0 Shares 133 Views

Galaxy S9 Plus မှာ Fortnite Android ဂိမ်းကစားတဲ့ဗီဒီယိုပေါ်ထွက်လာ

Aug 09, 2018
0 133

[Zawgyi]









Ref: Android Authority

[Unicode]

ကျွန်တော်တို့မျှော်လင့်ထားတာက ဒီနေ့ Samsung Galaxy Note 9 ထွက်တဲ့အချိန်မှာ Android တွေအတွက် Fortnite ဂိမ်းလည်း တရားဝင်ထွက်မယ်လို့ပါ။ ထွက်ပေမယ့်လည်း ပထမဆုံး ရက် ၃၀အတွင်းကတော့ Note 9 ဖုန်းတွေအတွက်သီးသန့်ပဲဖြစ်မယ်ထင်ပါတယ်။

ဒါပေမယ့် အခုထွက်လာတဲ့ဗီဒီယိုမှာ Fortnite for Android ကိုကစားပြတဲ့ဖုန်းက ထွက်ပြီးသားဖြစ်တဲ့ Samsung Galaxy S9 Plus နဲ့ဖြစ်လို့ Note 9 တွေအတွက်သီးသန့်အရင်ထွက်မယ်ဆိုတဲ့အချက်က စဉ်းစားစရာဖြစ်လာပါပြီ။

အရင်တစ်ခေါက်က XDA developer တွေတွေ့ခဲ့တဲ့ source code အတိုင်းဆိုရင် Google Pixel 2 XL တို့ Essential ဖုန်းတို့မှာလည်း ကစားလို့ရနိုင်မှာဖြစ်ပေမယ့် OnePlus 6 ကတော့ စာရင်းထဲမှာပါမလာပါဘူုး။ နောက်ပိုင်းတော့ Essential ဖုန်းတွေလည်း စာရင်းထဲမပါဘူးလို့သတင်းထွက်လာပါတယ်။

XDA team အနေနဲ့ Oneplus 6 မှာ Fortnite ဂိမ်းဆော့ကြည့်တဲ့အခါ ဒီလို Error ပြနေတာတွေ့ရပါတယ်။

An error message that appears when attempting to play Fortnite for Android on a OnePlus 6.

ရှင်းလင်းအောင်ပြောရရင်တော့ Fortnite for Android ကိုဆော့ဖို့အတွက် ဖုန်းတွေအကုန်လုံးကို root ဖောက်ထားရတာပါ။ OnePlus 6 မှ Error တက်နေတယ်ဆိုတာက ဖုန်းရဲ့ မော်ဒယ်လ်ကြောင့်မဟုတ်ဘဲ User root ဖောက်ပြင်ဆင်ထားလိုက်လို့သာ ခွင့်မပြုတော့တာဖြစ်နိုင်ကြောင်း XDA ကတော့သုံးသပ်ထားပါတယ်။

ဆိုတော့ သဘောက Fortnite for Android က Note 9 တွေအတွက် သီးသန့်တရားဝင်ထွက်လာနိုင်ပေမယ့် တခြားဖုန်းတွေမှာဆော့ချင်ရင်တော့ Root ဖောက်ဖို့လိုမယ်ဆိုတဲ့သဘောပါ။

XDA Developer ရဲ့ဝဘ်ဆိုးမှာတော့ Android ဖုန်းတွေမှာ ဒီဂိမ်းဆော့ထားတဲ့ပုံတွေကိုမြင်နိုင်ပါတယ်။ Samsung Galaxy Note 9 တွေအတွက် သီးသန့်အရင်ထွက်လာမယ့် Fortnite Android ကတော့ ဒီနေ့ပဲမြင်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားစွာနဲ့စောင့်ကြပါလို့….

Ref: Android Authority

You may be interested

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ
NEWS, Tech Update
0 shares0 views

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ

Ko Thuya - Jul 21, 2019

သိပ္ပံပညာရှင်များက ကွန်ပြူတာများကို စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာများကို ဖန်တီးနေကြပါတယ်။ အဲဒီ နည်းပညာဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား ကဏ္ဍများမှာလည်း ဒီနည်းပညာကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီများထဲမှာ…

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Android, Apple, HUBS
0 shares35 views

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

Ko Thuya - Jul 21, 2019

စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို…

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
HUBS, NEWS, Storage Devices
0 shares52 views

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

Ko Thuya - Jul 21, 2019

Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။…

Leave a Comment

Most from this category