးအႀကီးဆံုး ေမာ္ဒယ္မွာ 8GB RAM , 256GB Strage အထိ ထည့္ထားတာက အလြန္ အထင္ႀကီးစရာပါ။ ဖုန္းရဲ႕ စြမ္းအင္ကို အလြန္ စားသံုးတဲ့ Apps မ်ား၊ ဂိမ္းမ်ား အသံုးျပဳတဲ့အခါမွာလည္း အလြန္ ေခ်ာမြတ္ပါတယ္။ စြမ္းေဆာင္ရည္ အပိုင္းမွာ သူဟာ ၿပိဳင္ဖက္မ်ားကို ယွဥ္ႏုိင္ပါတယ္။

Mi Mix 2 မွာလိုပဲ သူ႔မွာ 3400mAh Battery ပါၿပီး တစ္ေန႔တာလံုး ေကာင္းေကာင္း အသံုးခံပါတယ္။ စကရင္ရဲ႕ Auto-Brightness စြမ္းရည္က ဘက္ထရီကို သက္သာေစတယ္လို႔ ယူဆရပါတယ္။ USB-C Port ကေန အားသြင္းရင္ ႀကိဳးမဲ့ အားသြင္းနည္းထက္ ပိုမို ျမန္ပါတယ္။ ႀကိဳးနဲ႔ အားသြင္းရင္ ၀ ကေန ၁၀၀ ရာခုိင္ႏႈန္း အားျပည့္ဖို႔ ၃ နာရီေလာက္ၾကာပါတယ္။

Mi Mix 2S ရဲ႕ 12MP Main Camera ရဲ႕ Pixel အရြယ္အစားဟာ ၿပိဳင္ဖက္မ်ားထက္ ႀကီးမားတာက အလင္းေရာင္ နည္းပါးတဲ့ အေျခအေနမ်ားမွာ ဓါတ္ပံုေကာင္းမ်ားကို ဖမ္းယူေပးၿပီး Autofocus ကို တိုးတက္ေစပါတယ္။ ဓါတ္ပံု အရည္အေသြးဟာ အလြန္ ၾကည္လင္ျပတ္သားၿပီး အေရာင္မ်ားက အေသးစိတ္က်ပါတယ္။

Ref : gsmarena

unicode

Xiaomi က Mi Mix 2S ရဲ့ Emerald Green Model ကို ရောင်းချ

တရုတ်မှာ ကျောက်စိမ်းများကို တန်ဖိုးထား ဝတ်ဆင်ကြပါတယ်။ ရှောင်မီက အခုတော့ Mi Mix 2S ရဲ့ Emerald Green Model ကို ရောင်းချပေးလိုက်ပါတယ်။ Limited Edition ဖြစ်ပြီး ကျောက်စိမ်းအရောင် ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယခင်မော်ဒယ်များနဲ့ တူညီပြီး ယွမ် ၃၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၅၈၅ ဝန်းကျင် ကျသင့်ပါတယ်။ ယခင်ကတော့ Mi Mix 2S အတွက် အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။

အခြား Specs များကတော့ မူလမော်ဒယ်နဲ့ တူညီပါတယ်။ သူ့မှာ ၅.၉၉ လက်မ FHD+ Screen တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ ခေတ်စားနေတဲ့ 18:9 ဖြစ်ပါတယ်။ စွမ်းဆောင်ရည် အပိုင်းမှာ သူဟာ အလွန် ကောင်းမွန်ပါတယ်။ Snapdragon 845 ထည့်ထားတဲ့ ရှောင်မီရဲ့ ပထမဆုံး ဖုန်းပါ။ တန်ဖိုးအကြီးဆုံး မော်ဒယ်မှာ 8GB RAM , 256GB Strage အထိ ထည့်ထားတာက အလွန် အထင်ကြီးစရာပါ။ ဖုန်းရဲ့ စွမ်းအင်ကို အလွန် စားသုံးတဲ့ Apps များ၊ ဂိမ်းများ အသုံးပြုတဲ့အခါမှာလည်း အလွန် ချောမွတ်ပါတယ်။ စွမ်းဆောင်ရည် အပိုင်းမှာ သူဟာ ပြိုင်ဖက်များကို ယှဉ်နိုင်ပါတယ်။

Mi Mix 2 မှာလိုပဲ သူ့မှာ 3400mAh Battery ပါပြီး တစ်နေ့တာလုံး ကောင်းကောင်း အသုံးခံပါတယ်။ စကရင်ရဲ့ Auto-Brightness စွမ်းရည်က ဘက်ထရီကို သက်သာစေတယ်လို့ ယူဆရပါတယ်။ USB-C Port ကနေ အားသွင်းရင် ကြိုးမဲ့ အားသွင်းနည်းထက် ပိုမို မြန်ပါတယ်။ ကြိုးနဲ့ အားသွင်းရင် ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားပြည့်ဖို့ ၃ နာရီလောက်ကြာပါတယ်။

Mi Mix 2S ရဲ့ 12MP Main Camera ရဲ့ Pixel အရွယ်အစားဟာ ပြိုင်ဖက်များထက် ကြီးမားတာက အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာ ဓါတ်ပုံကောင်းများကို ဖမ်းယူပေးပြီး Autofocus ကို တိုးတက်စေပါတယ်။ ဓါတ်ပုံ အရည်အသွေးဟာ အလွန် ကြည်လင်ပြတ်သားပြီး အရောင်များက အသေးစိတ်ကျပါတယ်။

Ref : gsmarena

You may be interested

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္
Apple, HUBS, NEWS
0 shares0 views

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္

Ko Thuya - Aug 19, 2018

ထို္င္၀မ္က ထြက္လာတဲ့ သတင္းမ်ားအရ Apple ဟာ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာမယ္လို႔ သိရပါတယ္။ ထိုင္၀မ္ သုေတသန အဖြဲ႕အစည္း TrendForce က ဒီသတင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္ဇယားဟာ iPhone…

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ္ထြက္ရွိလာတဲ့ စကိတ္စီးတဲ့ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား
FEATURES, gadgets
94 shares14 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Ko Thuya - Aug 19, 2018

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ TechDen™ – Screen Time…

Leave a Comment

Most from this category