684 Shares 1450 Views

mid-range ဖုန္းေတြအတြက္ Flagship ေတြရဲ႕AI လုပ္ေဆာင္ခ်က္ေတြယူေဆာင္လာတဲ့ Snapdragon 670 အသစ္

Aug 09, 2018
684 1450

[Zawgyi]

Qualcomm ကေတာ့ Mid-range ဖုန္းေတြအတြက္ရည္ရြယ္ထားတဲ့ သူ႔ရဲ႕ Snapdragon 670 chipset အသစ္ေတြကို တိတ္တဆိတ္မိတ္ဆက္လိုက္ပါျပီ။ ဒီပရိုဆက္ဆာက လက္ရိွ BlackBerry Key2, Nokia 7 Plus နဲ႔ Xiaomi Mi A2 တို႔မွာသံုးထားတဲ့ Snapdragon 660 chip ေတြထက္ကို သာသြားပါျပီ။

Snapdragon Logo

Snapdragon 670 ကေတာ့ SD 660 ေတြထက္ စြမ္းေဆာင္ရည္ပိုေကာင္းလာတာအျပင္ အဓိကျခားနားသြားေစတဲ့အခ်က္က Qualcomm ရဲ႕ စြမ္းရည္ျမင့္တဲ့ AI Engine ပါဝင္လာျခင္းပါပဲ။

Snapdragon 845 ေတြမွာေတြ႔ခဲ့ရတဲ့ CPU, GPU နဲ႔ Hexagon 685 digital signal processor ေတြရဲ႕စြမ္းရည္ေတြနဲ႔အတူ သူ႔ရဲ႕ AI Engine က Snapdragon 660 ထက္ကို စြမ္းေဆာင္ရည္ ၁.၈ဆ ပိုေကာင္းသြားတယ္လို႔ ဆိုပါတယ္။ AI smarts ေတြတုိးတက္လာတဲ့အတြက္ “automated setting adjustment” လို႔ေခၚတဲ့ ပံုရိုက္ဖို႔ Setting ကို ေအာ္တိုခ်ိန္ညိွေပးႏုိင္လို႔ ပံုရဲ႕ရုပ္ထြက္ေတြပိုေကာင္းလာသလို voice recognition ကလည္း ပိုေကာင္းလာတယ္လို႔ Qualcomm က ဆိုထားပါတယ္။

သူ႔ရဲ႕ AI Engine က Google ရဲ႕ TensorFlow နဲ႔ TensorFlow Lite, Facebook ရဲ႕ Caffe နဲ႔ Caffe2, Open Neural Network Exchange, Qualcomm ရဲ႕ Neural Processing SDK နဲ႔ Hexagon Neural Network တို႔လို Machine learning frameworks ေတြကိုပါ ေထာက္ပံ့ေပးႏုိင္ပါတယ္။

လြန္ခဲ့တဲ့ ၃လက ထြက္ခဲ့တ့ဲ Snapdragon 710 ကေတာ့ Upper mid-range/sub-flagship ဖုန္းေတြအတြက္ရည္ရြယ္ခဲ့ေပမယ့္ ဒီ Snapdragon 670 ကေတာ့ Mid-Range ဖုန္းေတြအတြက္ပဲ အဓိကရည္ရြယ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ SD 710 ေတြတုန္းကလိုပဲ စြမ္းအင္ကုန္သက္သာေအာင္ Kryo 360 CPU cores, 10nm LPP process ကိုသံုးထားပါတယ္။

Snapdragon 670 ေတြမွာလည္း   clock speed 2.0 GHz ရိွတဲ့ 2 cores+ clock speed 1.7 GHz ရိွတဲ့ စြမ္းရည္ေခြ်တာႏုိင္တဲ့ 6 cores စုစုေပါင္း 8cores ရိွတဲ့ Processor ကိုသံုးထားပါတယ္။ Qualcomm ေျပာပံုအရဆုိရင္ ဒီ SD 670 ေတြက မႏွစ္က SD660 ေတြထက္ကို ၁၅%ေလာက္ပိုျမန္မယ္လို႔ သိရပါတယ္။

Graphic ပိုငး္မွာေတာ့ Adreno  615 GPU ကိုသံုးထားတဲ့အတြက္ Full HD+, 2560 x 1600 screen ေတြကိုေကာင္းေကာင္းၾကီးေထာက္ပံ့ေပးႏိုင္ျပီး SD 660 ေတြထက္ ၂၅%ေလာက္ေတာင္ render speed ပိုျမန္လာတယ္လို႔သိရပါတယ္။

ေနာက္ျပီး Qualcomm ရဲ႕ X12LTE modem သံုးထားတဲ့အတြက္ ေဒါင္းလုပ္အျမန္ႏႈန္းက 600Mbps, upload ႏႈန္း 150Mbps ထိရျပီး Spectra 250 image signal processor ကိုသံုးထားတာေၾကာင့္ 25MP ကင္မရာ၁လံုး ဒါမွမဟုတ္ 16MP ကင္မရာ၂လံုးကို 4K ဗီဒီ ယို (30fps) ေတြရိုက္လို႔ရေအာင္ ေထာက္ပံ့ေပးႏုိင္ပါတယ္။

Snapdragon 670 သံုးထားတဲ့ စမတ္ဖုန္းေတြကေတာ့ Qualcomm ရဲ႕ Aqustic and aptX audio နည္းပညာ၊ Quick Charge 4.0+ နဲ႔ Bluetooth 5.0 တုိ႔ကို သံုးနုိင္မွာျဖစ္ပါတယ္။

Qualcomm အေနနဲ႔ Snapdragon 670 ကို စမတ္ဖုန္းကုမၸဏီေတြဆီ စျဖန္႔ေနျပီလို႔သိရျပီး ၂၀၁၈ မကုန္ခင္မွာေတာ့ Mid-range ဖုန္းေတြမွာ ေတြ႔လာရနုိင္ေခ်ရိွပါတယ္။ wearable device ေတြမွာသံုးမယ့္ Qualcomm ရဲ႕chip အသစ္ကေတာ့ စိတ္ဝင္စားမႈအမ်ားဆံုးခံေနရခ်ိန္ျဖစ္ပီး Google ကလည္း ေအာက္တိုဘာလပြဲမွာ Wear OS Watch ကို processor အသစ္နဲ႔ထုတ္ေတာ့မယ္ဆိုေတာ့ Qualcomm နဲ႔ Google ဘယ္လိုေတြစခန္းသြားၾကမလဲဆိုတာ ေအာက္တိုဘာလမွာျမင္ရေတာ့မွာပါ။

Ref: AndroidAuthority, Engadget

[Unicode]

Qualcomm ကတော့ Mid-range ဖုန်းတွေအတွက်ရည်ရွယ်ထားတဲ့ သူ့ရဲ့ Snapdragon 670 chipset အသစ်ေတွကို တိတ်တဆိတ်မိတ်ဆက်လိုက်ပါပြီ။ ဒီပရိုဆက်ဆာက လက်ရှိ BlackBerry Key2, Nokia 7 Plus နဲ့ Xiaomi Mi A2 တို့မှာသုံးထားတဲ့ Snapdragon 660 chip တွေထက်ကို သာသွားပါပြီ။

Snapdragon Logo

Snapdragon 670 ကတော့ SD 660 တွေထက် စွမ်းဆောင်ရည်ပိုကောင်းလာတာအပြင် အဓိကခြားနားသွားစေတဲ့အချက်က Qualcomm ရဲ့ စွမ်းရည်မြင့်တဲ့ AI Engine ပါဝင်လာခြင်းပါပဲ။

Snapdragon 845 တွေမှာတွေ့ခဲ့ရတဲ့ CPU, GPU နဲ့ Hexagon 685 digital signal processor တွေရဲ့စွမ်းရည်တွေနဲ့အတူ သူ့ရဲ့ AI Engine က Snapdragon 660 ထက်ကို စွမ်းဆောင်ရည် ၁.၈ဆ ပိုကောင်းသွားတယ်လို့ ဆိုပါတယ်။ AI smarts တွေတိုးတက်လာတဲ့အတွက် “automated setting adjustment” လို့ခေါ်တဲ့ ပုံရိုက်ဖို့ Setting ကို အော်တိုချိန်ညှိပေးနိုင်လို့ ပုံရဲ့ရုပ်ထွက်တွေပိုကောင်းလာသလို voice recognition ကလည်း ပိုကောင်းလာတယ်လို့ Qualcomm က ဆိုထားပါတယ်။

သူ့ရဲ့ AI Engine က Google ရဲ့ TensorFlow နဲ့ TensorFlow Lite, Facebook ရဲ့ Caffe နဲ့ Caffe2, Open Neural Network Exchange, Qualcomm ရဲ့ Neural Processing SDK နဲ့ Hexagon Neural Network တို့လို Machine learning frameworks တွေကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၃လက ထွက်ခဲ့တဲ့ Snapdragon 710 ကတော့ Upper mid-range/sub-flagship ဖုန်းတွေအတွက်ရည်ရွယ်ခဲ့ပေမယ့် ဒီ Snapdragon 670 ကတော့ Mid-Range ဖုန်းတွေအတွက်ပဲ အဓိကရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် SD 710 တွေတုန်းကလိုပဲ စွမ်းအင်ကုန်သက်သာအောင် Kryo 360 CPU cores, 10nm LPP process ကိုသုံးထားပါတယ်။

Snapdragon 670 တွေမှာလည်း   clock speed 2.0 GHz ရှိတဲ့ 2 cores+ clock speed 1.7 GHz ရှိတဲ့ စွမ်းရည်ချွေတာနိုင်တဲ့ 6 cores စုစုပေါင်း 8cores ရှိတဲ့ Processor ကိုသုံးထားပါတယ်။ Qualcomm ပြောပုံအရဆိုရင် ဒီ SD 670 တွေက မနှစ်က SD660 တွေထက်ကို ၁၅%ေလာက်ပိုမြန်မယ်လို့ သိရပါတယ်။

Graphic ပိုင်းမှာတော့ Adreno  615 GPU ကိုသုံးထားတဲ့အတွက် Full HD+, 2560 x 1600 screen တွေကိုကောင်းကောင်းကြီးထောက်ပံ့ပေးနိုင်ပြီး SD 660 တွေထက် ၂၅%လောက်တောင် render speed ပိုမြန်လာတယ်လို့သိရပါတယ်။

နောက်ပြီး Qualcomm ရဲ့ X12LTE modem သုံးထားတဲ့အတွက် ဒေါင်းလုပ်အမြန်နှုန်းက 600Mbps, upload နှုန်း 150Mbps ထိရပြီး Spectra 250 image signal processor ကိုသုံးထားတာကြောင့် 25MP ကင်မရာ၁လုံး ဒါမှမဟုတ် 16MP ကင်မရာ၂လုံးကို 4K ဗီဒီ ယို (30fps) တွေရိုက်လို့ရအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

Snapdragon 670 သုံးထားတဲ့ စမတ်ဖုန်းတွေကတော့ Qualcomm ရဲ့ Aqustic and aptX audio နည်းပညာ၊ Quick Charge 4.0+ နဲ့ Bluetooth 5.0 တို့ကို သုံးနိုင်မှာဖြစ်ပါတယ်။

Qualcomm အနေနဲ့ Snapdragon 670 ကို စမတ်ဖုန်းကုမ္ပဏီတွေဆီ စဖြန့်နေပြီလို့သိရပြီး ၂၀၁၈ မကုန်ခင်မှာတော့ Mid-range ဖုန်းတွေမှာ တွေ့လာရနိုင်ချေရှိပါတယ်။ wearable device တွေမှာသုံးမယ့် Qualcomm ရဲ့chip အသစ်ကတော့ စိတ်ဝင်စားမှုအများဆုံးခံနေရချိန်ဖြစ်ပီး Google ကလည်း အောက်တိုဘာလပွဲမှာ Wear OS Watch ကို processor အသစ်နဲ့ထုတ်တော့မယ်ဆိုတော့ Qualcomm နဲ့ Google ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ အောက်တိုဘာလမှာမြင်ရတော့မှာပါ။

Ref: AndroidAuthority, Engadget

You may be interested

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ
NEWS
770 shares256 views

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ ျမန္မာႏိုင္ငံအေၾကာင္း ခ်ီးက်ဴးေျပာဆိုမွဳေၾကာင့္ ေဝဖန္ခံေနရပါတယ္။ လူ႕အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေနတဲ့ ျမန္မာႏိုင္ငံကို လည္ပတ္ဖို႕ အေကာင္းဆုံးေနရာတခု ျဖစ္ေၾကာင္း Jack Dorsey က တနဂၤေႏြေန႕မွာ ေရးသားခဲ့အျပီးမွာ ေဝဖန္ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ

Ko Thuya - Dec 10, 2018

ZTE က မၾကာခင္ကပဲ မ်က္ႏွာျပင္ ႏွစ္ခု ပါတဲ့ Nubia X ကို ေၾကညာခဲ့ပါတယ္။ သူ႕အတြက္ 64 or 256GB မ်ား ထုတ္လုပ္ေပးထားပါတယ္။ အခုေတာ့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ မိတ္ဆက္ေပးလာတဲ့ high-end R series အသစ္ OPPO R17 Pro ကိုေတာ့ (၈၉၉,၉၀၀) က်ပ္ျဖင့္ ဒီဇင္ဘာ (၁၀) ရက္ေန႕ ကစၿပီး…

Leave a Comment

Most from this category