330 Shares 1105 Views

စမတ္ဖုန္း User ေတြ ေတြ႔ရတတ္တ့ဲအခက္အခဲေတြကုိ Galaxy Note စီးရီးသစ္ေတြက ေျဖရွင္းေပးႏုိင္မလား??

Aug 08, 2018
330 1105

[Zawgyi]

ႏွစ္စဥ္ဒီလိုအခ်ိန္ကေတာ့ နာမည္ၾကီး Flagship ဖုန္းေတြထြက္လာတတ္တဲ့အခ်ိန္ပါ။ အနီးကပ္ဆံုးအခ်ိန္ကိုေျပာရရင္ေတာ့ Samsung ရဲ႕ Note Series အသစ္  ထြက္ေတာ့မယ့္အခ်ိန္ေပါ့။ လာမယ့္ ၾသဂုတ္လ ၉ရက္ေန႔မွာ ထြက္လာေတာ့မယ့္ Galaxy Note စီးရီးသစ္နဲ႔ပတ္သက္ျပီး ေျပာၾကတဲ့ ေကာလဟလသတင္းေတြကလည္း အမ်ားၾကီးပါပဲ။ ဒါေတြအျပင္ကို Samsung ကိုယ္တုိင္ အျမည္းအေနနဲ႔ သဲလြန္စေပးထားတဲ့ဗီဒီယိုေလးေတြလည္း ထြက္ျပီးသားဆိုေတာ့ Galaxy Note စီးရီးသစ္ေတြကို ဘယ္လိုအေကာင္းဆံုးဖန္တီးထားမလဲဆုိုတာ ေတာ္ေတာ္ၾကီးစိတ္ဝင္စားဖို႔ေကာင္းလာပါျပီ။

စမတ္ဖုန္းေတြနဲ႔ လူေတြနဲ႔ တစ္သားတည္းက်ေနတဲ့ အခုေခတ္မွာ စမတ္ဖုန္းမရိွရင္ အလုပ္မတြင္ေတာ့ပါဘူး။ ဒါေၾကာင့္ ဖုန္းေကာင္းေကာင္းတစ္လံုးရိွဖို႔က အရမ္းအေရးၾကီးပါတယ္။ တစ္ေန႔တာရဲ႕အလုပ္ေတြေျဖရွင္းေပးတယ္၊ အပန္းေျပေစတယ္ဆိုတဲ့ေနရာမွာ စြမ္းေဆာင္ရည္သာညံ့ေနရင္ စိတ္အေႏွာင့္အယွက္ပါျဖစ္လာပါလိမ့္မယ္။ ဒီေတာ့ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းတစ္လံုးျဖစ္ဖို႔ ရိွရမယ့္အဓိကအခ်က္ေတြကို အရင္ၾကည့္ရေအာင္.

ဖုန္းေကာင္းေကာင္းတစ္လံုးအေနနဲ႔ ရိွသင့္တဲ့တစ္ခ်က္က တစ္ေန႔လံုး ေအးေဆးသံုးလို႔ရေအာင္ထိ အားၾကာၾကာခံဖို႔ပါပဲ။ Samsung ကေတာ့့ လာမယ့္ဖုန္းအသစ္ေတြက တစ္ေန႔ကုန္ေကာင္းေကာင္းအသံုးခံမယ္လို႔ သဲလြန္စေပးထားတဲ့အတြက္ သူ႔ရဲ႕ Battery Lifetime နဲ႔ပတ္သက္ျပီး ေတာ္ေတာ္ေလးေမွ်ာ္လင့္မိပါတယ္။

ဒါ့ျပင္ Storage နဲ႔ပတ္သက္တဲ့ ျပႆနာေတြကင္းေဝးသြားမယ္လို႔ သဲလြန္စေပးထားတာကေတာ့ နည္းနည္ေလး ပိုစိတ္ဝင္စားဖို႔ေကာင္းသြားပါျပီ။ Storage ပမာဏပဲ ပိုမ်ားလာမွာလား ဒါဆိုရင္ေတာ့ သိပ္ထူးထူးဆန္းဆန္းၾကီးလို႔ ေျပာလို႔မရေပမယ့္ Storage မေလာက္တဲ့ျပႆနာကိုေျဖရွင္းေပးမယ့္ နည္းပညာတစ္ခုခုပါဝင္လာမယ္ဆိုရင္ေတာ့ ေတာ္ေတာ္မိုက္တယ္လို႔ေျပာရပါမယ္။

ေနာက္တစ္ခ်က္က စြမ္းေဆာင္ရည္ နဲ႔ လိုင္းဆြဲအားပါ။ Rumors ေတြအရ ဒါကိုလည္း Samsung ကျမွင့္ထားမယ့္ပံုပဲဆိုေတာ့ ခါတုိင္းထက္လုိင္းဆြဲအားပိုေကာင္းမယ္ဆုိရင္ ဂိမ္းသမားေတြအတြက္ ေမွ်ာ္လင့္စရာတစ္ခုျဖစ္လာမွာေသခ်ာပါတယ္။ ဇာတ္ကားေတြ ဗီဒီယိုေတြ Streaming ၾကည့္တတ္တဲ့သူေတြအတြက္ ေဒါင္းလုပ္ျမန္ျမန္ဆြဲခ်င္တဲ့သူေတြအတြက္ သူ႔ရဲ႕ Buffer/ Download Speed က ေတာ္ေတာ္ၾကမ္းမယ့္ပံုပါပဲ။ Flagship စမတ္ဖုန္းစီးရီးသစ္ျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္ကေတာ့ အရင္ထက္ျမွင့္ထားမွာ က်ိန္းေသပါပဲ။ ဒီအပိုင္းကေတာ့ ကြ်န္ေတာ္လည္း အရမ္းေမွ်ာ္လင့္ထားတဲ့အပိုင္းပါ။

ဆုိေတာ့ ဒီတစ္ေခါက္ထြက္မယ့္ Galaxy Note စီးရီးသစ္အတြက္ Samsung ကိုယ္တုိင္ကလည္း ေမွ်ာ္လင့္ခ်က္အမ်ားၾကီးေပးထားတယ္လို႔ေျပာရပါမယ္။ ဒီေတာ့ စမတ္ဖုန္းတစ္ခ်ိဳ႕မွာ လက္ရိွၾကံဳေနရတဲ့ အခက္အခဲေတြကို လာမယ့္ ၾသဂုတ္လ ၉ ရက္ေန႔မွာမိတ္ဆက္ေတာ့မယ့္ Note စီးရီးစမတ္ဖုန္းသစ္က ေျဖရွင္းေပးႏုိင္မလား User Experience ကိုအေကာင္းဆံုးျဖစ္ေအာင္ ျမွင့္တင္ေပးထားမလားဆိုတာ အားလံုးက စိတ္ဝင္တစားနဲ႔ေစာင့္ေမွ်ာ္ေနၾကပါျပီ။

[Unicode]

နှစ်စဉ်ဒီလိုအချိန်ကတော့ နာမည်ကြီး Flagship ဖုန်းတွေထွက်လာတတ်တဲ့အချိန်ပါ။ အနီးကပ်ဆုံးအချိန်ကိုပြောရရင်တော့ Samsung ရဲ့ Note Series အသစ်  ထွက်တော့မယ့်အချိန်ပေါ့။ လာမယ့် သြဂုတ်လ ၉ရက်နေ့မှာ ထွက်လာတော့မယ့် Galaxy Note စီးရီးသစ်နဲ့ပတ်သက်ပြီး ပြောကြတဲ့ ကောလဟလသတင်းတွေကလည်း အများကြီးပါပဲ။ ဒါတွေအပြင်ကို Samsung ကိုယ်တိုင် အမြည်းအနေနဲ့ သဲလွန်စပေးထားတဲ့ဗီဒီယိုလေးတွေလည်း ထွက်ပြီးသားဆိုတော့ Galaxy Note စီးရီးသစ်တွေကို ဘယ်လိုအကောင်းဆုံးဖန်တီးထားမလဲဆိုတာ တော်တော်ကြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီ။

စမတ်ဖုန်းတွေနဲ့ လူတွေနဲ့ တစ်သားတည်းကျနေတဲ့ အခုခေတ်မှာ စမတ်ဖုန်းမရှိရင် အလုပ်မတွင်တော့ပါဘူး။ ဒါကြောင့် ဖုန်းကောင်းကောင်းတစ်လုံးရှိဖို့က အရမ်းအရေးကြီးပါတယ်။ တစ်နေ့တာရဲ့အလုပ်တွေဖြေရှင်းပေးတယ်၊ အပန်းပြေစေတယ်ဆိုတဲ့နေရာမှာ စွမ်းဆောင်ရည်သာညံ့နေရင် စိတ်အနှောင့်အယှက်ပါဖြစ်လာပါလိမ့်မယ်။ ဒီတော့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ဖို့ ရှိရမယ့်အဓိကအချက်တွေကို အရင်ကြည့်ရအောင်.

ဖုန်းကောင်းကောင်းတစ်လုံးအနေနဲ့ ရှိသင့်တဲ့တစ်ချက်က တစ်နေ့လုံး အေးဆေးသုံးလို့ရအောင်ထိ အားကြာကြာခံဖို့ပါပဲ။ Samsung ကတော့ လာမယ့်ဖုန်းအသစ်တွေက တစ်နေ့ကုန်ကောင်းကောင်းအသုံးခံမယ်လို့ သဲလွန်စပေးထားတဲ့အတွက် သူ့ရဲ့ Battery Lifetime နဲ့ပတ်သက်ပြီး တော်တော်လေးမျှော်လင့်မိပါတယ်။

ဒါ့ပြင် Storage နဲ့ပတ်သက်တဲ့ ပြဿနာတွေကင်းဝေးသွားမယ်လို့ သဲလွန်စပေးထားတာကတော့ နည်းနည်လေး ပိုစိတ်ဝင်စားဖို့ကောင်းသွားပါပြီ။ Storage ပမာဏပဲ ပိုများလာမှာလား ဒါဆိုရင်တော့ သိပ်ထူးထူးဆန်းဆန်းကြီးလို့ ပြောလို့မရပေမယ့် Storage မလောက်တဲ့ပြဿနာကိုဖြေရှင်းပေးမယ့် နည်းပညာတစ်ခုခုပါဝင်လာမယ်ဆိုရင်တော့ တော်တော်မိုက်တယ်လို့ပြောရပါမယ်။

နောက်တစ်ချက်က စွမ်းဆောင်ရည် နဲ့ လိုင်းဆွဲအားပါ။ Rumors တွေအရ ဒါကိုလည်း Samsung ကမြှင့်ထားမယ့်ပုံပဲဆိုတော့ ခါတိုင်းထက်လိုင်းဆွဲအားပိုကောင်းမယ်ဆိုရင် ဂိမ်းသမားတွေအတွက် မျှော်လင့်စရာတစ်ခုဖြစ်လာမှာသေချာပါတယ်။ ဇာတ်ကားတွေ ဗီဒီယိုတွေ Streaming ကြည့်တတ်တဲ့သူတွေအတွက် ဒေါင်းလုပ်မြန်မြန်ဆွဲချင်တဲ့သူတွေအတွက် သူ့ရဲ့ Buffer/ Download Speed က တော်တော်ကြမ်းမယ့်ပုံပါပဲ။ Flagship စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ကတော့ အရင်ထက်မြှင့်ထားမှာ ကျိန်းသေပါပဲ။ ဒီအပိုင်းကတော့ ကျွန်တော်လည်း အရမ်းမျှော်လင့်ထားတဲ့အပိုင်းပါ။

ဆိုတော့ ဒီတစ်ခေါက်ထွက်မယ့် Galaxy Note စီးရီးသစ်အတွက် Samsung ကိုယ်တိုင်ကလည်း မျှော်လင့်ချက်အများကြီးပေးထားတယ်လို့ပြောရပါမယ်။ ဒီတော့ စမတ်ဖုန်းတစ်ချို့မှာ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာမိတ်ဆက်တော့မယ့် Note စီးရီးစမတ်ဖုန်းသစ်က ဖြေရှင်းပေးနိုင်မလား User Experience ကိုအကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးထားမလားဆိုတာ အားလုံးက စိတ်ဝင်တစားနဲ့စောင့်မျှော်နေကြပါပြီ။

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category