520 Shares 141 Views
Aug 09, 2018
520 141
Ref : gsmarena
unicode
Under-Display Fingerprint Reader ပါတဲ့ Meizu 16 နဲ့ 16 Plus တို့ကို ကြေညာပြီ
မီဇူးက Meizu 16 နဲ့ 16 Plus တို့ကို ကြေညာလိုက်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ မျက်နှာပြင်ဘေးဘောင်များဟာ အလွန်ပါးလွှာပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ သူတို့ နှစ်လုံးရဲ့ ခြားနားချက်မှာ စကရင် အရွယ်အစား ဖြစ်ပါတယ်။ Meizu 16 မှာ ၆ လက်မနဲ့ 16 Plus မှာ ၆.၅ လက်မ ပါပါတယ်။
Meizu 16 Plus မှာ Super AMOLED Screen ပါပြီး အရည်အသွေးမှာ 1080x2160p (Full HD+) ဖြစ်ပါတယ်။ မျက်နှာပြင်အောက်မှာ ဝ.၂၅ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးတဲ့ လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 12MP Camera နဲ့ 20MP Telephoto Camera များကို ထည့်ထားပါတယ်။ 20MP Selfie Camera တပ်ဆင်ထားပါတယ်။ ကင်မရာများမှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ Snapdragon 845 Chipset ကို အေးမြစေပြီး စွမ်းရည်ကောင်းစေဖို့ အအေးပေး နည်းပညာလည်း ပါပါတယ်။ 3570mAh Battery မှာ Meizu mCharge နည်းပညာ ပါပါတယ်။ ဈေးနှုန်းကို အောက်ပါပုံမှာ လေ့လာပါ။
Meizu 16 မှာလည်း Full HD+ Super AMOLED Display ပါပါတယ်။ ၆ လက်မ အရွယ် ဖြစ်ပါတယ်။ ဘက်ထရီကို 3010mAh သာ ထည့်ထားပါတယ်။ အခြား Specs များက Plus Model နဲ့ တူညီပါတယ်။ သူတို့ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ 16 ရဲ့ ဈေးနှုန်းကို အောက်မှာ ကြည့်ပါ။
Ref : gsmarena
You may be interested
စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views
စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Ko Thuya - Feb 23, 2019
Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
Ko Thuya - Feb 23, 2019
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…
လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views
လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Ko Thuya - Feb 23, 2019
Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…
Leave a Comment
Most from this category