503 Shares 149 Views


Aug 09, 2018
503 149




Ref : gsmarena

unicode

Vivo ရဲ့ ဖုန်းများအတွက် Android Pie ကို ကွာတား ၄ မှာ ဖြန့်ချီမည်

ဂူဂယ်လ်က တနင်္လာနေ့က Android 9 Pie ကို Pixel Devices များအတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အဲဒီနောက်မှာ Essential Phone များဟာ Update ကို ရရှိသွားပါတယ်။ အခြား ဖုန်း ကုမ္ပဏီများကတော့ သူတို့ရဲ့ ဖုန်းများမှာ Update ကို ဘယ်အချိန် ဖြန့်ချီပေးမလဲဆိုတာကို မပြောသေးပါဘူး။ အခုတော့ Vivo က သူတို့ရဲ့ စမတ်ဖုန်းများအတွက် Android P ကို ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ဖြန့်ချီပေးမယ်လို့ Android Authority ကို အီးမေးကနေ ပြောပါတယ်။

ဒါပေမယ့် Vivo က ဖြန့်ချီပေးမယ့် အချိန် အတိအကျကိုတော့ မပြောသေးပါဘူး။ သေချာတာကတော့ ဒီဇင်ဘာလကုန်မှာ ရရှိမှာဖြစ်ပါတယ်။ Vivo က Android P ကို အစောဆုံး ရရှိမယ့် စမတ်ဖုန်း စာရင်းကိုတော့ မပြောသေးပါဘူး။ X21 ဟာ အစောဆုံး ရရှိမယ်လို့ ထင်ရပါတယ်။ သူ့ရဲ့ နောက်မှာ စွမ်းဆောင်ရည်မြင့် NEX S ကရရှိနိုင်ပါတယ်။

Vivo က “ ဖောက်သည်များရဲ့ လိုအပ်ချက်များအတွက် ဒီဇိုင်းထုတ်ရတာဟာ Vivo ရဲ့ ထိပ်တန်း ဦးစားပေး အလုပ်ဖြစ်ပါတယ်။ အကောင်းဆုံး ဖုန်းကို အသုံးပြုနိုင်ဖို့ နောက်ဆုံးထုတ် Android Pie Operating System ကို အဆင့်မြှင့်တင်ပေးမှာဖြစ်ပါတယ်။ Vivo က တတ်နိုင်သလောက် အမြန်ဆုံး ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ “ လို့ Android Authority ကို ပြောပါတယ်။

Ref : gsmarena

You may be interested

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

Ko Thuya - Nov 12, 2018

ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်

Ko Thuya - Nov 12, 2018

ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ

Ko Thuya - Nov 12, 2018

Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…

Leave a Comment

Most from this category