1319 Shares 2546 Views


Aug 08, 2018
1319 2546

[Zawgyi]






Ref: BGR

[Unicode]

OLED Display နဲ့ NFC တို့ ပါဝင်တဲ့ Hey+ စမတ်လက်ပတ်ကို Xiaomi မိတ်ဆက်

သိပ်မကြာခင်ကမှ Mi Band 3 ကို မိတ်ဆက်ခဲ့တဲ့ Xiaomi ဟာ Hey+ ဆိုတဲ့ စမတ်လက်ပတ်အသစ်တမျိုးကို ယနေ့ပဲ တရုတ်နိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပါတယ်။

Hey+ ဟာ Mi Band 3 ပိုမိုအဆင့်မြှင့်တင်ထားတဲ့ စမတ်လက်ပတ်တခုဖြစ်ပြီး၊ အားကစားလေ့ကျင့်ခန်းတွေ လုပ်ရာမှာ ပတ်ဖို့အတွက် အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ 240×120 pixels (282 ppi) ရှိတဲ့ ဝ.၉၅ လက်မအရွယ် OLED စခရင်ကို အသုံးပြုထားပြီး၊ လက်ပတ်ကြိုးကတာ့ သာမိုပလတ်စတစ် ပိုလီမာအပျော့သားနဲ့ ဖြစ်ပါတယ်။ Mi Band 3 အတိုင်း 120mAh ဘက်ထရီပါဝင်ပြီး၊ ၂ နာရီထဲနဲ့ အားအပြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Xiaomi ကတော့ ၁၈ ရက်လောက်အထိ အေးဆေးအသုံးခံတယ်လို့ ဆိုထားပါတယ်။

Hey+ ဟာ ရေကူး၊ အပြေး၊ လမ်းလျှောက်စတဲ့ အားကစားလေ့ကျင့်ခန်းတွေ ပြုလုပ်မှုကို မှတ်သားထားပေးနိုင်ပြီး၊ စမတ်လက်ပတ်တွေ ထုံးစံအတိုင်း နှလုံးခုန်နှုန်းတိုင်းဆန်ဆာ ပါဝင်မှာဖြစ်ပါတယ်။ MiFit App ကနေပြီးတော့ သွေးခုန်နှုန်းတွေကို ပြန်ကြည့်လို့ရမှာပါ။ Caller ID လည်းပါဝင်ပြီး၊ လက်ပတ်ကနေတင် ဖုန်းချပစ်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ Accelerometer လည်း ပါတာကြောင့် အိပ်စက်မှုအချိန်တွေကို မှတ်ထားပေးနိုင်သလို၊ Alarm နဲ့ Reminder တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Hey+ ရဲ့ နောက်ထပ်အဓိက Feature ကတော့ လက်ပတ်ထဲမှာ NFC module ပါဝင်တာဖြစ်ပြီး၊ NFC reader ပါတဲ့ တံခါးတွေ၊ အဆောက်အဦးတွေ ဝင်ရာမှာ အသုံးပြုနိုင်သလို၊ ရထားလက်မှတ်ကတ်အနေနဲ့လည်း သုံးနိုင်ပါတယ်။ ဖုန်းအဝင်နဲ့ မက်ဆေ့တွေကိုတော့ Display ပေါ်မှာ ၁၀ ခုအထိ အများဆုံးကြည့်လို့ရပြီး၊ မက်ဆေ့တခုမှာ တရုတ်စာလုံး အလုံးရေ ၃၀၀ လောက် ဖော်ပြနိုင်ပါတယ်။ Bluetooth 4.2 စနစ်နဲ့ စမတ်ဖုန်းကို ချိတ်ဆက်ရမှာပါ။

Xiaomi Hey+ စမတ်လက်ပတ်ကို တရုတ်ယွမ်ငွေ ၂၂၉ ( ၃၃ ဒေါ်လာခန့်) နဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး YouPin ဝဘ်ဆိုဒ်ကနေ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: BGR

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category