784 Shares 227 Views

8GB RAM ပါတဲ့ Xiaomi Mi 8 ကို ေရာင္းခ်

Aug 09, 2018
784 227

တရုတ္မွာ ၈ ဂဏန္းဟာ ကံေကာင္းတယ္လို႔ အယူရွိၾကပါတယ္။ ယခုႏွစ္ ၈ လေျမာက္ ၈ ရက္ေန႔မွာ ေရွာင္မီက တရုတ္မွာ 8GB RAM ပါတဲ့ Xiaomi Mi 8 ကို ေၾကညာလိုက္ပါတယ္။ အျခား Specs မ်ားကေတာ့ မူလ ေမာ္ဒယ္မ်ားနဲ တူညီပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းကိုေတာ့ မသိရေသးဘဲ ယြမ္ ၂၆၉၉ နဲ႔ ၃၂၉၉ အၾကားမွာ ရွိမယ္လို႔ ထင္ရပါတယ္။

သူ႔ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ Notch ပါရွိၿပီး ခလုတ္တစ္ခ်က္ႏွိပ္ရံုနဲ႔ Notch ကို ေဖ်ာက္ေပးတဲ့စြမ္းရည္လည္း ပါပါတယ္။ Notch မွာ 3D Face Unlock အတြက္ အေမွာင္ထဲမွာေတာင္ အလုပ္လုပ္တဲ့ အနီေအာက္ ေရာင္ျခည္ ကင္မရာကို တပ္ဆင္ထားပါတယ္။ သူ႔မွာ ၆.၂၁ လက္မ AMOLED Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 18.7:9 ျဖစ္ပါတယ္။ Full HD+ (2248×1080 ) အရည္အေသြး ျဖစ္ပါတယ္။ Dual GPS ထည့္သြင္းထားတဲ့အတြက္ တည္ေနရာ လမ္းညႊန္မႈမ်ားဟာ အလြန္ တိက်လာမွာပါ။

Mi 8 ရဲ႕ Explorer Edition ကိုလည္း ထုတ္လုပ္ေပးထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားပါတယ္။ ဒါ့အျပင္ ေဖာက္ထြင္းျမင္ရတဲ့ အေနာက္ ကာဗာ ထည့္သြင္းထားတဲ့အတြက္ ဖုန္းရဲ႕ အတြင္းပိုင္း အစိတ္အပိုင္းမ်ားကို ျမင္ရပါတယ္။ ေရွာင္မီရဲ႕ စီအီးအို လီဂြ်န္က ပြဲမွာ သူ႔ကို မိတ္ ဆက္ခဲ့ၿပီး အေနာက္ဘက္မွာ 12MP+12MP Camera ႏွစ္လံုး တပ္ဆင္ထားတယ္လို႔ ေျပာပါတယ္။ ကင္မရာမ်ားမွာ ဥာဏ္ရည္တု နည္းပညာ ထည့္သြင္းထားၿပီး ရႈခင္း ၂၀၀ ေက်ာ္ကို ပိုမို လွပစြာ ရိုက္ကူးေပးႏိုင္တဲ့ စြမ္းရည္ပါလာပါတယ္။ အလင္းေရာင္နည္းပါးတဲ့ အေျခအေနမ်ားမွာလည္း လွပတဲ့ ဓါတ္ပံုမ်ား ဖမ္းယူေပးႏုိင္တဲ့ 4 in 1 Pixel Binning နည္းပညာထည့္သြင္းထားပါတယ္။

xOMark ရဲ႕ ကင္မရာ စစ္ေဆးမႈရလဒ္မွာ သူဟာ ၉၉ မွတ္ေတာင္ရရွိထားတယ္လုိ႔ စီအီးအိုက ဂုဏ္ယူစြာ ေျပာပါတယ္။ ဒါဟာ Mi Mix 2 နဲ iPhone X ရဲ႕ ၉၇ မွတ္ထက္မ်ားျပားေနတာပါ။ သူ႔မွာ iPhone X မွာလို ဥာဏ္ရည္တု နည္းပညာက ေထာက္ပံ့တဲ့ Portrait စြမ္းရည္လည္း ပါလာပါတယ္။ အေရွ႕ဘက္မွာ 20MP Camera ထည့္သြင္းထားၿပီး AI Portrait Selfies နဲ႔ AI Beautify မ်ား ပါပါတယ္။ မ်က္ႏွာကို အာရံုခံတဲ့ ကင္မရာကို သီးျခား တပ္ဆင္ထားၿပီး ဓါတ္ပံုရိုက္ဖို႔အတြက္ သူ႔ကို မသံုးပါဘူး။a

ref : gsmarena

unicode

8GB RAM ပါတဲ့ Xiaomi Mi 8 ကို ရောင်းချ

တရုတ်မှာ ၈ ဂဏန်းဟာ ကံကောင်းတယ်လို့ အယူရှိကြပါတယ်။ ယခုနှစ် ၈ လမြောက် ၈ ရက်နေ့မှာ ရှောင်မီက တရုတ်မှာ 8GB RAM ပါတဲ့ Xiaomi Mi 8 ကို ကြေညာလိုက်ပါတယ်။ အခြား Specs များကတော့ မူလ မော်ဒယ်များနဲ တူညီပါတယ်။ သူ့ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးဘဲ ယွမ် ၂၆၉၉ နဲ့ ၃၂၉၉ အကြားမှာ ရှိမယ်လို့ ထင်ရပါတယ်။

သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ Notch ပါရှိပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Notch ကို ဖျောက်ပေးတဲ့စွမ်းရည်လည်း ပါပါတယ်။ Notch မှာ 3D Face Unlock အတွက် အမှောင်ထဲမှာတောင် အလုပ်လုပ်တဲ့ အနီအောက် ရောင်ခြည် ကင်မရာကို တပ်ဆင်ထားပါတယ်။ သူ့မှာ ၆.၂၁ လက်မ AMOLED Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18.7:9 ဖြစ်ပါတယ်။ Full HD+ (2248×1080 ) အရည်အသွေး ဖြစ်ပါတယ်။ Dual GPS ထည့်သွင်းထားတဲ့အတွက် တည်နေရာ လမ်းညွှန်မှုများဟာ အလွန် တိကျလာမှာပါ။

Mi 8 ရဲ့ Explorer Edition ကိုလည်း ထုတ်လုပ်ပေးထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ဖောက်ထွင်းမြင်ရတဲ့ အနောက် ကာဗာ ထည့်သွင်းထားတဲ့အတွက် ဖုန်းရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများကို မြင်ရပါတယ်။ ရှောင်မီရဲ့ စီအီးအို လီဂျွန်က ပွဲမှာ သူ့ကို မိတ် ဆက်ခဲ့ပြီး အနောက်ဘက်မှာ 12MP+12MP Camera နှစ်လုံး တပ်ဆင်ထားတယ်လို့ ပြောပါတယ်။ ကင်မရာများမှာ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပြီး ရှုခင်း ၂၀၀ ကျော်ကို ပိုမို လှပစွာ ရိုက်ကူးပေးနိုင်တဲ့ စွမ်းရည်ပါလာပါတယ်။ အလင်းရောင်နည်းပါးတဲ့ အခြေအနေများမှာလည်း လှပတဲ့ ဓါတ်ပုံများ ဖမ်းယူပေးနိုင်တဲ့ 4 in 1 Pixel Binning နည်းပညာထည့်သွင်းထားပါတယ်။

xOMark ရဲ့ ကင်မရာ စစ်ဆေးမှုရလဒ်မှာ သူဟာ ၉၉ မှတ်တောင်ရရှိထားတယ်လို့ စီအီးအိုက ဂုဏ်ယူစွာ ပြောပါတယ်။ ဒါဟာ Mi Mix 2 နဲ iPhone X ရဲ့ ၉၇ မှတ်ထက်များပြားနေတာပါ။ သူ့မှာ iPhone X မှာလို ဉာဏ်ရည်တု နည်းပညာက ထောက်ပံ့တဲ့ Portrait စွမ်းရည်လည်း ပါလာပါတယ်။ အရှေ့ဘက်မှာ 20MP Camera ထည့်သွင်းထားပြီး AI Portrait Selfies နဲ့ AI Beautify များ ပါပါတယ်။ မျက်နှာကို အာရုံခံတဲ့ ကင်မရာကို သီးခြား တပ်ဆင်ထားပြီး ဓါတ်ပုံရိုက်ဖို့အတွက် သူ့ကို မသုံးပါဘူး။a

ref : gsmarena

You may be interested

တလ ၃ ေဒၚလာသာ က်သင့္မယ့္ Netflix မိုဘိုင္းသီးသန္႔ အစီအစဥ္ကို အိႏၵိယမွာ စမ္းသပ္
NEWS, Softwares & Application
0 shares0 views

တလ ၃ ေဒၚလာသာ က်သင့္မယ့္ Netflix မိုဘိုင္းသီးသန္႔ အစီအစဥ္ကို အိႏၵိယမွာ စမ္းသပ္

Nigma - Mar 23, 2019

Netflix က အိႏၵိယ အပါအဝင္ ႏိုင္ငံအခ်ိဳ႕မွာ မိုဘိုင္းသီးသန္႔ လစဥ္ေၾကးအစီအစဥ္အသစ္တခုကို စမ္းသပ္လ်က္ ရွိပါတယ္။ ပုံမွန္အားျဖင့္ Netflix ကို အိႏၵိယက ဝယ္မယ္ဆိုရင္ အနည္းဆုံး တလ ၇.၂၇ ေဒၚလာ ေပးရပါတယ္။ ျမန္မာႏိုင္ငံကေနဆို အနည္းဆုံး ၇.၉၉ ေဒၚလာ…

စံုတြဲမ်ား အိပ္ယာထက္မွာ သာယာမႈ ပိုရေအာင္ ကူညီေပးမယ့္ Sex Toy
Gadgets, NEWS
0 shares0 views

စံုတြဲမ်ား အိပ္ယာထက္မွာ သာယာမႈ ပိုရေအာင္ ကူညီေပးမယ့္ Sex Toy

Ko Thuya - Mar 23, 2019

ခ်စ္တင္းေႏွာမႈကို ကူညီေပးမယ့္ ကိရိယာ ေပၚလာပါၿပီ။ Lovely အမည္ရ ခ်ပ္၀တ္တန္ဆာ ကြန္ျပဴတာငယ္ေလးက Tracker ျဖစ္သလို တစ္စိတ္တစ္ပိုင္းအားျဖင့္ Sex Toy လည္း ျဖစ္ပါတယ္။ ေဒၚလာ ၁၆၉ တန္ေၾကးရွိၿပီး အမ်ိဳးသားလိင္တံရဲ႕ အရင္းမွာ ၀တ္ဆင္ထားရမွာပါ။ ဆီလီကြန္ျဖင့္ ျပဳလုပ္ထားၿပီး…

Evernote မွာ စာရုိက္စရာ မလိုဘဲ Notes မ်ား ဘယ္လို မွတ္သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မွာ စာရုိက္စရာ မလိုဘဲ Notes မ်ား ဘယ္လို မွတ္သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည္ေက်ာ္ မွတ္စု မွတ္သားတဲ့ Evernote App မွာ စာသားမ်ား အျပင္ အသံမွတ္စုမ်ား၊ ဗီဒီယို မွတ္စုမ်ားကိုလည္း မွတ္သားႏုိင္ပါတယ္။ အင္တာနက္မွ သတင္း၊ ေဆာင္းပါးမ်ား၊ နည္းလမ္းမ်ား အပါအ၀င္ အရာအားလံုးကို မွတ္သားႏုိင္ပါတယ္။ သူ႔မွာ မွတ္စုမ်ားကို လွ်င္ျမန္လြယ္ကူစြာ မွတ္သားႏုိင္တဲ့…

Leave a Comment

Most from this category