1917 Shares 4910 Views
Mid-range ဖုန်းတွေအတွက် ထွက်လာခဲ့ပြီဖြစ်တဲ့ PUBG Mobile Lite
Aug 10, 2018
1917 4910
[Zawgyi]
Ref: PUBG, SlashGear
[Unicode]
ဒီတစ်ပတ် TGIF အတွက်က ဘာလေးဖြစ်မယ်ထင်လဲ??  🤔🤔🤔
ဒီတစ်ပတ်ကတော့ ဘတ်ဂျတ်ဖုန်းသမားတွေ Mid-range ဖုန်းပိုင်ရှင်တွေ ပျော်သွားစေနိုင်လောက်တဲ့ သတင်းလေးတစ်ခုပါလာပါပြီ။
PUBG Lite gives mid-range Android phones their turn
အခုချိန်အနေနဲ့ကြည့်ရင် Fortnite Android ကိုမျှော်နေတဲ့သူတွေ မနည်းမနောရှိမှာပါ။ အဲထဲကမှ Galaxy ဖုန်းပိုင်ရှင်တွေကတော့ ကံထူးရှင်တွေပေါ့။ သူနဲ့အပြိုင် PUBG ကတော့ Android ရော iOS အတွက်ရောထွက်ပြီးသားဖြစ်တော့ Android သမားတွေနဲ့သိပ်မစိမ်းပါဘူး။ ထွက်လာတော့မယ့် Fortnite နဲ့အပြိုင် PUBG ကရော ဘယ်လိုစိတ်ဝင်စားစရာတွေ ထွက်လာခဲ့ပြီလဲ??
မှန်ပါတယ်။ စွမ်းဆောင်ရည်နိမ့်တဲ့ ဖုန်းတွေအတွက် PUBG က ပိုပြီးပေါ့ပါးတဲ့ PUBG Lite ကို  ထုတ်ပေးလိုက်ပါပြီ။ တစ်ချို့နိုင်ငံတွေမှာတော့ ဒီ Lite ဗားရှင်းကို ဆော့လို့ရနေပါပြီ။
ဂိမ်းရဲ့မူရင်းရည်ရွယ်ချက်ကိုမပျောက်အောင် ဖန်တီးထားတဲ့အတွက် ပုံမှန် PUBG ဂိမ်းကိုဆော့ရတဲ့အတိုင်းခံစားချက်မျိုး ဒီ PUBG Lite က ပေးပါလိမ့်မယ်။ high-quality graphics တွေ HD audio တွေကို လျှော့ချထားတာမျိုးမဟုတ်တဲ့အပြင် သူငယ်ချင်းတွေနဲ့လည်း team ဖွဲ့ပြီး squad ဆော့လို့လည်းရပါမယ်။ ပြောရရင် Lite ဗားရှင်းသာဆိုတာလုံးဝ ထပ်တူနီးပါးလောက်တူတူပဲလို့ပြောရမှာပါ။
ဒီ Lite ဗားရှင်းမှာတော့ အရင်ဗားရှင်းလို  Player အယောက် ၁၀၀ မဟုတ်တော့ဘဲ အယောက် ၄၀နဲ့ပဲကန့်သတ်ထားပါတယ်။ မြေပုံက 2km x 2km ဆိုတော့ နည်းနည်းပိုသေးသွားတဲ့အတွက် ပြေးတာတွေလျှော့ တိုက်ရမှာများလာမယ့်ပုံပါ။ (မြန်မြန်လည်းသေရင်သေသွားနိုင်တာပေါ့ 😝😝)
လက်ရှိအချိန်မှာ Fortnite ဆော့လို့ရတဲ့ Android ဖုန်းဆိုလို့ Galaxy ဖုန်းတွေပဲရှိသေးတာဆိုတော့ Android ဖုန်းတွေဆီ သူရောက်မလာခင် PUBG အနေနဲ့ ဘတ်ဂျတ်ဖုန်း Mid-range ဖုန်းတွေမှာပါဆော့လို့ရအောင်လုပ်ပြီး scope ပိုခဲျ့လာချင်တဲ့သဘောမျိုးပါပဲ။ အခု ဒီ Lite ဗားရှင်းကတော့ နိုင်ငံတိုင်းမှာမရသေးပေမယ့် မစောင့်နိုင်တော့ဘူး ဆော့ချင်နေပါပြီဆိုရင်တော့ အရင်အတိုင်း နည်းအသွယ်သွယ်နဲ့ ဟိုရှာဒီဖွေလုပ်ပြီး ဆော့လို့ရနေပြီဖြစ်ကြောင်း လက်တို့လိုက်ရင်း ဒီတစ်ပတ်ရဲ့ TGIF ကို PUGB Lite လေးနဲ့ ၂ပါး ၄ပါးသွားနိုင်ကြပါစေလို့…
Ref: PUBG, SlashGear
You may be interested
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Apple, HUBS, NEWS
0 shares0 views
Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Ko Thuya - Aug 19, 2018
ထိုင်ဝမ်က ထွက်လာတဲ့ သတင်းများအရ Apple ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလများအတွင်းမှာ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ ထိုင်ဝမ် သုတေသန အဖွဲ့အစည်း TrendForce က ဒီသတင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ဇယားဟာ iPhone…
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
FEATURES, Games
0 shares0 views
ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
Ko Thuya - Aug 19, 2018
Epic Skater 2 ဟာ အသစ်ထွက်ရှိလာတဲ့ စကိတ်စီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
68 shares12 views
ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
Ko Thuya - Aug 19, 2018
လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ TechDen™ – Screen Time…
Leave a Comment
Most from this category