Samsung က Galaxy Watch ကို ကြေညာ
Ref : gsmarena
unicode
Samsung က Galaxy Watch ကို ကွညော
Samsung က စမတ်နာရီ အသစ်ကို Note 9 နဲ့ အတူ ကြေညာလိုက်ပါတယ်။ သူ့ကို Gear လို့ အမည်မပေးတော့ဘဲ Galaxy Watch လို့ အမည်ပေးထားပါတယ်။ သူဟာ တကယ်တော့ Gear S3 ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ ၄၆ နဲ့ ၄၂ မီလီမီတာဆိုပြီး မော်ဒယ်နှစ်ခု ထုတ်လုပ်ထားပါတယ်။ ကိုယ်ထည်အရောင်များ အနေနဲ့ အနက်၊ နှင်းဆီ ရွှေနဲ့ ငွေရောင်များ ထုတ်လုပ်ထားပါတယ်။ လက်ပတ်ကြိုးများကို အရောင်နဲ့ အမျိုးအစား မျိုးစုံ ထုတ်လုပ်ထားမှာပါ။
Tizen OS ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ ပတ်လည်မှ ဘောင်အဝိုင်းကို လှည့်ခြင်းဖြင့် Tizen Interface ကို Navigate လုပ်ရမှာပါ။ 46mm Model မှာ 472mAh နဲ့ 42mm Model မှာ 270mAh Battery ထည့်ထားပါတယ်။ မော်ဒယ်နှစ်ခုစလုံးရဲ့ ဘက်ထရီ သက်တမ်းဟာ ရက်များစွာ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
နှစ်မျိုးစလုံးအတွက် Bluetooth နဲ့ LTE Model များ ထုတ်လုပ်ပေးထားပါတယ်။ မော်ဒယ်အားလုံးမှာ GPS နဲ့ 4GB Storage များပါပါတယ်။ LTE Model မှာ 1.5GB RAM နဲ့ Bluetooth Model မှာ 768MB RAM ပါပါတယ်။ Watch Face ပေါင်း ၆၀ ကျော်ရှိပါတယ်။ IP68 စံနှုန်းရှိပြီး ရေစိုခံပါတယ်။ အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတနယ်။
၁.၃ လက်မ (46mm) နဲ့ ၁.၂ လက်မ (42mm) မျက်နှာပြင်များ ပါပြီး Gorilla Glass DX+ ဖြင့် ကာကွယ်ထားပါတယ်။ Galaxy Watch ဟာ ကိုယ်လက်ကြံ့ခိုင်မှုနဲ့ ကျန်းမာရေးအတွက် အဓိက ဖန်တီးထားတာပါ။ လေ့ကျင့်ခန်း အမျိုးအစား ၃၉ ခုကို တိုင်းတာပေးနိုင်ပါတယ်။ အိပ်စက်မှု နဲ့ စိတ်ဖိစီးမှု အခြေအနေကိုလည်း စောင့်ကြည့်ပေးပါတယ်။
LTE Model ကို $375 (42mm) နဲ့ $400 (46mm) သတ်မှတ်ထားပါတယ်။ Bluetooth Model ဟာ $330 (42mm) နဲ့ $350 (46mm) ကျသင့်ပါတယ်။
Ref : gsmarena
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…
Leave a Comment
You must be logged in to post a comment.