0 Shares 1539 Views

ပိုမိုႀကီးမားတဲ့ မ်က္ႏွာျပင္၊ ဘက္ထရီနဲ႔ ပိုမို စြမ္းရည္ျမင့္လာတဲ့ S Pen မ်ား ပါလာတဲ့ Galaxy Note 9

Aug 10, 2018
0 1539

Samsung က Note Series ရဲ႕ မ်ိဳးဆက္သစ္ Galaxy Note 9 ကို ေၾကညာလိုက္ပါၿပီ။ Note 8 ထက္ ပိုမုိ ႀကီးမားတဲ့ မ်က္နွာျပင္၊ ဘက္ထရီနဲ႔ ပိုမို စြမ္းရည္ျမင့္လာတဲ့ S Pen မ်ား ပါလာပါတယ္။ အေျခခံ ေမာ္ဒယ္ရဲ႕ ေစ်းႏႈန္းဟာ iPhone X နဲ တူေနပါတယ္။ 6GB/128GB Model ကို ၉၉၉ ေဒၚလာနဲ႔ 8GB/512GB Model ကို ၁၂၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ ျမန္မာမွာ ၁၃ သိန္းခြဲနဲ႔ ၁၇ သိန္းခြဲ အသီးသီး သတ္မွတ္ထားပါတယ္။

သူ႔မွာ ၆.၄ လက္မ Super AMOLED Display တပ္ဆင္ထားၿပီး Note 8 ထက္ ၀.၁ လက္မ ပိုမိုႀကီးမားလာတာက သိပ္ေတာ့ မသိသာပါဘူး။ 1440x2960p Resolution ျဖစ္ပါတယ္။ HDR10 နဲ Always On Display တို႔ကို ေထာက္ပံ့ပါတယ္။ အေနာက္ဘက္မွာ OIS ပါတဲ့ 12MP Dual-Aperture F/1.5-2.4 Wide နဲ 12MP F/2.4 Telephoto Camera မ်ားပါပါတယ္။ ကင္မရာမွာ Intelligent Camera အမည္ရ နည္းပညာ အသစ္ပါလာပါတယ္။ သူက ရႈခင္းမ်ားကို ခြဲျခားႏုိင္ျခင္း၊ အေရာင္မ်ားကို တိက်ေစျခင္း၊ လူေတြ မ်က္စိပိတ္ေနျခင္းနဲ႔ Lens မွာ ဖုန္ကပ္ေနျခင္းတို႔လို အျပစ္အနာအဆာမ်ားကို ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ အေရွ႕ဘက္မွာ 8MP f/1.7 Camera ထည့္ထားပါတယ္။

S Pen မွာ ပထမဆံုး အေနနဲ႔ ဘလူးတု ဆက္သြယ္မႈ ပါလာပါတယ္။ ဖုန္းနဲ႔ ၁၀ မီတာ အကြာမွာ S Pen ကို ကင္မရာရဲ႕ Remote Shutter လို သံုးႏိုင္တဲ့အတြက္ Selfie Stick မ်ား မလိုေတာ့ပါဘူး။ တစ္ခါအားသြင္းထားရင္ မိနစ္ ၃၀ သံုးႏုိင္ပါတယ္။ ဖုန္းေရာ S Pen ပါ IP68 စံႏႈန္းျဖင့္ ေရစိုခံႏုိင္ပါတယ္။ Note 9 ရဲ႕ ဘက္ထရီကလည္း Note 8 ထက္ ၂၀ ရာခုိင္ႏႈန္း ပိုႀကီးတဲ့ 4000mAh ကို သံုးထားပါတယ္။ Quick Charge 2.0 သာပါတာက အားနည္းခ်က္ပါ။ လွ်င္ျမန္တဲ့ ႀကိဳးမဲ့ အားသြင္း စနစ္ေတာ့ ပါလာပါတယ္။

Exynos 9810 Octa-Core Chipset ေမာင္းႏွင္ထားပါတယ္။ Fingerprint Scanner ကို ပိုမိုအဆင္ေျပတဲ့ အေနာက္ကင္မရာမ်ားရဲ႕ ေအာက္ကို ေျပာင္းေရႊ႕ထားပါတယ္။ သတင္းထြက္ေနသလို Under-display Fingerprint Scanner ေတာ့ မပါပါဘူး။ Note 9 ကို ေမာ္နီတာနဲ႔ ခ်ိတ္ဆက္ၿပီး ပီစီလို သံုးႏုိင္ဖို႔အတြက္ DeX Dock လည္း မလိုေတာ့ပါဘူး။ ဖုန္းထဲမွာပဲ DeX Dock ကို ထည့္ထားေပးပါတယ္။ အျပာ၊ အနက္ ခရမ္းနဲ႔ ေကာ့ပါး အေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

Ref : gsmarena

unicode

ပိုမိုကြီးမားတဲ့ မျက်နှာပြင်၊ ဘက်ထရီနဲ့ ပိုမို စွမ်းရည်မြင့်လာတဲ့ S Pen များ ပါလာတဲ့ Galaxy Note 9

Samsung က Note Series ရဲ့ မျိုးဆက်သစ် Galaxy Note 9 ကို ကြေညာလိုက်ပါပြီ။ Note 8 ထက် ပိုမို ကြီးမားတဲ့ မျက်နှာပြင်၊ ဘက်ထရီနဲ့ ပိုမို စွမ်းရည်မြင့်လာတဲ့ S Pen များ ပါလာပါတယ်။ အခြေခံ မော်ဒယ်ရဲ့ ဈေးနှုန်းဟာ iPhone X နဲ တူနေပါတယ်။ 6GB/128GB Model ကို ၉၉၉ ဒေါ်လာနဲ့ 8GB/512GB Model ကို ၁၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာမှာ ၁၃ သိန်းခွဲနဲ့ ၁၇ သိန်းခွဲ အသီးသီး သတ်မှတ်ထားပါတယ်။

သူ့မှာ ၆.၄ လက်မ Super AMOLED Display တပ်ဆင်ထားပြီး Note 8 ထက် ဝ.၁ လက်မ ပိုမိုကြီးမားလာတာက သိပ်တော့ မသိသာပါဘူး။ 1440x2960p Resolution ဖြစ်ပါတယ်။ HDR10 နဲ Always On Display တို့ကို ထောက်ပံ့ပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 12MP Dual-Aperture F/1.5-2.4 Wide နဲ 12MP F/2.4 Telephoto Camera များပါပါတယ်။ ကင်မရာမှာ Intelligent Camera အမည်ရ နည်းပညာ အသစ်ပါလာပါတယ်။ သူက ရှုခင်းများကို ခွဲခြားနိုင်ခြင်း၊ အရောင်များကို တိကျစေခြင်း၊ လူတွေ မျက်စိပိတ်နေခြင်းနဲ့ Lens မှာ ဖုန်ကပ်နေခြင်းတို့လို အပြစ်အနာအဆာများကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP f/1.7 Camera ထည့်ထားပါတယ်။

S Pen မှာ ပထမဆုံး အနေနဲ့ ဘလူးတု ဆက်သွယ်မှု ပါလာပါတယ်။ ဖုန်းနဲ့ ၁၀ မီတာ အကွာမှာ S Pen ကို ကင်မရာရဲ့ Remote Shutter လို သုံးနိုင်တဲ့အတွက် Selfie Stick များ မလိုတော့ပါဘူး။ တစ်ခါအားသွင်းထားရင် မိနစ် ၃၀ သုံးနိုင်ပါတယ်။ ဖုန်းရော S Pen ပါ IP68 စံနှုန်းဖြင့် ရေစိုခံနိုင်ပါတယ်။ Note 9 ရဲ့ ဘက်ထရီကလည်း Note 8 ထက် ၂၀ ရာခိုင်နှုန်း ပိုကြီးတဲ့ 4000mAh ကို သုံးထားပါတယ်။ Quick Charge 2.0 သာပါတာက အားနည်းချက်ပါ။ လျှင်မြန်တဲ့ ကြိုးမဲ့ အားသွင်း စနစ်တော့ ပါလာပါတယ်။

Exynos 9810 Octa-Core Chipset မောင်းနှင်ထားပါတယ်။ Fingerprint Scanner ကို ပိုမိုအဆင်ပြေတဲ့ အနောက်ကင်မရာများရဲ့ အောက်ကို ပြောင်းရွှေ့ထားပါတယ်။ သတင်းထွက်နေသလို Under-display Fingerprint Scanner တော့ မပါပါဘူး။ Note 9 ကို မော်နီတာနဲ့ ချိတ်ဆက်ပြီး ပီစီလို သုံးနိုင်ဖို့အတွက် DeX Dock လည်း မလိုတော့ပါဘူး။ ဖုန်းထဲမှာပဲ DeX Dock ကို ထည့်ထားပေးပါတယ်။ အပြာ၊ အနက် ခရမ်းနဲ့ ကော့ပါး အရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena

You may be interested

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန
Android, Apple, HUBS
0 shares0 views

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန

Ko Thuya - Jul 21, 2019

စမတ္ဖုန္း အေဟာင္းမ်ားကို အသစ္မ်ားနဲ႔ လဲလွယ္ေပးတဲ့ BankMyCell ရဲ႕ ေဒတာမ်ားအရ iPhone ကေန Samsung Phone ေျပာင္းကိုင္မႈ မ်ားျပားေနတယ္လို႔ သိရပါတယ္။ iPhone အေဟာင္း ပိုင္ရွင္မ်ားဟာ iPhone အသစ္မ်ားနဲ႔ လဲလွယ္ျခင္း မရွိေတာ့ဘဲ အျခား ဘရန္းမ်ားကို…

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်
HUBS, NEWS, Storage Devices
0 shares44 views

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်

Ko Thuya - Jul 21, 2019

Redmi က စမတ္ဖုန္းမ်ား အျပင္ ပါ၀ါဘန္႔မ်ားကို ထုတ္လုပ္ေရာင္းခ်လိုက္ပါတယ္။ ကုမၸဏီရဲ႕ ပထမဆံုး ပါ၀ါဘန္႔မ်ား ျဖစ္ပါတယ္။ 10000mAh နဲ႔ 20000mAh Power Bank မ်ား ျဖစ္ၿပီး ၅၉ ယြမ္နဲ႔ ၉၉ ယြမ္ အသီးသီး သတ္မွတ္ထားပါတယ္။…

Pixel 4 ရဲ႕ Screen ဓါတ္ပံု ထြက္ေပၚလာ
Android, Google, HUBS
0 shares15 views

Pixel 4 ရဲ႕ Screen ဓါတ္ပံု ထြက္ေပၚလာ

Ko Thuya - Jul 21, 2019

Google Pixel 4 ရဲ႕ ဓါတ္ပံုမ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္မွ ေဘာင္ဟာ ႀကီးမားတာကို ျမင္ရပါတယ္။ Ice Universe က အဲဒီ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္တာပါ။ S10 Plus , OnePlus 7…

Leave a Comment

Most from this category