653 Shares 205 Views

Samsung Galaxy Note 9 Event မွ အဓိကေၾကညာခ်က္ သံုးခု

Aug 10, 2018
653 205

ဆမ္ေဆာင္းက Galaxy Note 9 ကို တရား၀င္ေၾကညာလိုက္ပါၿပီ။ သူနဲ႔အတူ သတင္းထြက္ေနတာ ၾကာၿပီ ျဖစ္တဲ့ Galaxy Home စမတ္ စပီကာ အပါအ၀င္ အျခား ထုတ္ကုန္မ်ားကိုပါ ေၾကညာခဲ့ပါတယ္။ အဲဒီအထဲက အေကာင္းဆံုးမ်ားကို ေရြးထုတ္ေပးလိုက္ပါတယ္။

ပိုမိုစြမ္းရည္ျမင့္လာတဲ့ S Pen ပါလာတဲ့ Note 9

Note 9 ဟာ ေနာက္ပိုင္းထုတ္ စြမ္းရည္ျမင့္ ဂလက္ဆီ ဖုန္းမ်ားနဲ႔ ဒီဇိုင္းတူပါတယ္။ ၆.၄ လက္မ မ်က္နွာျပင္နဲ႔ Android 8.1 ပါပါတယ္။ Note Series မ်ားထဲမွာ အႀကီးမားဆံုး 4000mAh Battery ထည့္ထားပါတယ္။ S Pen မွာ ဘလူးတု စြမ္းရည္ပါလာၿပီး Selfie , Presentation မ်ားအတြက္ Remote Shutter လို အလုပ္မ်ားကို လုပ္နုိင္လာပါတယ္။ သူ႔အတြက္သီးျခား ဘက္ထရီ စြမ္းအင္လိုအပ္လာေပမယ့္ Note 9 ထဲမွာ စိုက္ထားခ်ိ္န္မွာ အားသြင္းေပးတုန္းပါပဲ။

Note 9 ဟာ Bixby 2.0 ပါတဲ့ ပထမဆံုး ဖုန္းပါ။ Update မွာ အနီးအနားမွ ပြဲမ်ားကို ရွာျခင္း၊ စားေသာက္ဆိုင္မ်ားမွာ ဘြတ္ကင္လုပ္ျခင္း၊ Uber အငွားယာဥ္ကို ေခၚျခင္းမ်ားလို အလုပ္အသစ္မ်ားကို လုပ္ႏိုင္လာပါတယ္။ ဒါေပမယ့္ Google Assistant ကိုပါ သံုးႏုိင္ပါတယ္။

Note 9 ရဲ႕ Specs မ်ားစြာဟာ Galaxy S9 နဲ႔ တူညီပါတယ္။ 12MP Rear Camera မ်ားနဲ႔ Snapdragon 845 မ်ားက တူညီပါတယ္။ အေျခခံ ေမာ္ဒယ္ျဖစ္တဲ့ 6GB/128GB ကို ၉၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ ေစ်းႏႈန္းက iPhone X နဲ႔ တူပါတယ္။

Galaxy Home

ဆမ္ေဆာင္းရဲ႕ စမတ္စပီကာက တကယ္ ထြက္ရွိလာပါၿပီ။ Galaxy Home လို႔ အမည္ေပးထားၿပီး Bixby ပါလာပါတယ္။ စပီကာမွာ မိုက္ကရိုဖုန္း ရွစ္လံုး၊ စပီကာ ေျခာက္လံုး၊ Subwoofer တစ္လံုး ပါပါတယ္။ “Hey Bixby “ Voice Command ျဖင့္ သူ႔ကို ဆင့္ေခၚႏုိင္ၿပီး အလုပ္မ်ား ခုိင္းနိုင္ပါတယ္။

ဆမ္ေဆာင္းက စပီကာရဲ႕ Surrround Sound အရည္အေသြးကိုသာ ျပသခဲ့ေပမယ့္ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ ရက္ကို မေျပာေသးပါဘူး။ ႏုိ၀င္ဘာလမွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ပိုမို ေျပာမယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Bixby ဟာ Amazon Alexa, Google Assistant , Apple Siri တို႔ကို ယွဥ္ၿပိဳင္မွာပါ။

Galaxy Watch

Samsung က စမတ္နာရီ အသစ္မွာ Gear Brand ကို မသံုးေတာ့ဘဲ Galaxy Watch အမည္အသစ္ကို ေပးထားပါတယ္။ သူ႔မွာ LTE ဆက္သြယ္မႈ၊ Resolution ျမင့္မားတဲ့ AMOLED Touch Screen ၊ Gorilla DX+ Glass နဲ႔ ေရကူးရင္ ၀တ္ဆင္ထားႏုိင္တဲ့ ေရစိုခံစြမ္းရည္မ်ား ပါလာပါတယ္။ အားသြင္းစရာ မလိုဘဲ ရက္ေတာ္ေတာ္ၾကာၾကာ သံုးႏုိင္မယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ေလ့က်င့္ခန္းလုပ္ရင္ အလိုအေလွ်ာက္ သိျခင္း၊ ႏွလံုးခုန္ႏႈန္း ရုတ္တရက္ ျမန္လာတာကို အာရံုခံႏုိင္ျခင္း၊ အိပ္စက္မႈကို ေစာင့္ၾကည့္ေပးျခင္းမ်ားလို က်န္းမာေရးနဲ႔ ပတ္သက္တဲ့ စြမ္းရည္မ်ား ပါလာပါတယ္။ အေရာင္သံုးမ်ိဳးနဲ႔ အရြယ္အစား ႏွစ္မ်ိဳး ထုတ္လုပ္ေပးထားပါတယ္။ LTE Model ကို $375 (42mm) နဲ႔ $400 (46mm) သတ္မွတ္ထားပါတယ္။ Bluetooth Model ဟာ $330 (42mm) နဲ႔ $350 (46mm) က်သင့္ပါတယ္။

Ref : theverge

unicode

Samsung Galaxy Note 9 Event မှ အဓိကကြေညာချက် သုံးခု

ဆမ်ဆောင်းက Galaxy Note 9 ကို တရားဝင်ကြေညာလိုက်ပါပြီ။ သူနဲ့အတူ သတင်းထွက်နေတာ ကြာပြီ ဖြစ်တဲ့ Galaxy Home စမတ် စပီကာ အပါအဝင် အခြား ထုတ်ကုန်များကိုပါ ကြေညာခဲ့ပါတယ်။ အဲဒီအထဲက အကောင်းဆုံးများကို ရွေးထုတ်ပေးလိုက်ပါတယ်။

ပိုမိုစွမ်းရည်မြင့်လာတဲ့ S Pen ပါလာတဲ့ Note 9

Note 9 ဟာ နောက်ပိုင်းထုတ် စွမ်းရည်မြင့် ဂလက်ဆီ ဖုန်းများနဲ့ ဒီဇိုင်းတူပါတယ်။ ၆.၄ လက်မ မျက်နှာပြင်နဲ့ Android 8.1 ပါပါတယ်။ Note Series များထဲမှာ အကြီးမားဆုံး 4000mAh Battery ထည့်ထားပါတယ်။ S Pen မှာ ဘလူးတု စွမ်းရည်ပါလာပြီး Selfie , Presentation များအတွက် Remote Shutter လို အလုပ်များကို လုပ်နိုင်လာပါတယ်။ သူ့အတွက်သီးခြား ဘက်ထရီ စွမ်းအင်လိုအပ်လာပေမယ့် Note 9 ထဲမှာ စိုက်ထားချိန်မှာ အားသွင်းပေးတုန်းပါပဲ။

Note 9 ဟာ Bixby 2.0 ပါတဲ့ ပထမဆုံး ဖုန်းပါ။ Update မှာ အနီးအနားမှ ပွဲများကို ရှာခြင်း၊ စားသောက်ဆိုင်များမှာ ဘွတ်ကင်လုပ်ခြင်း၊ Uber အငှားယာဉ်ကို ခေါ်ခြင်းများလို အလုပ်အသစ်များကို လုပ်နိုင်လာပါတယ်။ ဒါပေမယ့် Google Assistant ကိုပါ သုံးနိုင်ပါတယ်။

Note 9 ရဲ့ Specs များစွာဟာ Galaxy S9 နဲ့ တူညီပါတယ်။ 12MP Rear Camera များနဲ့ Snapdragon 845 များက တူညီပါတယ်။ အခြေခံ မော်ဒယ်ဖြစ်တဲ့ 6GB/128GB ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဈေးနှုန်းက iPhone X နဲ့ တူပါတယ်။

Galaxy Home

ဆမ်ဆောင်းရဲ့ စမတ်စပီကာက တကယ် ထွက်ရှိလာပါပြီ။ Galaxy Home လို့ အမည်ပေးထားပြီး Bixby ပါလာပါတယ်။ စပီကာမှာ မိုက်ကရိုဖုန်း ရှစ်လုံး၊ စပီကာ ခြောက်လုံး၊ Subwoofer တစ်လုံး ပါပါတယ်။ “Hey Bixby “ Voice Command ဖြင့် သူ့ကို ဆင့်ခေါ်နိုင်ပြီး အလုပ်များ ခိုင်းနိုင်ပါတယ်။

ဆမ်ဆောင်းက စပီကာရဲ့ Surrround Sound အရည်အသွေးကိုသာ ပြသခဲ့ပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့် ရက်ကို မပြောသေးပါဘူး။ နိုဝင်ဘာလမှာ သူ့ရဲ့ သတင်းအချက်အလက်များကို ပိုမို ပြောမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Bixby ဟာ Amazon Alexa, Google Assistant , Apple Siri တို့ကို ယှဉ်ပြိုင်မှာပါ။

Galaxy Watch

Samsung က စမတ်နာရီ အသစ်မှာ Gear Brand ကို မသုံးတော့ဘဲ Galaxy Watch အမည်အသစ်ကို ပေးထားပါတယ်။ သူ့မှာ LTE ဆက်သွယ်မှု၊ Resolution မြင့်မားတဲ့ AMOLED Touch Screen ၊ Gorilla DX+ Glass နဲ့ ရေကူးရင် ဝတ်ဆင်ထားနိုင်တဲ့ ရေစိုခံစွမ်းရည်များ ပါလာပါတယ်။ အားသွင်းစရာ မလိုဘဲ ရက်တော်တော်ကြာကြာ သုံးနိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် အလိုအလျှောက် သိခြင်း၊ နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာတာကို အာရုံခံနိုင်ခြင်း၊ အိပ်စက်မှုကို စောင့်ကြည့်ပေးခြင်းများလို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စွမ်းရည်များ ပါလာပါတယ်။ အရောင်သုံးမျိုးနဲ့ အရွယ်အစား နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ LTE Model ကို $375 (42mm) နဲ့ $400 (46mm) သတ်မှတ်ထားပါတယ်။ Bluetooth Model ဟာ $330 (42mm) နဲ့ $350 (46mm) ကျသင့်ပါတယ်။

Ref : theverge

You may be interested

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္
Apple, HUBS, NEWS
0 shares0 views

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္

Ko Thuya - Aug 19, 2018

ထို္င္၀မ္က ထြက္လာတဲ့ သတင္းမ်ားအရ Apple ဟာ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာမယ္လို႔ သိရပါတယ္။ ထိုင္၀မ္ သုေတသန အဖြဲ႕အစည္း TrendForce က ဒီသတင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္ဇယားဟာ iPhone…

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ္ထြက္ရွိလာတဲ့ စကိတ္စီးတဲ့ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား
FEATURES, gadgets
68 shares12 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Ko Thuya - Aug 19, 2018

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ TechDen™ – Screen Time…

Leave a Comment

Most from this category