1467 Shares 6602 Views

Galaxy Note 9 ကုိ တစ္စစီျဖဳတ္ၾကည့္တဲ့အခါ အထဲမွာဘာေတြေျပာင္းလဲသြားတာေတြ႔ရလဲ??

Aug 11, 2018
1467 6602

[Zawgyi]

Galaxy Note 9 ကိုရုတ္တရက္ၾကည့္လိုက္မယ္ဆိုရင္ Note 8 နဲ႔ သိပ္မကြာသလိုလုိထင္ရေပမယ့္ အေနာက္ကၾကည့္လိုက္ရင္ေတာ့ Fingerprint ေနရာေတြဒီဇိုင္းေတြေျပာင္းသြားတဲ့အတြက္ Note 9 မွန္းေတာ့ သိသာပါလိမ့္မယ္။ Feature အသစ္ေတြ Specs အသစ္ေတြပါလာတာေတာ့ လူတုိင္းသိၾကပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕အတြင္းပိုင္းမွာေရာ အမ်ားၾကီးေျပာင္းလဲထားတယ္ဆိုတာ သိပါသလား?? ဒါေတြအားလံုးက Hi-tech Mail.Ru က TearDown လုပ္ထားတာပါ။

Galaxy Note 9 teardown reveals what has changed inside

Fingerprint Sensor ကို ေဘးမွာထားရာကေန dual-camera ရဲ႕ေအာက္မွာထားလိုက္တာအျပင္ အတြင္းပိုင္းအစိတ္အပိုင္းထားသိုပံုေလးက Note 8 နဲ႔ နည္းနည္းေလးမတူဘဲေျပာင္းလဲသြားတာကို ေတြ႔ရပါတယ္။ Samsung အေနနဲ႔ ဒီႏွစ္မွာ ပိုၾကီးတ့ဲ 4000mAh ဘက္ထရီကိုဆံ့ေအာင္ ဘယ္လိုစီစဥ္ထားပါလိမ့္?? ရွင္းပါတယ္။ ပစၥည္းအစိတ္အပိုင္းေလးေတြကို ပုိေသးေအာင္လုပ္လုိက္တဲ့အတြက္ ေနရာယူတာပိုနည္းသြားတ့ဲအျပင္ ျပင္ဆင္အစားထုိးရတာလည္း ပိုလြယ္ကူသြားပါတယ္။

သိသိသာသာေျပာင္းလဲသြားတာတစ္ခုရိွပါေသးတယ္။ Charging component ပါ။  အစိတ္အပိုင္းေတြက ေတာ္ေတာ္ေလးေသးသြားျပီး Logic board ကေန ခြာထုတ္ရတာလည္း ပိုလြယ္သြားပါတယ္။ ေစ်းလည္းပိုသက္သာမယ္လို႔မွန္းရတာပါပဲ။ Connector ေတြကိုလည္း မပ်က္စီးလြယ္ေအာင္နည္းနည္းေလးေျပာင္းထားပါတယ္။

Hi-Tech က အဓိကျပထားတဲ့အတုိင္းဆို အဓိကအသိသာဆံုးေျပာင္းလဲသြားတာက သူ႔ရဲ႕ အေအးစနစ္ Cooling System ပါ။ အခုေခတ္စမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားက အပူထုတ္ဖို႔အတြက္  ေၾကးနီျပႊန္ေတြကိုသံုးၾကေပမယ့္ Galaxy Note 9 မွာေတာ့(ေအာက္မွာျပထားသလို) ေၾကးနီျပားခပ္ၾကီးၾကီးကိုသံုးထားပါတယ္။ သေဘာတရားအရေတာ့ ဒီလိုသံုးလိုက္တဲ့အတြက္ Processor ကိုအပူမလြန္ေအာင္ကာကြယ္ေပးႏုိင္ျပီး ဖုန္းကိုမပူေစဘူးလို႔ပါ။ ဒါကေတာ့ သံုးၾကည့္ျပီးရင္ တကယ္ပူမပူသိရမွာပါပဲ။

Galaxy Note 9 ရဲ႕အတြင္းပိုင္းတည္ေဆာက္ပံုေတြကိုၾကည့္လိုက္ရင္ ေတာ္ေတာ္ေလးေျပာင္းလဲထားျပီး ျပင္ဆင္ရပိုလြယ္ကူေအာင္လုပ္ေပးထားသလိုပါပဲ။ ေနာက္ထပ္ iFixit ရဲ႕ Tears Down ကိုေစာင့္ၾကည့္လိုက္ရင္ သူတို႔ဘယ္လိုသံုးသပ္သလဲသိရဦးမွာပါ။

Ref: SlashGear

[Unicode]

Galaxy Note 9 ကိုရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် Note 8 နဲ့ သိပ်မကွာသလိုလိုထင်ရပေမယ့် အနောက်ကကြည့်လိုက်ရင်တော့ Fingerprint နေရာတွေဒီဇိုင်းတွေပြောင်းသွားတဲ့အတွက် Note 9 မှန်းတော့ သိသာပါလိမ့်မယ်။ Feature အသစ်တွေ Specs အသစ်တွေပါလာတာတော့ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် သူ့ရဲ့အတွင်းပိုင်းမှာရော အများကြီးပြောင်းလဲထားတယ်ဆိုတာ သိပါသလား?? ဒါတွေအားလုံးက Hi-tech Mail.Ru က Tears Down လုပ်ထားတာပါ။

Galaxy Note 9 teardown reveals what has changed inside

Fingerprint Sensor ကို ဘေးမှာထားရာကနေ dual-camera ရဲ့အောက်မှာထားလိုက်တာအပြင် အတွင်းပိုင်းအစိတ်အပိုင်းထားသိုပုံလေးက Note 8 နဲ့ နည်းနည်းလေးမတူဘဲပြောင်းလဲသွားတာကို တွေ့ရပါတယ်။ Samsung အနေနဲ့ ဒီနှစ်မှာ ပိုကြီးတဲ့ 4000mAh ဘက်ထရီကိုဆံ့အောင် ဘယ်လိုစီစဉ်ထားပါလိမ့်?? ရှင်းပါတယ်။ ပစ္စည်းအစိတ်အပိုင်းလေးတွေကို ပိုသေးအောင်လုပ်လိုက်တဲ့အတွက် နေရာယူတာပိုနည်းသွားတဲ့အပြင် ပြင်ဆင်အစားထိုးရတာလည်း ပိုလွယ်ကူသွားပါတယ်။

သိသိသာသာပြောင်းလဲသွားတာတစ်ခုရှိပါသေးတယ်။ Charging component ပါ။  အစိတ်အပိုင်းတွေက တော်တော်လေးသေးသွားပြီး Logic board ကနေ ခွာထုတ်ရတာလည်း ပိုလွယ်သွားပါတယ်။ ဈေးလည်းပိုသက်သာမယ်လို့မှန်းရတာပါပဲ။ Connector တွေကိုလည်း မပျက်စီးလွယ်အောင်နည်းနည်းလေးပြောင်းထားပါတယ်။

Hi-Tech က အဓိကပြထားတဲ့အတိုင်းဆို အဓိကအသိသာဆုံးပြောင်းလဲသွားတာက သူ့ရဲ့ အအေးစနစ် Cooling System ပါ။ အခုခေတ်စမတ်ဖုန်းတော်တော်များများက အပူထုတ်ဖို့အတွက်  ကြေးနီပြွှန်တွေကိုသုံးကြပေမယ့် Galaxy Note 9 မှာတော့(အောက်မှာပြထားသလို) ကြေးနီပြားခပ်ကြီးကြီးကိုသုံးထားပါတယ်။ သဘောတရားအရတော့ ဒီလိုသုံးလိုက်တဲ့အတွက် Processor ကိုအပူမလွန်အောင်ကာကွယ်ပေးနိုင်ပြီး ဖုန်းကိုမပူစေဘူးလို့ပါ။ ဒါကတော့ သုံးကြည့်ပြီးရင် တကယ်ပူမပူသိရမှာပါပဲ။

Galaxy Note 9 ရဲ့အတွင်းပိုင်းတည်ဆောက်ပုံတွေကိုကြည့်လိုက်ရင် တော်တော်လေးပြောင်းလဲထားပြီး ပြင်ဆင်ရပိုလွယ်ကူအောင်လုပ်ပေးထားသလိုပါပဲ။ နောက်ထပ် iFixit ရဲ့ TearDown ကိုစောင့်ကြည့်လိုက်ရင် သူတို့ဘယ်လိုသုံးသပ်သလဲသိရဦးမှာပါ။

Ref: SlashGear

You may be interested

Honor Magic 2 ရဲ႕ Teaser Video ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

Honor Magic 2 ရဲ႕ Teaser Video ထြက္ေပၚလာ

Ko Thuya - Oct 21, 2018

Honor Magic 2 ရဲ႕ သတင္းအခ်က္အလက္ အေသးစိတ္မ်ား ေပါက္ၾကားထြက္ေပၚျခင္း မရွိေသးသလို တရုတ္ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) ကိုလည္း သူ႔ရဲ႕ ေဒတာမ်ား မေရာက္ရွိေသးပါဘူး။ ဒါေပမယ့္ Honor က ဖုန္းရဲ႕ အေကာင္းဆံုး စြမ္းရည္မ်ားကို အြန္လိုင္းမွာ မၾကာခဏ…

Vivo V11 ရဲ႕ 25MP AI Camera မွာပါတဲ့ အလန္းစား Feature မ်ား
Android, FEATURES, Mobiles & Tablets
0 shares0 views

Vivo V11 ရဲ႕ 25MP AI Camera မွာပါတဲ့ အလန္းစား Feature မ်ား

Creepy Tyler - Oct 21, 2018

(Zawgyi) Vivo V11 က In-display Fingerprint နည္းပညာ ပါဝင္တဲ့ စမတ္ဖုန္းအျဖစ္ ျပည္တြင္းကို တရားဝင္ ဝင္ေရာက္ခဲ့တဲ့ ပထမဦးဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။ V11 မွာ In-display Fingerprint နည္းပညာအျပင္ Dual-Engine Fast Charging,…

Asus ROG Phone ကို Pre Order ျပဳလုပ္နိုင္ၿပီ
Android, ASUS, HUBS
0 shares0 views

Asus ROG Phone ကို Pre Order ျပဳလုပ္နိုင္ၿပီ

Ko Thuya - Oct 21, 2018

Gaming Phone နယ္ပယ္မွာေတာ့ ၿပိဳင္ဆိုင္မႈ ျပင္းထန္လာေနပါၿပီ။ Razer က ပထမဆံုး Gaming Phone ကို မိတ္ဆက္ၿပီးေနာက္မွာ အျခား ကုမၸဏီမ်ားကလည္း အားက်မခံ သူတို႔ ကိုယ္ပိုင္ Gaming Phone မ်ားကို ပြဲထုတ္လာၾကပါတယ္။ အဲဒီအထဲမွာ Asus…

Leave a Comment

Most from this category