1293 Shares 8545 Views

ေနာက္ဆံုးထြက္ Flagship ဖုန္းေတြထဲမွာ ဘယ္ဖုန္းက ဘက္ထရီအားအခံဆံုးလဲ??

Aug 15, 2018
1293 8545

[Zawgyi]

ဖုန္းအသစ္တစ္လံုးဝယ္ျပီဆိုတာနဲ႔ အေရးတၾကီးစဥ္းစားရမယ့္အခ်က္က ဘက္ထရီသက္တမ္းဘယ္ေလာက္ခံလဲဆိုတာပါ။ ဒါေပမယ့္ ဖုန္းတစ္လံုးနဲ႔တစ္လံုး ဘယ္ဖုန္းက ဘက္ထရီပိုအားသာလဲဆိုတာေတာ့ကုိယ္ကုိယ္တုိင္စမ္းလို႔လည္းမရေတာ့ မသိနုိင္ပါဘူး။ ကံေကာင္းခ်င္ေတာ့ လက္ရိွေစ်းကြက္မွာအေကာင္းဆံုးလို႔ေျပာလို႔ရတဲ့ Flagship ဖုန္းေတြရဲ႕ ဘက္ထရီအားခံမႈကို ႏိႈင္းယွဥ္ေပးထားတဲ့ ဗီဒီယိုေလးတစ္ခု ထြက္လာပါတယ္။ ယွဥ္ေပးထားတဲ့ ဗီဒီယိုေတြကေတာ့ OnePlus 6, LG G7, Galaxy S9 Plus, iPhone X, Google Pixel 2 XL နဲ႔ Huawei P20 Pro ေတြပါပဲ။

ဖုန္းတစ္လံုးစီတုိင္းကို Brightness အျမင့္ဆံုးထား၊ Wi-Fi network တူတူကိုခ်ိတ္ျပီး Social Media အေကာင့္တစ္ခုတည္းကိုပဲ တစ္ျပိဳက္နက္သံုးျပီး စမ္းၾကည့္တဲ့အခါ ဘယ္ဖုန္းေတြက ယ္အခ်ိန္မွာဘယ္ေလာက္အားက်န္လဲဆိုတာကို ေဖာ္ျပေပးထားပါတယ္။ ေအာက္မွာေတာ့ အခုျပထားမယ့္ဖုန္းအမ်ိဳးအစားေတြနဲ႔ ဘယ္ Display သံုးထားလဲ ဘက္ထရီဘယ္ေလာက္လဲဆိုတာကို ေဖာ္ျပထားပါတယ္။

ပထအတံုး ဗီဒီယိုဂိမ္းကို မိနစ္၃၀ေလာက္ေဆာ့လိုက္တဲ့အခါမွာ ဖုန္းတစ္လံုးစီက အနည္းဆံုး 91% ေလာက္က်န္တာေတြ႔ရပါတယ္။ (အဲ့ထဲကမွ P20 Pr င 94% နဲ႔က်န္ခဲ့သူေပါ့)  ျပီးေတာ့ Instagram ရဲ႕ “Explore” section ကို တစ္နာရီေလာက္ တူတူဖြင့္လိုက္ျပီးတဲ့အခ်ိန္မွာေတာ့ iPhone X က 87%, LG G7 ကေတာ့ 77% ထိကို ေရာက္သြားပါတယ္။ ေနာက္ Google Maps ကို မိနစ္ ၃၀ေလာက္ဖြင့္ျပီး 1080p ဗီဒီယိုေတြကို မိနစ္၃၀ ေလာက္ရိုက္လိုက္တဲ့အခါ  ဖုန္းတစ္လံုးစီက ၅၀% ေက်ာ္ေက်ာ္မွာက်န္ေနပါေသးတယ္။ အဲလိုနဲ႔ ၂နာရီခြဲေလာက္စမ္းျပီးတဲ့အခါမွာ LG G7 က 52% ေလာက္ပဲက်န္ပါေတာ့တယ္။

YouTube ဗီဒီယိုေတြကို ၂နာရီေလာက္ၾကည့္ျပီးတဲ့အခါမွာေတာ့ Huawei က 56% နဲ႔ဗိုလ္ဆြဲေနျပီး LG G7 ကေတာ့ 25% ထိကိုေရာက္သြားပါျပီ။ ေနာက္ထပ္ တစ္နာရီဝဘ္ဆိုဒ္သံုး၊ ေဖ့စ္ဘြတ္ခ္ auto-play watch page ကို ၁နာရီေလာက္ၾကည့္ျပီး ဘယ္ဖုန္းအရင္ဆံုးအားကုန္မလဲသိဖို႔ SoundCloud ကို ၂နာရီေလာက္ Streaming ဖြင့္လိုက္ပါတယ္။ စုစုေပါင္း ၆နာရီနဲ႔ ၄၅မိနစ္ၾကာတဲ့အခါမွာ LG G7 အရင္အားကုန္သြားပါျပီ။ က်န္တာေတြဆက္စမ္းဖို႔ YouTube ကိုျပန္သြားပါတယ္။

ေနာက္တစ္လံုးကေတာ့ ၉နာရီနဲ႔ ၅မိနစ္အၾကာမွာ အားကုန္သြားတဲ့ Pixel 2 XL ပါ။ Pixel မွာ သံုးထားတဲ့ Snapdragon 835 ေတြထက္ Snapdragon 845 ေတြက ၃၀%ေလာက္ စြမ္းအင္ပိုေခြ်တာႏုိင္တဲ့အတြက္ SD 845 သံုးထားတဲ့  P20 Pro က  ၾကာၾကာခံႏုိင္ေနတာပါ။ iPhone X လည္း တူတူပါပဲ။

ေနာက္ကုန္သြားတဲ့တစ္လံုးကေတာ့ ဘက္ထရီအနည္းဆံုးေပမယ့္ ကိုးနာရီခြဲေလာက္ခံတဲ့ iPhoneX ပါ။ Galaxy S9 Plus ကေတာ့ ၁၀နာရီေလာက္သံုးျပီးခ်ိန္မွာကုန္သြားျပီး ေနာက္ထပ္မိနစ္၄၀အၾကာမွာေတာ့ OnePlus 6 ကုန္သြားပါတယ္။

ေနာက္ဆံုး ေအာင္ႏုိင္သူကေတာ့ ဘက္ထရီပမာဏအမ်ားဆံုးျဖစ္ျပီး ၁၁နာရီေလာက္ အားခံသြားတဲ့ Huawei P20 Pro ပါပဲ။ ဒါေတြက ဘက္စံုသံုးျပီးစမ္းသပ္ထားရံုပါပဲ။ Flagship ဖုန္းတစ္လံုးခ်င္းစီမွာ သူ႔ဆုိင္ရာဆိုင္ရာ အားသာခ်က္ေတြရိွတဲ့အတြက္ ကိုယ္ၾကိဳက္တာပဲ ကိုယ္ေရြးဝယ္ၾကမွာပါပဲ။ ေအာက္မွာေတာ့ ဘယ္ဖုန္းေတြ ဘယ္ေလာက္အားကုန္သြားလဲဆိုတဲ့ “DigitalTrends” ရဲ႕ဗီဒီယိုေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

[Unicode]

ဖုန်းအသစ်တစ်လုံးဝယ်ပြီဆိုတာနဲ့ အရေးတကြီးစဉ်းစားရမယ့်အချက်က ဘက်ထရီသက်တမ်းဘယ်လောက်ခံလဲဆိုတာပါ။ ဒါပေမယ့် ဖုန်းတစ်လုံးနဲ့တစ်လုံး ဘယ်ဖုန်းက ဘက်ထရီပိုအားသာလဲဆိုတာတော့ကိုယ်ကိုယ်တိုင်စမ်းလို့လည်းမရတော့ မသိနိုင်ပါဘူး။ ကံကောင်းချင်တော့ လက်ရှိဈေးကွက်မှာအကောင်းဆုံးလို့ပြောလို့ရတဲ့ Flagship ဖုန်းတွေရဲ့ ဘက်ထရီအားခံမှုကို နှိုင်းယှဉ်ပေးထားတဲ့ ဗီဒီယိုလေးတစ်ခု ထွက်လာပါတယ်။ ယှဉ်ပေးထားတဲ့ ဗီဒီယိုတွေကတော့ OnePlus 6, LG G7, Galaxy S9 Plus, iPhone X, Google Pixel 2 XL နဲ့ Huawei P20 Pro တွေပါပဲ။

ဖုန်းတစ်လုံးစီတိုင်းကို Brightness အမြင့်ဆုံးထား၊ Wi-Fi network တူတူကိုချိတ်ပြီး Social Media အကောင့်တစ်ခုတည်းကိုပဲ တစ်ပြိုက်နက်သုံးပြီး စမ်းကြည့်တဲ့အခါ ဘယ်ဖုန်းတွေက ယ်အချိန်မှာဘယ်လောက်အားကျန်လဲဆိုတာကို ဖော်ပြပေးထားပါတယ်။ အောက်မှာတော့ အခုပြထားမယ့်ဖုန်းအမျိုးအစားတွေနဲ့ ဘယ် Display သုံးထားလဲ ဘက်ထရီဘယ်လောက်လဲဆိုတာကို ဖော်ပြထားပါတယ်။

ပထအတုံး ဗီဒီယိုဂိမ်းကို မိနစ်၃၀လောက်ဆော့လိုက်တဲ့အခါမှာ ဖုန်းတစ်လုံးစီက အနည်းဆုံး 91% လောက်ကျန်တာတွေ့ရပါတယ်။ (အဲ့ထဲကမှ P20 Pr င 94% နဲ့ကျန်ခဲ့သူပေါ့)  ပြီးတော့ Instagram ရဲ့ “Explore” section ကို တစ်နာရီလောက် တူတူဖွင့်လိုက်ပြီးတဲ့အချိန်မှာတော့ iPhone X က 87%, LG G7 ကတော့ 77% ထိကို ရောက်သွားပါတယ်။ နောက် Google Maps ကို မိနစ် ၃၀လောက်ဖွင့်ပြီး 1080p ဗီဒီယိုတွေကို မိနစ်၃၀ လောက်ရိုက်လိုက်တဲ့အခါ  ဖုန်းတစ်လုံးစီက ၅၀% ကျော်ကျော်မှာကျန်နေပါသေးတယ်။ အဲလိုနဲ့ ၂နာရီခွဲလောက်စမ်းပြီးတဲ့အခါမှာ LG G7 က 52% လောက်ပဲကျန်ပါတော့တယ်။

YouTube ဗီဒီယိုတွေကို ၂နာရီလောက်ကြည့်ပြီးတဲ့အခါမှာတော့ Huawei က 56% နဲ့ဗိုလ်ဆွဲနေပြီး LG G7 ကတော့ 25% ထိကိုရောက်သွားပါပြီ။ နောက်ထပ် တစ်နာရီဝဘ်ဆိုဒ်သုံး၊ ဖေ့စ်ဘွတ်ခ် auto-play watch page ကို ၁နာရီလောက်ကြည့်ပြီး ဘယ်ဖုန်းအရင်ဆုံးအားကုန်မလဲသိဖို့ SoundCloud ကို ၂နာရီလောက် Streaming ဖွင့်လိုက်ပါတယ်။ စုစုပေါင်း ၆နာရီနဲ့ ၄၅မိနစ်ကြာတဲ့အခါမှာ LG G7 အရင်အားကုန်သွားပါပြီ။ ကျန်တာတွေဆက်စမ်းဖို့ YouTube ကိုပြန်သွားပါတယ်။

နောက်တစ်လုံးကတော့ ၉နာရီနဲ့ ၅မိနစ်အကြာမှာ အားကုန်သွားတဲ့ Pixel 2 XL ပါ။ Pixel မှာ သုံးထားတဲ့ Snapdragon 835 တွေထက် Snapdragon 845 တွေက ၃၀%လောက် စွမ်းအင်ပိုချွေတာနိုင်တဲ့အတွက် SD 845 သုံးထားတဲ့  P20 Pro က  ကြာကြာခံနိုင်နေတာပါ။ iPhone X လည်း တူတူပါပဲ။

နောက်ကုန်သွားတဲ့တစ်လုံးကတော့ ဘက်ထရီအနည်းဆုံးပေမယ့် ကိုးနာရီခွဲလောက်ခံတဲ့ iPhoneX ပါ။ Galaxy S9 Plus ကတော့ ၁၀နာရီလောက်သုံးပြီးချိန်မှာကုန်သွားပြီး နောက်ထပ်မိနစ်၄၀အကြာမှာတော့ OnePlus 6 ကုန်သွားပါတယ်။

နောက်ဆုံး အောင်နိုင်သူကတော့ ဘက်ထရီပမာဏအများဆုံးဖြစ်ပြီး ၁၁နာရီလောက် အားခံသွားတဲ့ Huawei P20 Pro ပါပဲ။ ဒါတွေက ဘက်စုံသုံးပြီးစမ်းသပ်ထားရုံပါပဲ။ Flagship ဖုန်းတစ်လုံးချင်းစီမှာ သူ့ဆိုင်ရာဆိုင်ရာ အားသာချက်တွေရှိတဲ့အတွက် ကိုယ်ကြိုက်တာပဲ ကိုယ်ရွေးဝယ်ကြမှာပါပဲ။ အောက်မှာတော့ ဘယ်ဖုန်းတွေ ဘယ်လောက်အားကုန်သွားလဲဆိုတဲ့ “DigitalTrends” ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

You may be interested

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
261 shares64 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)
Apple, FEATURES, HOW TO
151 shares55 views

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ႔ iPhone XS Max တို႔မွာ ယခင္ႏွစ္ iPhone X ထက္ ေျပာင္းလဲတိုးတက္လာမႈမ်ား ပါ၀င္လာပါတယ္။ ေျပာင္းလဲသြားတဲ့ Tips & Tricks မ်ားလည္း ပါလာပါတယ္။ အိုင္ဖုန္း အေဟာင္း ကိုင္ထားသူမ်ားအတြက္လည္း နည္းလမ္းအခ်ိဳ႕ဟာ…

Leave a Comment

Most from this category