454 Shares 606 Views

ဖိုင္ အမ်ိဳးအစား အားလံုးကို Download လုပ္ေပးမယ့္ Swift Downloader

Aug 09, 2018
454 606

Facebook , Instagram နဲ႔ အင္တာနက္မွ ဗီဒီယိုမ်ားကို ေဒါင္းလုပ္လုပ္ေပးႏုိင္တဲ့ Download Manager မ်ားစြာရွိတဲ့အထဲက Swift Downloader က တစ္ခု အပါအ၀င္ ျဖစ္ပါတယ္။ သူ႔ကို အခမဲ့ အသံုးျပဳႏုိင္ပါတယ္။ ဗီဒီယိုတင္မကဘဲ သီခ်င္းမ်ားကိုလည္း ေဒါင္းလုပ္လုပ္ေပးႏုိင္ပါတယ္။ အျခား Download Manager မ်ားမွာ မပါတဲ့ Torrent မ်ားကို ေဒါင္းလုပ္လုပ္ေပးႏုိင္တဲ့ စြမ္းရည္လည္း Swift Downloader မွာ ပါရွိပါတယ္။ ကိုယ္ပိုင္ ဘေရာက္စာ ပါရွိတဲ့အတြက္ ေဒါင္းလုပ္လုပ္ရခက္ခဲတဲ့ ၀က္ဆိုက္မ်ားမွ ဗီဒီယိုမ်ားကိုေတာင္ ေဒါင္းလုပ္လုပ္ေပးႏုိင္ပါတယ္။ Search Engine လည္း ပါရွိၿပီး အင္တာနက္မွ ဗီဒီယို ၊ ရုပ္ရွင္မ်ားကို လြယ္ကူစြာ ရွာေဖြေပးႏုိင္ပါတယ္။ အျခား Download Manager မ်ားထက္ ေဒါင္းလုပ္လုပ္ရာမွာ ပိုမို လွ်င္ျမန္တယ္လို႔ Developer က ေျပာပါတယ္။ ေဒါင္းလုပ္လုပ္ထားတဲ့ ဗီဒီယိုမ်ားကို ဖြက္ထားႏုိင္ပါတယ္။ အထူးသျဖင့္ Facebook မွ ဗီဒီယိုမ်ားကို ေဒါင္းလုပ္လုပ္ရာမွာ အလြန္လြယ္ကူေစပါတယ္။ Facebook Video ရဲ႕ လင့္ကို ေကာ္ပီလုပ္လိုက္ရံုပါပဲ။ YouTube Video မ်ားကိိုေတာ့ Google ရဲ႕ စည္းမ်ဥ္းအရ ေဒါင္းလုပ္လုပ္ခြင့္ မေပးထားဘူးလို႔ Developer က ေျပာပါတယ္။ အခမဲ့ အသံုးျပဳႏုိင္ေပမယ့္ ေၾကာ္ညာမ်ား ထည့္သြင္း မထားတာက ေကာင္းမြန္ပါတယ္။

သူ႔ကို ဖြင့္ၿပီးရင္ ဘယ္ဘက္ထိပ္မွ Menu ကို ႏွိပ္ၿပီး Settings ထဲသြားပါ။ Download Path Setting မွာ ဗီဒီယိုမ်ား သိ္မ္းမယ့္ ေနရာကို ေရြးခ်ယ္ေပးပါ။ Internal or SD Card ကို ေရြးခ်ယ္ႏုိင္ပါတယ္။

ၿပီးရင္ေတာ့ Facebook ကို ဖြင့္ပါ။ ေဒါင္းလုပ္လုပ္ခ်င္တဲ့ ဗီဒီယိုကို ေတြ႔ရင္ ညာဘက္မွ ေအာက္စိုက္ေနတဲ့ မွ်ားကို ႏွိပ္ပါ။ Copy Link ကို ႏွိပ္ပါ။

ဒါဆိုရင္ စကရင္ရဲ႕ ထိပ္မွာ အဲဒီဗီဒီယိုကို ေဒါင္းလုပ္လုပ္ဖို႔ အသိေပးစာ ေပၚလာမွာပါ။ အဲဒါကို တစ္ခ်က္ႏွိပ္ပါ။

အဲဒီဗီဒီယိုကို Swift Downloader ရဲ႕ ဘေရာက္စာကေန ဖြင့္ေပးမွာ ျဖစ္ပါတယ္။ သင့္ရဲ႕ Facebook Username, Password ကို ထည့္ၿပီး Log In ၀င္ေပးရမွာ ျဖစ္ပါတယ္။

Log In ၀င္ၿပီးရင္ ဗီဒီယိုကို တစ္ခ်က္ႏွိပ္ပါ။ ေအာက္ေျခမွာ ဗီဒီယိုကို ေဒါင္းလုပ္လုပ္ဖို႔ အသိေပးစာေပၚလာမွာ ျဖစ္ပါတယ္။ ေဒါင္းလုပ္ခလုတ္ကို ႏွိပ္ပါ။

ၿပီးရင္ အေပၚထိပ္မွ ေဒါင္းလုပ္ခလုတ္ကို ႏွိပ္ပါ။ Downloading မွာ ေဒါင္းလုပ္လုပ္ေနတဲ့ ဗီဒီယိုကို ျမင္ေတြ႔ႏိုင္ပါတယ္။ ေဒါင္းလုပ္လုပ္ၿပီးတဲ့ ဗီဒီယိုကို Completed Tab မွာ ေတြ႔ႏိုင္ပါတယ္။ ဗီဒီယိုကို တစ္ခ်က္ႏွိပ္ၿပီး ႏွစ္သက္ရာ Video Player နဲ႔ ၾကည့္ရႈႏုိင္ပါတယ္။

ညာဘက္ေဘးမွ အစက္သံုးစက္ကို ႏွိပ္ပါ။ Convert to MP3 ကို ႏွိပ္ရင္ အသံဖိုင္အျဖစ္ ေျပာင္းလဲေပးမွာပါ။ Music Video မ်ားကို MP3 အျဖစ္ ေျပာင္းလဲဖို႔ အဆင္ေျပပါတယ္။ Open Folder ကို ႏွိပ္ရင္ ဗီဒီယိုကို သိမ္းထားတဲ့ ဖိုဒါကို ဖြင့္ေပးမွာပါ။ Delete ကို ႏွိပ္ရင္ ဗီဒီယိုကို ဖ်က္ေပးမွာ ျဖစ္ပါတယ္။ Rename က ဖိုင္အမည္ကို ေျပာင္းလဲ သတ္မွတ္ဖို႔ ျဖစ္ပါတယ္။ Encrypt ကို ႏွိပ္ရင္ ဗီဒီယိုကို အျခားလူမ်ား မဖြင့္ႏိုင္ေအာင္ Password နဲ႔ ကာကြယ္ေပးထားမွာ ျဖစ္ပါတယ္။ Send ကို ႏွိပ္ၿပီး အျခား လူမ်ားနဲ႔ မွ်ေ၀ႏိုင္မွာ ျဖစ္ပါတယ္။

ဖိုင္အရြယ္အစားမွာ 7MB ရွိၿပီး Android 4.0 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

unicode

ဖိုင် အမျိုးအစား အားလုံးကို Download လုပ်ပေးမယ့် Swift Downloader

Facebook , Instagram နဲ့ အင်တာနက်မှ ဗီဒီယိုများကို ဒေါင်းလုပ်လုပ်ပေးနိုင်တဲ့ Download Manager များစွာရှိတဲ့အထဲက Swift Downloader က တစ်ခု အပါအဝင် ဖြစ်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ ဗီဒီယိုတင်မကဘဲ သီချင်းများကိုလည်း ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။ အခြား Download Manager များမှာ မပါတဲ့ Torrent များကို ဒေါင်းလုပ်လုပ်ပေးနိုင်တဲ့ စွမ်းရည်လည်း Swift Downloader မှာ ပါရှိပါတယ်။ ကိုယ်ပိုင် ဘရောက်စာ ပါရှိတဲ့အတွက် ဒေါင်းလုပ်လုပ်ရခက်ခဲတဲ့ ဝက်ဆိုက်များမှ ဗီဒီယိုများကိုတောင် ဒေါင်းလုပ်လုပ်ပေးနိုင်ပါတယ်။ Search Engine လည်း ပါရှိပြီး အင်တာနက်မှ ဗီဒီယို ၊ ရုပ်ရှင်များကို လွယ်ကူစွာ ရှာဖွေပေးနိုင်ပါတယ်။ အခြား Download Manager များထက် ဒေါင်းလုပ်လုပ်ရာမှာ ပိုမို လျှင်မြန်တယ်လို့ Developer က ပြောပါတယ်။ ဒေါင်းလုပ်လုပ်ထားတဲ့ ဗီဒီယိုများကို ဖွက်ထားနိုင်ပါတယ်။ အထူးသဖြင့် Facebook မှ ဗီဒီယိုများကို ဒေါင်းလုပ်လုပ်ရာမှာ အလွန်လွယ်ကူစေပါတယ်။ Facebook Video ရဲ့ လင့်ကို ကော်ပီလုပ်လိုက်ရုံပါပဲ။ YouTube Video များကိုတော့ Google ရဲ့ စည်းမျဉ်းအရ ဒေါင်းလုပ်လုပ်ခွင့် မပေးထားဘူးလို့ Developer က ပြောပါတယ်။ အခမဲ့ အသုံးပြုနိုင်ပေမယ့် ကြော်ညာများ ထည့်သွင်း မထားတာက ကောင်းမွန်ပါတယ်။

သူ့ကို ဖွင့်ပြီးရင် ဘယ်ဘက်ထိပ်မှ Menu ကို နှိပ်ပြီး Settings ထဲသွားပါ။ Download Path Setting မှာ ဗီဒီယိုများ သိမ်းမယ့် နေရာကို ရွေးချယ်ပေးပါ။ Internal or SD Card ကို ရွေးချယ်နိုင်ပါတယ်။

ပြီးရင်တော့ Facebook ကို ဖွင့်ပါ။ ဒေါင်းလုပ်လုပ်ချင်တဲ့ ဗီဒီယိုကို တွေ့ရင် ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပါ။ Copy Link ကို နှိပ်ပါ။

ဒါဆိုရင် စကရင်ရဲ့ ထိပ်မှာ အဲဒီဗီဒီယိုကို ဒေါင်းလုပ်လုပ်ဖို့ အသိပေးစာ ပေါ်လာမှာပါ။ အဲဒါကို တစ်ချက်နှိပ်ပါ။

အဲဒီဗီဒီယိုကို Swift Downloader ရဲ့ ဘရောက်စာကနေ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ သင့်ရဲ့ Facebook Username, Password ကို ထည့်ပြီး Log In ဝင်ပေးရမှာ ဖြစ်ပါတယ်။

Log In ဝင်ပြီးရင် ဗီဒီယိုကို တစ်ချက်နှိပ်ပါ။ အောက်ခြေမှာ ဗီဒီယိုကို ဒေါင်းလုပ်လုပ်ဖို့ အသိပေးစာပေါ်လာမှာ ဖြစ်ပါတယ်။ ဒေါင်းလုပ်ခလုတ်ကို နှိပ်ပါ။

ပြီးရင် အပေါ်ထိပ်မှ ဒေါင်းလုပ်ခလုတ်ကို နှိပ်ပါ။ Downloading မှာ ဒေါင်းလုပ်လုပ်နေတဲ့ ဗီဒီယိုကို မြင်တွေ့နိုင်ပါတယ်။ ဒေါင်းလုပ်လုပ်ပြီးတဲ့ ဗီဒီယိုကို Completed Tab မှာ တွေ့နိုင်ပါတယ်။ ဗီဒီယိုကို တစ်ချက်နှိပ်ပြီး နှစ်သက်ရာ Video Player နဲ့ ကြည့်ရှုနိုင်ပါတယ်။

ညာဘက်ဘေးမှ အစက်သုံးစက်ကို နှိပ်ပါ။ Convert to MP3 ကို နှိပ်ရင် အသံဖိုင်အဖြစ် ပြောင်းလဲပေးမှာပါ။ Music Video များကို MP3 အဖြစ် ပြောင်းလဲဖို့ အဆင်ပြေပါတယ်။ Open Folder ကို နှိပ်ရင် ဗီဒီယိုကို သိမ်းထားတဲ့ ဖိုဒါကို ဖွင့်ပေးမှာပါ။ Delete ကို နှိပ်ရင် ဗီဒီယိုကို ဖျက်ပေးမှာ ဖြစ်ပါတယ်။ Rename က ဖိုင်အမည်ကို ပြောင်းလဲ သတ်မှတ်ဖို့ ဖြစ်ပါတယ်။ Encrypt ကို နှိပ်ရင် ဗီဒီယိုကို အခြားလူများ မဖွင့်နိုင်အောင် Password နဲ့ ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။ Send ကို နှိပ်ပြီး အခြား လူများနဲ့ မျှဝေနိုင်မှာ ဖြစ်ပါတယ်။

ဖိုင်အရွယ်အစားမှာ 7MB ရှိပြီး Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

You may be interested

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္
Apple, HUBS, NEWS
0 shares0 views

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္

Ko Thuya - Aug 19, 2018

ထို္င္၀မ္က ထြက္လာတဲ့ သတင္းမ်ားအရ Apple ဟာ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာမယ္လို႔ သိရပါတယ္။ ထိုင္၀မ္ သုေတသန အဖြဲ႕အစည္း TrendForce က ဒီသတင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္ဇယားဟာ iPhone…

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ္ထြက္ရွိလာတဲ့ စကိတ္စီးတဲ့ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား
FEATURES, gadgets
94 shares14 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Ko Thuya - Aug 19, 2018

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ TechDen™ – Screen Time…

Leave a Comment

Most from this category