2173 Shares 7770 Views

Fortnite Android Beta ရရွိမယ့္ ဖုန္းစာရင္းႏွင့္ Download ရယူနည္း

Aug 10, 2018
2173 7770

[Zawgyi]

Fortnite Battle Royale ပရိတ္သတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ Android အတြက္ Fortnite ဂိမ္းကေတာ့ မေန႕ညက က်င္းပခဲ့တဲ့ Samsung Galaxy Note 9 ပြဲမွာ တရားဝင္ထြက္ရွိလာခဲ့ျပီ ျဖစ္ပါတယ္။

Epic Games အေနနဲ႔ Fortnite ကို Play Store မွာ ထုတ္ေပးမွာမဟုတ္တဲ့အတြက္ Epic Games website ကေနပဲ Download ရယူျပီး၊ Install လုပ္ရမွာျဖစ္ပါတယ္။ Android ဖုန္းပိုင္ရွင္ေတြအတြက္ေတာ့ သတင္းေကာင္းတခုကေတာ့ Fortnite for Android ဟာ Samsung ဖုန္းေတြတင္မဟုတ္ဘဲ၊ တျခား Compatible ျဖစ္တဲ့ Android ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ ေဆာ့လို႕ရမွာ ျဖစ္ပါတယ္။

Fortnite for Android ကို မကစားခင္ သိထားသင့္တဲ့ အခ်က္ေတြကေတာ့

(၁) ဂိမ္းဟာ ေလာေလာဆည္ Beta အဆင့္ပဲ ရွိေသးပါတယ္။

(၂) Samsung ရဲ႕ Flagship Galaxy ဖုန္းေတြ၊ တက္ဘလက္ေတြမွာ ဒီေန႕ကစျပီး ခ်က္ခ်င္း ေဆာ့ကစားႏိုင္ျပီ ျဖစ္ပါတယ္။ ေဆာ့လို႕ရမယ့္ Galaxy ဖုန္းေတြကေတာ့ ေအာက္ပါအတုိင္း ျဖစ္ပါတယ္။

Samsung Galaxy Note 9

Samsung Galaxy Note 8

Samsung Galaxy S9/S9 Plus

Samsung Galaxy S8/S8 Plus

Samsung Galaxy S7/S7 Edge

Samsung Galaxy Tab S3

Samsung Galaxy Tab S4

(၃) တျခား Android ဖုန္းေတြမွာ လာမယ့္ ၃ ရက္၊ ၾသဂုတ္လ ၁၃ ရက္ဆို စေဆာ့လို႕ ရပါျပီ။ တသုတ္ျပီး တသုတ္ Invitation လုပ္ျပီး ထုတ္ေပးမွာျဖစ္တာေၾကာင့္ ကိုယ့္ဖုန္းမွာ ၁၃ ရက္ေန႔ ခ်က္ခ်င္းမရေသးရင္၊ ရက္နည္းနည္း ထပ္ေစာင့္ဖို႕ လိုပါလိမ့္မယ္။

ထူးျခားတာတခုက Galaxy Note 9 ဟာ ေစ်းကြက္ထဲကို ၾသဂုတ္လ ၂၄ ရက္ေန႔မွ ေရာက္မွာျဖစ္တာေၾကာင့္ Note 9 ထက္အရင္ Fortnite ေဆာ့လို႕ရမယ့္ Android ဖုန္းေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနတာပါ။

Download Fortnite Android Beta on Samsung Devices

Epic Games နဲ႔ Samsung တို႕ရဲ႕ ပူးေပါင္းမွဳေၾကာင့္ Fortnite ကို အထက္ေဖာ္ျပပါ Samsung ေမာ္ဒယ္ေတြမွာ ယေန႔စ ေဆာ့ႏိုင္ပါျပီ။

အဆိုပါဖုန္းတလုံးလုံး ကိုင္ထားသူေတြအေနနဲ႔ ဖုန္းထဲမွာ တခါတည္းပါတဲ့ Galaxy App Store ကို သြားပါ။ App ထိပ္ဆုံးမွာ Fortnite ကို ေတြ႕ရပါလိမ့္မယ္။ ႏွိပ္လိုက္ရင္ Fortnite installer ကို အရင္ Download ဆြဲေပးရပါမယ္။ (4MB ေလာက္ပဲရွိပါတယ္)။

Installer ကေနတဆင့္ Fortnite for Android ကို Download လုပ္ျပီး ေဆာ့ကစားႏိုင္မွာျဖစ္ပါတယ္။ File Size 1.88GB ေလာက္ ရွိပါတယ္။ Supported Device ျဖစ္ရဲ႕သားနဲ႔ Waiting List ထဲေရာက္ေနရင္ေတာ့ ဒါဟာ Epic Games က Error ျဖစ္ျပီး၊ အျမန္ဆုံးေျဖရွင္းႏိုင္ဖို႕ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။ ေျဖရွင္းႏိုင္တဲ့ နည္းတခုကေတာ့ ဂိမ္းကို ျပန္ Relaunch လုပ္ျပီး၊ အေကာင့္ျပန္ဝင္ၾကည့္တဲ့ နည္းျဖစ္ပါတယ္။ တၾကိမ္ထဲနဲ႕ မရရင္ အၾကိမ္ၾကိမ္လုပ္ၾကည့္ဖို႔ Epic Games က တိုက္တြန္းထားပါတယ္။

တျခား Android ဖုန္းေတြအတြက္

ၾသဂုတ္လ ၁၃ ရက္ေန႕စျပီး Fortnite for Android ကို ေအာက္ပါ Android ဖုန္းေမာ္ဒယ္ေတြမွာ စတင္ကစားႏိုင္မွာျဖစ္ပါတယ္။

Google Pixel

Google Pixel XL

Google Pixel 2/Pixel 2 XL

OnePlus 5

OnePlus 5T

OnePlus 6

Essential Phone

Huawei Mate 10/Huawei Mate 10 Pro

Huawei P20/P20 Pro

Huawei Mate RS

Huawei Nova 3

Huawei Honor V10 (View 10)

Huawei Honor 10

Huawei Honor Play

LG G5

LG G6

LG G7 ThinQ

LG V20

LG V30/V30 Plus

Nokia 8

Razer Phone

Xiaomi Blackshark

Xiaomi Mi 5

Xiaomi Mi 5S

Xiaomi Mi 5S Plus

Xiaomi Mi 6

Xiaomi Mi 6 Plus

Xiaomi Mi 8

Xiaomi Mi 8 Explorer

Xiaomi Mi 8 SE

Xiaomi Mi Mix

Xiaomi Mi Mix 2

Xiaomi Mi Mix 2 S

Xiaomi Mi Note 2

ZTE Axon 7

ZTE Axon 7s

ZTE Axon M

ZTE Nubia Z17

ZTE Nubia Z17s

ZTE Nubia Z11

Asus ZenFone 4 Pro

Asus ZenFone 5Z

Asus ZenFone V

Asus ROG Phone

ကိုယ့္ဖုန္းက ဒီ List ထဲမွာပါတယ္ဆိုရင္၊ အရင္ဆုံး Fortnite website ကို သြားပါ။ Fortnite for Android beta ကို စာရင္းသြင္းဖို႔အတြက္ Email ျဖည့္ေပးလို္က္ပါ။ Epic Games Account ရွိျပီးသားသူေတြဆိုရင္ PC သို႔ တျခား ပလက္ေဖာင္းမွာ ေဆာ့ထားတဲ့ အေကာင့္နဲ႕ ခ်ိတ္လို႕ရမယ္လို႔ သိရပါတယ္။ Epic Games အေကာင့္မရွိလည္း စာရင္းေပးလို႕ရပါတယ္။

 

Email ျဖည့္ျပီးသြားလို႕ ၂ မိနစ္ေလာက္ ၾကာတာနဲ႔ ကိုယ့္ Gmail ထဲကို Epic Games ကေန Invitation link တခု ပို႔ပါလိမ့္မယ္။ Get Started ကို ႏွိပ္လိုက္ပါ။

ဒီအခါ QR Code တခုကို ဖတ္ခိုင္းပါလိမ့္မယ္။ ကိုယ့္ Android ဖုန္းကေန QR Code ဖတ္ေပးလိုက္ပါ။

QR ဖတ္လိုက္ျပီဆိုရင္ Fortnite Installer ကို Download ဆြဲလို႕ရပါလိမ့္မယ္။

Fortnite Installer ကို ဖုန္းထဲသြင္းျပီးျပီဆုိရင္ ဖြင့္လိုက္တာနဲ႔ Fortnite ဂိမ္းကို Download လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ (ေလာေလာဆည္ေတာ့ Galaxy ဖုန္း မဟုတ္သူေတြအေနနဲ႕ Waiting List ထဲ ေရာက္ေနဦးမွာပါ။)

Fortnite ကို အထက္မွာ ဆိုခဲ့သလိုပဲ တသုတ္ျပီး တသုတ္ေပးမွာျဖစ္တာေၾကာင့္ ေလာေလာဆည္မရေသးဘူးဆိုရင္လည္း ရက္ပို္င္းေလာက္ပဲ ေစာင့္ရမွာပါ။ ေရွ႕တပတ္အတြင္း Supported devices ေတြမွာ အကုန္ရဖို႕ ရွိပါတယ္။

Fortnite for Android Beta ကို ေနာက္ထပ္ ထပ္မံရရွိမယ့္ Devices ေတြကေတာ့

HTC 10

HTC U Ultra

HTC U11

HTC U11 Plus

HTC U12 Plus

Motorola Moto Z

Motorola Moto Z Droid

Motorola Z2 Force

Sony Xperia XZ

Sony Xperia XZs

Sony Xperia XZ1

Sony Xperia XZ2

တို႔ ျဖစ္ပါတယ္။ ဒီဖုန္းေတြဟာ ၾသဂုတ္လ ၁၃ ရက္ေန႔ ထြက္တဲ့အခါ ခ်က္ခ်င္းရဦးမွာ မဟုတ္ေပမယ့္ မၾကာခင္ ရမယ္လုိ႔ သိရပါတယ္။

အထူးမွတ္ခ်က္ – ကိုယ့္ဖုန္းက အထက္ပါဖုန္းေမာ္ဒယ္ေတြထဲမွာ လုံးဝမပါဘူးဆိုေပမယ့္၊ စိတ္မပ်က္ပါနဲ႕။ ေအာက္ပါ Specs ရွိတဲ့ Android ဖုန္းေတြမွာ ရေကာင္း ရႏိုင္တယ္လို႔ Epic Games က ေၾကညာထားပါတယ္။

OS: 64 bit Android, 5.0 or higher

RAM: 3GB or higher

GPU: Adreno 530 or higher, Mali-G71 MP20, Mali-G72 MP12 or higher

အားလုံးပဲ အဆင္ေျပၾကပါေစ။

Ref: Epic Games, Android Authority

[Unicode]

Fortnite Battle Royale ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Android အတွက် Fortnite ဂိမ်းကတော့ မနေ့ညက ကျင်းပခဲ့တဲ့ Samsung Galaxy Note 9 ပွဲမှာ တရားဝင်ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Epic Games အနေနဲ့ Fortnite ကို Play Store မှာ ထုတ်ပေးမှာမဟုတ်တဲ့အတွက် Epic Games website ကနေပဲ Download ရယူပြီး၊ Install လုပ်ရမှာဖြစ်ပါတယ်။ Android ဖုန်းပိုင်ရှင်တွေအတွက်တော့ သတင်းကောင်းတခုကတော့ Fortnite for Android ဟာ Samsung ဖုန်းတွေတင်မဟုတ်ဘဲ၊ တခြား Compatible ဖြစ်တဲ့ Android ဖုန်းတော်တော်များများမှာ ဆော့လို့ရမှာ ဖြစ်ပါတယ်။

Fortnite for Android ကို မကစားခင် သိထားသင့်တဲ့ အချက်တွေကတော့

(၁) ဂိမ်းဟာ လောလောဆည် Beta အဆင့်ပဲ ရှိသေးပါတယ်။

(၂) Samsung ရဲ့ Flagship Galaxy ဖုန်းတွေ၊ တက်ဘလက်တွေမှာ ဒီနေ့ကစပြီး ချက်ချင်း ဆော့ကစားနိုင်ပြီ ဖြစ်ပါတယ်။ ဆော့လို့ရမယ့် Galaxy ဖုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Samsung Galaxy Note 9

Samsung Galaxy Note 8

Samsung Galaxy S9/S9 Plus

Samsung Galaxy S8/S8 Plus

Samsung Galaxy S7/S7 Edge

Samsung Galaxy Tab S3

Samsung Galaxy Tab S4

(၃) တခြား Android ဖုန်းတွေမှာ လာမယ့် ၃ ရက်၊ သြဂုတ်လ ၁၃ ရက်ဆို စဆော့လို့ ရပါပြီ။ တသုတ်ပြီး တသုတ် Invitation လုပ်ပြီး ထုတ်ပေးမှာဖြစ်တာကြောင့် ကိုယ့်ဖုန်းမှာ ၁၃ ရက်နေ့ ချက်ချင်းမရသေးရင်၊ ရက်နည်းနည်း ထပ်စောင့်ဖို့ လိုပါလိမ့်မယ်။

ထူးခြားတာတခုက Galaxy Note 9 ဟာ ဈေးကွက်ထဲကို သြဂုတ်လ ၂၄ ရက်နေ့မှ ရောက်မှာဖြစ်တာကြောင့် Note 9 ထက်အရင် Fortnite ဆော့လို့ရမယ့် Android ဖုန်းတွေ တော်တော်များများ ရှိနေတာပါ။

Download Fortnite Android Beta on Samsung Devices

Epic Games နဲ့ Samsung တို့ရဲ့ ပူးပေါင်းမှုကြောင့် Fortnite ကို အထက်ဖော်ပြပါ Samsung မော်ဒယ်တွေမှာ ယနေ့စ ဆော့နိုင်ပါပြီ။

အဆိုပါဖုန်းတလုံးလုံး ကိုင်ထားသူတွေအနေနဲ့ ဖုန်းထဲမှာ တခါတည်းပါတဲ့ Galaxy App Store ကို သွားပါ။ App ထိပ်ဆုံးမှာ Fortnite ကို တွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ရင် Fortnite installer ကို အရင် Download ဆွဲပေးရပါမယ်။ (4MB လောက်ပဲရှိပါတယ်)။

Installer ကနေတဆင့် Fortnite for Android ကို Download လုပ်ပြီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ File Size 1.88GB လောက် ရှိပါတယ်။ Supported Device ဖြစ်ရဲ့သားနဲ့ Waiting List ထဲရောက်နေရင်တော့ ဒါဟာ Epic Games က Error ဖြစ်ပြီး၊ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းတခုကတော့ ဂိမ်းကို ပြန် Relaunch လုပ်ပြီး၊ အကောင့်ပြန်ဝင်ကြည့်တဲ့ နည်းဖြစ်ပါတယ်။ တကြိမ်ထဲနဲ့ မရရင် အကြိမ်ကြိမ်လုပ်ကြည့်ဖို့ Epic Games က တိုက်တွန်းထားပါတယ်။

တခြား Android ဖုန်းတွေအတွက်

သြဂုတ်လ ၁၃ ရက်နေ့စပြီး Fortnite for Android ကို အောက်ပါ Android ဖုန်းမော်ဒယ်တွေမှာ စတင်ကစားနိုင်မှာဖြစ်ပါတယ်။

Google Pixel

Google Pixel XL

Google Pixel 2/Pixel 2 XL

OnePlus 5

OnePlus 5T

OnePlus 6

Essential Phone

Huawei Mate 10/Huawei Mate 10 Pro

Huawei P20/P20 Pro

Huawei Mate RS

Huawei Nova 3

Huawei Honor V10 (View 10)

Huawei Honor 10

Huawei Honor Play

LG G5

LG G6

LG G7 ThinQ

LG V20

LG V30/V30 Plus

Nokia 8

Razer Phone

Xiaomi Blackshark

Xiaomi Mi 5

Xiaomi Mi 5S

Xiaomi Mi 5S Plus

Xiaomi Mi 6

Xiaomi Mi 6 Plus

Xiaomi Mi 8

Xiaomi Mi 8 Explorer

Xiaomi Mi 8 SE

Xiaomi Mi Mix

Xiaomi Mi Mix 2

Xiaomi Mi Mix 2 S

Xiaomi Mi Note 2

ZTE Axon 7

ZTE Axon 7s

ZTE Axon M

ZTE Nubia Z17

ZTE Nubia Z17s

ZTE Nubia Z11

Asus ZenFone 4 Pro

Asus ZenFone 5Z

Asus ZenFone V

Asus ROG Phone

ကိုယ့်ဖုန်းက ဒီ List ထဲမှာပါတယ်ဆိုရင်၊ အရင်ဆုံး Fortnite website ကို သွားပါ။ Fortnite for Android beta ကို စာရင်းသွင်းဖို့အတွက် Email ဖြည့်ပေးလိုက်ပါ။ Epic Games Account ရှိပြီးသားသူတွေဆိုရင် PC သို့ တခြား ပလက်ဖောင်းမှာ ဆော့ထားတဲ့ အကောင့်နဲ့ ချိတ်လို့ရမယ်လို့ သိရပါတယ်။ Epic Games အကောင့်မရှိလည်း စာရင်းပေးလို့ရပါတယ်။

Email ဖြည့်ပြီးသွားလို့ ၂ မိနစ်လောက် ကြာတာနဲ့ ကိုယ့် Gmail ထဲကို Epic Games ကနေ Invitation link တခု ပို့ပါလိမ့်မယ်။ Get Started ကို နှိပ်လိုက်ပါ။

ဒီအခါ QR Code တခုကို ဖတ်ခိုင်းပါလိမ့်မယ်။ ကိုယ့် Android ဖုန်းကနေ QR Code ဖတ်ပေးလိုက်ပါ။

QR ဖတ်လိုက်ပြီဆိုရင် Fortnite Installer ကို Download ဆွဲလို့ရပါလိမ့်မယ်။

Fortnite Installer ကို ဖုန်းထဲသွင်းပြီးပြီဆိုရင် ဖွင့်လိုက်တာနဲ့ Fortnite ဂိမ်းကို Download လုပ်နိုင်မှာ ဖြစ်ပါတယ်။ (လောလောဆည်တော့ Galaxy ဖုန်း မဟုတ်သူတွေအနေနဲ့ Waiting List ထဲ ရောက်နေဦးမှာပါ။)

Fortnite ကို အထက်မှာ ဆိုခဲ့သလိုပဲ တသုတ်ပြီး တသုတ်ပေးမှာဖြစ်တာကြောင့် လောလောဆည်မရသေးဘူးဆိုရင်လည်း ရက်ပိုင်းလောက်ပဲ စောင့်ရမှာပါ။ ရှေ့တပတ်အတွင်း Supported devices တွေမှာ အကုန်ရဖို့ ရှိပါတယ်။

Fortnite for Android Beta ကို နောက်ထပ် ထပ်မံရရှိမယ့် Devices တွေကတော့

HTC 10

HTC U Ultra

HTC U11

HTC U11 Plus

HTC U12 Plus

Motorola Moto Z

Motorola Moto Z Droid

Motorola Z2 Force

Sony Xperia XZ

Sony Xperia XZs

Sony Xperia XZ1

Sony Xperia XZ2

တို့ ဖြစ်ပါတယ်။ ဒီဖုန်းတွေဟာ သြဂုတ်လ ၁၃ ရက်နေ့ ထွက်တဲ့အခါ ချက်ချင်းရဦးမှာ မဟုတ်ပေမယ့် မကြာခင် ရမယ်လို့ သိရပါတယ်။

အထူးမှတ်ချက် – ကိုယ့်ဖုန်းက အထက်ပါဖုန်းမော်ဒယ်တွေထဲမှာ လုံးဝမပါဘူးဆိုပေမယ့်၊ စိတ်မပျက်ပါနဲ့။ အောက်ပါ Specs ရှိတဲ့ Android ဖုန်းတွေမှာ ရကောင်း ရနိုင်တယ်လို့ Epic Games က ကြေညာထားပါတယ်။

OS: 64 bit Android, 5.0 or higher

RAM: 3GB or higher

GPU: Adreno 530 or higher, Mali-G71 MP20, Mali-G72 MP12 or higher

အားလုံးပဲ အဆင်ပြေကြပါစေ။

Ref: Epic Games, Android Authority

You may be interested

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္
Apple, HUBS, NEWS
0 shares0 views

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္

Ko Thuya - Aug 19, 2018

ထို္င္၀မ္က ထြက္လာတဲ့ သတင္းမ်ားအရ Apple ဟာ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာမယ္လို႔ သိရပါတယ္။ ထိုင္၀မ္ သုေတသန အဖြဲ႕အစည္း TrendForce က ဒီသတင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္ဇယားဟာ iPhone…

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ္ထြက္ရွိလာတဲ့ စကိတ္စီးတဲ့ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား
FEATURES, gadgets
68 shares12 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Ko Thuya - Aug 19, 2018

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ TechDen™ – Screen Time…

Leave a Comment

Most from this category