2136 Shares 8492 Views

စြမ္းေဆာင္ရည္ျမင့္၊ တန္ဖိုးနည္း စမတ္လက္ပတ္ Mi Band 3 (Budgeteer)

Aug 09, 2018
2136 8492

[Zawgyi]

Fitness tracker လို႕ေခၚတဲ့ က်န္းမာေရးအေထာက္အကူျပဳ လက္ပတ္ေတြဟာ အခုေနာက္ပိုင္းမွာ ေတာ္ေတာ္ေလး ေခတ္စားလာျပီျဖစ္ပါတယ္။ ၈ ေသာင္း ၉ ေသာင္းတန္ စမတ္လက္ပတ္ေတြရွိသလို၊ Xiaomi က ထုတ္တဲ့ Mi Band လို တန္ဖိုးနည္း စမတ္လက္ပတ္ေတြလည္း ရွိပါတယ္။ ဒီထဲကမွ Xiaomi ကေန ေနာက္ဆုံးထုတ္ထားတဲ့ Mi Band 3 စမတ္လက္ပတ္ကို ဒီတပတ္ Budgeteer က႑အတြက္ ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

Mi Band 3 ဟာ Amazfit ကို ထုတ္ေပးတဲ့ Huami ကုမၸဏီနဲ႔ Xiaomi တို႔ ပူးေပါင္း ထုတ္လုပ္ထားတာျဖစ္ျပီး၊ ေစ်းႏွဳန္းအေနနဲ႔ ျမန္မာေငြက်ပ္ ေလးေသာင္းဝန္းက်င္ပဲ ရွိမွာျဖစ္ပါတယ္။

Mi Band 3 Design and Display

Mi Band 3 ဟာ ဒီဇိုင္းပို္င္းအေနနဲ႔ အရင္ Mi Band 2 နဲ႔ သိသိသာသာ ကြာျခားသြားတာမ်ိဳး မရွိေပမယ့္၊ အဓိကေျပာင္းလဲခ်က္ကေတာ့ OLED Display ပိုၾကီးလာျပီး၊ Display တခုလုံးက touchscreen အသုံးျပဳႏိုင္မွာပါ။ လက္ပတ္မပါ Tracker ရဲ႕ အရြယ္အစားက 17.9 x 46.9 x 12mm သာ ရွိတာေၾကာင့္ စမတ္နာရီေလာက္လဲ မၾကီးပါဘူး။ ေရစိုခံႏိုင္တဲ့အတြက္ ေရခ်ိဳးရင္ ခၽြတ္စရာမလိုသလို၊ ေရကူးတဲ့အခါမွာလည္း ပတ္ထားႏို္င္ပါတယ္။ ၅၀ မီတာအထိ ေရစိမ္ခံတယ္လို႔ သိရပါတယ္။ လက္ပတ္ၾကိဳးကေတာ့ ဆီလီကြန္နဲ႔ပဲ ျဖစ္ျပီး၊ ေခၽြးထြက္မ်ားတဲ့လူေတြေတာင္ သက္ေတာင့္သက္သာ ဝတ္ဆင္ႏိုင္ပါတယ္။ တန္ဖိုးၾကီး Fitness tracker ေတြလို စတိုင္အရမ္းအက်ၾကီးေတာ့ မဟုတ္ေပမယ့္၊ ၾကည့္လို႕ေကာင္းပါေသးတယ္။

မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Xiaomi Hey+ စမတ္လက္ပတ္မွာ OLED Display က ကာလာနဲ႔ ျဖစ္သြားေပမယ့္၊ Mi Band 3 မွာေတာ့ တေရာင္တည္းျပေပးမွာပါ။ 128 x 80 pixels Display ျဖစ္ျပီး၊ အရင္ Mi Band 2 ထက္ Brightness ေကာ ပိုေကာင္းလာပါတယ္။ Display ပိုၾကီးလာတာေၾကာင့္ Information လည္း မ်ားမ်ားပိုျပလာႏိုင္ျပီး၊ တရုတ္စာလုံးေရ ၂၄ လုံးအထိ ျပႏိုင္ပါတယ္။ အဂၤလိပ္လိုလည္း ျမင္ရပါတယ္။ ျမန္မာလိုေတာ့ ျမင္ရမွာမဟုတ္ပါဘူး။ Email ေတြနဲ႔ တျခား Messaging App က မက္ေဆ့ေတြဆိုရင္ေတာ့ ပို႔တဲ့လူနဲ႔ အေၾကာင္းအရာေလာက္ကို ျမင္ႏိုင္ပါတယ္။

ပါဝင္သည့္ Features မ်ား

Mi Band 3 ကို Mi Fit app နဲ႔ အဓိက ခ်ိတ္ဆက္အသုံးျပဳရမွာျဖစ္ျပီး၊ ေျခလွမ္းအေရအတြက္၊ ေသြးခုန္ႏွဳန္း၊ အေျပး၊ ေရကူး၊ စက္ဘီးစီး စတဲ့ ေလ့က်င့္ခန္းလုပ္ရာမွာ အကြာအေဝးေတြနဲ႔ ကယ္လိုရီေလာင္ကၽြမ္းသြားတဲ့ ပမာဏေတြကိုပါ ျပႏိုင္ပါတယ္။ Mi Band 3 မွာ GPS built-in မပါဝင္ဘဲ ဖုန္း GPS နဲ႔ တြဲဖက္လုပ္ေဆာင္တာ ျဖစ္တာေၾကာင့္ ရလဒ္က အရမ္းမတိက်ေပမယ့္၊ အနီးစပ္ဆုံး မွန္ကန္တယ္လို႔ ဆိုႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ေနခ်ိန္မွာ ႏွလုံးခုန္ႏွုန္းကို လစ္မစ္ေပးထားလို႕ရျပီး၊ အဲ့လစ္မစ္ေက်ာ္သြားရင္ လက္ပတ္က တုန္ခါျပီး သတိေပးမွာပါ။

ဖုန္းနဲ႔ မက္ေဆ့ေတြ ဝင္လာရင္လည္း လက္ပတ္ကေန Vibrate လုပ္ျပီး အသိေပးမွာပါ။ Caller ID နဲ႕ Call Reject စြမ္းေဆာင္ရည္ေတြ ပါရွိတာေၾကာင့္ ဖုန္း Contact list ထဲက နံပါတ္ေတြကိုပဲ Vibrate လုပ္ခိုင္းတာနဲ႔ မကိုင္ခ်င္ရင္ လက္ပတ္ကေနတင္ ခ်ပစ္တာေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ Sleep Cycle လည္း စစ္ေဆးေပးႏိုင္တာေၾကာင့္ ကိုယ္ဘယ္အခ်ိန္မွာ အိပ္ေပ်ာ္သြားတယ္၊ ဘယ္ေလာက္ထိ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္တယ္၊ ဘယ္အခ်ိန္မွာ ႏိုးလာတယ္ စတဲ့ ေဒတာေတြ အားလုံးကို App ထဲမွာ ျပန္စစ္ၾကည့္ႏိုင္ပါတယ္။

တရုတ္ႏိုင္ငံတြင္းက Mi Band 3 မွာေတာ့ NFC ပါတဲ့ေမာ္ဒယ္ရွိျပီး၊ မိုဘို္င္းေငြေပးေခ်မွဳေတြကိုပါ လက္ပတ္နဲ႔တင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဒီမွာေတာ့ အဆိုပါေမာ္ဒယ္ကို မေတြ႕ရေသးပါဘူး။ ရွိရင္ေတာင္ Contactless payment မတြင္က်ယ္ေသးတဲ့အတြက္ သိပ္အသုံးဝင္မွာမဟုတ္ပါဘူး။

Mi Band 3 Display မွာ ရက္စြဲ၊ အခ်ိန္နဲ႔ မိုးေလဝသခန္႔မွန္းခ်က္ေတြကိုလည္း ၾကည့္ႏို္င္ပါတယ္။ တျခား Features ေတြအေနနဲ႔ ဖုန္းေပ်ာက္ေနရင္ Mi Band 3 ကေန Ringtone လွမ္းျမည္ခိုင္းလို႕ရတာ၊ အကြာအေဝးတခုေပးထားျပီး ဖုန္း Unlock လုပ္ႏိုင္တာ၊ Reminder နဲ႔ Alarm ေပးႏိုင္တာ၊ လက္ေျမွာက္လိုက္တာနဲ႕ Mi Band က စခရင္ပြင့္လာတာ စတာေတြ ပါဝင္ပါတယ္။ Features အစုံအလင္ကိုေတာ့ Mi Fit App ကေန ထပ္ေလ့လာႏိုင္ပါတယ္။

Mi Band 3 ရဲ႕ အဓိက အားသာခ်က္တခုကေတာ့ 110mAh ဘက္ထရီ ပါဝင္တာျဖစ္ျပီး၊ Xiaomi ရဲ႕ အဆိုအရ ရက္ ၂၀ အထိ ခံတယ္လို႔ သိရပါတယ္။ Features အကုန္သုံးမယ္ဆိုရင္ေတာ့ ၁၅ ရက္ေလာက္ ခံမွာပါ။ အားကုန္သြားရင္လည္း တနာရီေက်ာ္ေလာက္နဲ႔ အားအျပည့္ျပန္သြင္းႏိုင္ပါတယ္။

Mi Band 3 ဟာ က်န္းမာေရး၊ အားကစားလိုက္စားသူ၊ Goal တခုခုထားျပီး ေလ့က်င့္ခန္းလုပ္ခ်င္သူ၊ ကိုယ့္က်န္းမာေရးအခ်က္အလက္ေတြကို အျမဲသိခ်င္ေနသူေတြအတြက္ သင့္ေတာ္တဲ့ တန္ဖုိးနည္း Fitness tracker တခုျဖစ္ပါတယ္။

Ref: Tech Radar, Mi

[Unicode]

Fitness tracker လို့ခေါ်တဲ့ ကျန်းမာရေးအထောက်အကူပြု လက်ပတ်တွေဟာ အခုနောက်ပိုင်းမှာ တော်တော်လေး ခေတ်စားလာပြီဖြစ်ပါတယ်။ ၈ သောင်း ၉ သောင်းတန် စမတ်လက်ပတ်တွေရှိသလို၊ Xiaomi က ထုတ်တဲ့ Mi Band လို တန်ဖိုးနည်း စမတ်လက်ပတ်တွေလည်း ရှိပါတယ်။ ဒီထဲကမှ Xiaomi ကနေ နောက်ဆုံးထုတ်ထားတဲ့ Mi Band 3 စမတ်လက်ပတ်ကို ဒီတပတ် Budgeteer ကဏ္ဍအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Mi Band 3 ဟာ Amazfit ကို ထုတ်ပေးတဲ့ Huami ကုမ္ပဏီနဲ့ Xiaomi တို့ ပူးပေါင်း ထုတ်လုပ်ထားတာဖြစ်ပြီး၊ ဈေးနှုန်းအနေနဲ့ မြန်မာငွေကျပ် လေးသောင်းဝန်းကျင်ပဲ ရှိမှာဖြစ်ပါတယ်။

Mi Band 3 Design and Display

Mi Band 3 ဟာ ဒီဇိုင်းပိုင်းအနေနဲ့ အရင် Mi Band 2 နဲ့ သိသိသာသာ ကွာခြားသွားတာမျိုး မရှိပေမယ့်၊ အဓိကပြောင်းလဲချက်ကတော့ OLED Display ပိုကြီးလာပြီး၊ Display တခုလုံးက touchscreen အသုံးပြုနိုင်မှာပါ။ လက်ပတ်မပါ Tracker ရဲ့ အရွယ်အစားက 17.9 x 46.9 x 12mm သာ ရှိတာကြောင့် စမတ်နာရီလောက်လဲ မကြီးပါဘူး။ ရေစိုခံနိုင်တဲ့အတွက် ရေချိုးရင် ချွတ်စရာမလိုသလို၊ ရေကူးတဲ့အခါမှာလည်း ပတ်ထားနိုင်ပါတယ်။ ၅၀ မီတာအထိ ရေစိမ်ခံတယ်လို့ သိရပါတယ်။ လက်ပတ်ကြိုးကတော့ ဆီလီကွန်နဲ့ပဲ ဖြစ်ပြီး၊ ချွေးထွက်များတဲ့လူတွေတောင် သက်တောင့်သက်သာ ဝတ်ဆင်နိုင်ပါတယ်။ တန်ဖိုးကြီး Fitness tracker တွေလို စတိုင်အရမ်းအကျကြီးတော့ မဟုတ်ပေမယ့်၊ ကြည့်လို့ကောင်းပါသေးတယ်။

မကြာခင်က မိတ်ဆက်ခဲ့တဲ့ Xiaomi Hey+ စမတ်လက်ပတ်မှာ OLED Display က ကာလာနဲ့ ဖြစ်သွားပေမယ့်၊ Mi Band 3 မှာတော့ တရောင်တည်းပြပေးမှာပါ။ 128 x 80 pixels Display ဖြစ်ပြီး၊ အရင် Mi Band 2 ထက် Brightness ကော ပိုကောင်းလာပါတယ်။ Display ပိုကြီးလာတာကြောင့် Information လည်း များများပိုပြလာနိုင်ပြီး၊ တရုတ်စာလုံးရေ ၂၄ လုံးအထိ ပြနိုင်ပါတယ်။ အင်္ဂလိပ်လိုလည်း မြင်ရပါတယ်။ မြန်မာလိုတော့ မြင်ရမှာမဟုတ်ပါဘူး။ Email တွေနဲ့ တခြား Messaging App က မက်ဆေ့တွေဆိုရင်တော့ ပို့တဲ့လူနဲ့ အကြောင်းအရာလောက်ကို မြင်နိုင်ပါတယ်။

ပါဝင်သည့် Features များ

Mi Band 3 ကို Mi Fit app နဲ့ အဓိက ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး၊ ခြေလှမ်းအရေအတွက်၊ သွေးခုန်နှုန်း၊ အပြေး၊ ရေကူး၊ စက်ဘီးစီး စတဲ့ လေ့ကျင့်ခန်းလုပ်ရာမှာ အကွာအဝေးတွေနဲ့ ကယ်လိုရီလောင်ကျွမ်းသွားတဲ့ ပမာဏတွေကိုပါ ပြနိုင်ပါတယ်။ Mi Band 3 မှာ GPS built-in မပါဝင်ဘဲ ဖုန်း GPS နဲ့ တွဲဖက်လုပ်ဆောင်တာ ဖြစ်တာကြောင့် ရလဒ်က အရမ်းမတိကျပေမယ့်၊ အနီးစပ်ဆုံး မှန်ကန်တယ်လို့ ဆိုနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ နှလုံးခုန်နှုန်းကို လစ်မစ်ပေးထားလို့ရပြီး၊ အဲ့လစ်မစ်ကျော်သွားရင် လက်ပတ်က တုန်ခါပြီး သတိပေးမှာပါ။

ဖုန်းနဲ့ မက်ဆေ့တွေ ဝင်လာရင်လည်း လက်ပတ်ကနေ Vibrate လုပ်ပြီး အသိပေးမှာပါ။ Caller ID နဲ့ Call Reject စွမ်းဆောင်ရည်တွေ ပါရှိတာကြောင့် ဖုန်း Contact list ထဲက နံပါတ်တွေကိုပဲ Vibrate လုပ်ခိုင်းတာနဲ့ မကိုင်ချင်ရင် လက်ပတ်ကနေတင် ချပစ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ Sleep Cycle လည်း စစ်ဆေးပေးနိုင်တာကြောင့် ကိုယ်ဘယ်အချိန်မှာ အိပ်ပျော်သွားတယ်၊ ဘယ်လောက်ထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်၊ ဘယ်အချိန်မှာ နိုးလာတယ် စတဲ့ ဒေတာတွေ အားလုံးကို App ထဲမှာ ပြန်စစ်ကြည့်နိုင်ပါတယ်။

တရုတ်နိုင်ငံတွင်းက Mi Band 3 မှာတော့ NFC ပါတဲ့မော်ဒယ်ရှိပြီး၊ မိုဘိုင်းငွေပေးချေမှုတွေကိုပါ လက်ပတ်နဲ့တင် လုပ်ဆောင်နိုင်ပါတယ်။ ဒီမှာတော့ အဆိုပါမော်ဒယ်ကို မတွေ့ရသေးပါဘူး။ ရှိရင်တောင် Contactless payment မတွင်ကျယ်သေးတဲ့အတွက် သိပ်အသုံးဝင်မှာမဟုတ်ပါဘူး။

Mi Band 3 Display မှာ ရက်စွဲ၊ အချိန်နဲ့ မိုးလေဝသခန့်မှန်းချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။ တခြား Features တွေအနေနဲ့ ဖုန်းပျောက်နေရင် Mi Band 3 ကနေ Ringtone လှမ်းမြည်ခိုင်းလို့ရတာ၊ အကွာအဝေးတခုပေးထားပြီး ဖုန်း Unlock လုပ်နိုင်တာ၊ Reminder နဲ့ Alarm ပေးနိုင်တာ၊ လက်မြှောက်လိုက်တာနဲ့ Mi Band က စခရင်ပွင့်လာတာ စတာတွေ ပါဝင်ပါတယ်။ Features အစုံအလင်ကိုတော့ Mi Fit App ကနေ ထပ်လေ့လာနိုင်ပါတယ်။

Mi Band 3 ရဲ့ အဓိက အားသာချက်တခုကတော့ 110mAh ဘက်ထရီ ပါဝင်တာဖြစ်ပြီး၊ Xiaomi ရဲ့ အဆိုအရ ရက် ၂၀ အထိ ခံတယ်လို့ သိရပါတယ်။ Features အကုန်သုံးမယ်ဆိုရင်တော့ ၁၅ ရက်လောက် ခံမှာပါ။ အားကုန်သွားရင်လည်း တနာရီကျော်လောက်နဲ့ အားအပြည့်ပြန်သွင်းနိုင်ပါတယ်။

Mi Band 3 ဟာ ကျန်းမာရေး၊ အားကစားလိုက်စားသူ၊ Goal တခုခုထားပြီး လေ့ကျင့်ခန်းလုပ်ချင်သူ၊ ကိုယ့်ကျန်းမာရေးအချက်အလက်တွေကို အမြဲသိချင်နေသူတွေအတွက် သင့်တော်တဲ့ တန်ဖိုးနည်း Fitness tracker တခုဖြစ်ပါတယ်။

Ref: Tech Radar, Mi

 

 

 

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category