542 Shares 144 Views

Samsung Galaxy Note 9 Event မွာ မိတ္ဆက္ႏုိင္တဲ့ ထုတ္ကုန္မ်ား

Aug 08, 2018
542 144

ဆမ္ေဆာင္းက မနက္ျဖန္မွာ Galaxy Unpacked Event ကို ျပဳလုပ္ေတာ့မွာ ျဖစ္ပါတယ္။ အဲဒီပြဲမွာ Note 9 အပါအ၀င္ အျခား ထုတ္ကုန္မ်ားကို ေၾကညာမွာပါ။ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားစြာလည္း ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ Samsung Galaxy Note 9 Event မွာ မိတ္ဆက္ႏုိင္တဲ့ အရာမ်ားကို ေအာက္မွာေလ့လာပါ။

Galaxy Note 9

ဆမ္ေဆာင္းက Galaxy Note 9 ရဲ႕ Unpacked Event အတြက္ ဖိတ္စာမ်ားကို ေ၀ငွထားပါတယ္။ ဖိတ္စာမွာ S Pen ကို အဓိကထား ျပသထားၿပီး သူ႔မွာ စြမ္းရည္ အသစ္မ်ားပါလာမယ္လို႔ ယူဆရပါတယ္။ ဒီဇိုင္းကေတာ့ ယခင္ႏွစ္ Note 8 ရဲ႕ S Pen နဲ႔ တူညီပါတယ္။ အေနာက္ကင္မရာ စနစ္နဲ႔ အေနာက္ လက္ေဗြရာ ကိရိယာ၊ မ်က္လံုး အာရံုခံကိရိယာမ်ားကိုလည္း ယခင္ႏွစ္ထုတ္ ေမာ္ဒယ္မွာလို တပ္ဆင္ထားမွာပါ။ ဒါေပမယ့္ တိုးတက္မႈမ်ား ပါလာမွာပါ။

အဆင့္ျမွင့္ထားတဲ့ S Pen

တိက်မႈနဲ႔ အာရံုခံႏုိင္စြမ္းမွာ ယခင္ႏွစ္ကထက္ တိုးတက္လာမွာပါ။ သူ႔ကို Portable Bluetooth Controller လို အသံုးျပဳႏုိင္မွာ ျဖစ္ၿပီး သီခ်င္းမ်ားကို ထိန္းခ်ဳပ္ျခင္း၊ Remote Self-Timer လို အသံုးျပဳႏုိင္ျခင္း စတဲ့ စြမ္းရည္မ်ား ပါလာမယ္လို႔ ေျပာပါတယ္။ S Pen မွာ ဂိမ္း ကစားႏိုင္တဲ့ စြမ္းရည္ေတာင္ ပါလာႏုိင္တယ္လို႔ သိရပါတယ္။

ပိုေကာင္းလာတဲ့ ဘက္ထရီ သက္တမ္း

Note 9 မွာ Note 8 ရဲ႕ 3300mAh Battery ထက္ ပိုိမုိႀကီးမားတဲ့ 3850mAh or 4000mAh Battery မ်ား ပါလာႏုိင္ပါတယ္။ Note 7 ရဲ႕ 3500mAh Battery ထက္ ၁၄ ရာခုိင္ႏႈန္း ပိုမုိ ႀကီးမားလာမွာပါ။ ဆမ္ေဆာင္းရဲ႕ Note 9 Teaser မွာလည္း ဘက္ထရီ သက္တမ္းကို အဓိက ညႊန္းထားပါတယ္။

ပိုမ်ားလာမယ့္ Storage

ေပါက္ၾကားထြက္ေပၚခဲ့ဖူးတဲ့ Samsung ရဲ႕ ပရိုမို ဗီဒီယိုမွာ Note 9 အတြက္ 512GB Storage အထိေတာင္ ထုတ္လုပ္ေပးထားမယ္လို႔ သိရပါတယ္။ ေစ်းကြက္ထဲမွာ အမ်ားဆံုး အေနနဲ႔ 512GB microSD Card Slot ပါလာမွာပါ။ အဲဒီ ႏွစ္ခု ေပါင္းလိုက္ရင္ 1 Terabyte အထိေတာင္ သိမ္းႏုိင္မွာပါ။

ပိုေကာင္းလာမယ့္ ကင္မရာမ်ား

ဆမ္ေဆာင္းက စမတ္ဖုန္း အသစ္တိုင္းမွာ ကင္မရာမ်ားကို အဆင့္ျမွင့္ထားေလ့ရွိပါတယ္။ Note 9 မွာ Galaxy S9 မွာ စတင္ မိတ္ဆက္ခဲ့တဲ့ Dual-Aperture System ကို အဆင့္ျမွင့္ထားႏုိင္ပါတယ္။

တိုးတက္လာမယ့္ အျမန္ႏႈန္း

Galaxy S9 မွာလိုပဲ Note 9 မွာ Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ Snapdragon 845 Chipset နဲ႔အတူ ေနာက္ဆံုးထုတ္ Modem ပါလာႏုိင္ပါတယ္။

Galaxy Watch

အဲဒီ ပြဲမွာ Galaxy Watch ကိုပါ ေၾကညာႏုိင္ပါတယ္။ Gear အမည္ကေန ခြဲထြက္သြားဖို႔ ရွိပါတယ္။ အမည္ေျပာင္းသြားေပမယ့္ အျခား အရာမ်ားက အမ်ားႀကီး ေျပာင္းသြားမယ္လို႔ မထင္ရပါဘူး။ အမည္ေျပာင္းသြားလို႔ Android Wear OS ကို ေျပာင္းသံုးမွာ မဟုတ္ႏုိင္ပါဘူး။ Tizen OS ကိုသာ သံုးထားမယ္လို႔ သတင္းမ်ားက ဆိုပါတယ္။

Wireless Chargere Duo

ေနာက္ထပ္ ထုတ္ကုန္ တစ္ခုက Wireless Charger Duo ျဖစ္ၿပီး Device ၂ ခုကို တစ္ၿပိဳင္နက္ အားသြင္းေပးႏုိင္မွာပါ။ အဲဒီအတြက္ Galaxy Note 9 နဲ Galaxy Watch ၂ ခုစလံုးကို တစ္ၿပိဳင္နက္ အားသြင္းႏုိင္မွာပါ။

Bixby ပါတဲ့ စမတ္ စပီကာ

ေနာက္ဆံုးထုတ္ကုန္က ကာလရွည္ၾကာ သတင္းထြက္ေနတဲ့ Bixby ပါတဲ့ စမတ္ စပီကာ ျဖစ္ပါတယ္။ သူဟာ Amazon Alexa Device , Google Home , Apple HomePod မ်ားကို ယွဥ္ၿပိဳင္မွာပါ။ ေဒၚလာ ၃၀၀ ေလာက္ရွိမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : theverge

unicode

Samsung Galaxy Note 9 Event မှာ မိတ်ဆက်နိုင်တဲ့ ထုတ်ကုန်များ

ဆမ်ဆောင်းက မနက်ဖြန်မှာ Galaxy Unpacked Event ကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ Note 9 အပါအဝင် အခြား ထုတ်ကုန်များကို ကြေညာမှာပါ။ သူတို့ရဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ Samsung Galaxy Note 9 Event မှာ မိတ်ဆက်နိုင်တဲ့ အရာများကို အောက်မှာလေ့လာပါ။

Galaxy Note 9

ဆမ်ဆောင်းက Galaxy Note 9 ရဲ့ Unpacked Event အတွက် ဖိတ်စာများကို ဝေငှထားပါတယ်။ ဖိတ်စာမှာ S Pen ကို အဓိကထား ပြသထားပြီး သူ့မှာ စွမ်းရည် အသစ်များပါလာမယ်လို့ ယူဆရပါတယ်။ ဒီဇိုင်းကတော့ ယခင်နှစ် Note 8 ရဲ့ S Pen နဲ့ တူညီပါတယ်။ အနောက်ကင်မရာ စနစ်နဲ့ အနောက် လက်ဗွေရာ ကိရိယာ၊ မျက်လုံး အာရုံခံကိရိယာများကိုလည်း ယခင်နှစ်ထုတ် မော်ဒယ်မှာလို တပ်ဆင်ထားမှာပါ။ ဒါပေမယ့် တိုးတက်မှုများ ပါလာမှာပါ။

အဆင့်မြှင့်ထားတဲ့ S Pen

တိကျမှုနဲ့ အာရုံခံနိုင်စွမ်းမှာ ယခင်နှစ်ကထက် တိုးတက်လာမှာပါ။ သူ့ကို Portable Bluetooth Controller လို အသုံးပြုနိုင်မှာ ဖြစ်ပြီး သီချင်းများကို ထိန်းချုပ်ခြင်း၊ Remote Self-Timer လို အသုံးပြုနိုင်ခြင်း စတဲ့ စွမ်းရည်များ ပါလာမယ်လို့ ပြောပါတယ်။ S Pen မှာ ဂိမ်း ကစားနိုင်တဲ့ စွမ်းရည်တောင် ပါလာနိုင်တယ်လို့ သိရပါတယ်။

ပိုကောင်းလာတဲ့ ဘက်ထရီ သက်တမ်း

Note 9 မှာ Note 8 ရဲ့ 3300mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။ Note 7 ရဲ့ 3500mAh Battery ထက် ၁၄ ရာခိုင်နှုန်း ပိုမို ကြီးမားလာမှာပါ။ ဆမ်ဆောင်းရဲ့ Note 9 Teaser မှာလည်း ဘက်ထရီ သက်တမ်းကို အဓိက ညွှန်းထားပါတယ်။

ပိုများလာမယ့် Storage

ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ Samsung ရဲ့ ပရိုမို ဗီဒီယိုမှာ Note 9 အတွက် 512GB Storage အထိတောင် ထုတ်လုပ်ပေးထားမယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ အများဆုံး အနေနဲ့ 512GB microSD Card Slot ပါလာမှာပါ။ အဲဒီ နှစ်ခု ပေါင်းလိုက်ရင် 1 Terabyte အထိတောင် သိမ်းနိုင်မှာပါ။

ပိုကောင်းလာမယ့် ကင်မရာများ

ဆမ်ဆောင်းက စမတ်ဖုန်း အသစ်တိုင်းမှာ ကင်မရာများကို အဆင့်မြှင့်ထားလေ့ရှိပါတယ်။ Note 9 မှာ Galaxy S9 မှာ စတင် မိတ်ဆက်ခဲ့တဲ့ Dual-Aperture System ကို အဆင့်မြှင့်ထားနိုင်ပါတယ်။

တိုးတက်လာမယ့် အမြန်နှုန်း

Galaxy S9 မှာလိုပဲ Note 9 မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့အတူ နောက်ဆုံးထုတ် Modem ပါလာနိုင်ပါတယ်။

Galaxy Watch

အဲဒီ ပွဲမှာ Galaxy Watch ကိုပါ ကြေညာနိုင်ပါတယ်။ Gear အမည်ကနေ ခွဲထွက်သွားဖို့ ရှိပါတယ်။ အမည်ပြောင်းသွားပေမယ့် အခြား အရာများက အများကြီး ပြောင်းသွားမယ်လို့ မထင်ရပါဘူး။ အမည်ပြောင်းသွားလို့ Android Wear OS ကို ပြောင်းသုံးမှာ မဟုတ်နိုင်ပါဘူး။ Tizen OS ကိုသာ သုံးထားမယ်လို့ သတင်းများက ဆိုပါတယ်။

Wireless Chargere Duo

နောက်ထပ် ထုတ်ကုန် တစ်ခုက Wireless Charger Duo ဖြစ်ပြီး Device ၂ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်မှာပါ။ အဲဒီအတွက် Galaxy Note 9 နဲ Galaxy Watch ၂ ခုစလုံးကို တစ်ပြိုင်နက် အားသွင်းနိုင်မှာပါ။

Bixby ပါတဲ့ စမတ် စပီကာ

နောက်ဆုံးထုတ်ကုန်က ကာလရှည်ကြာ သတင်းထွက်နေတဲ့ Bixby ပါတဲ့ စမတ် စပီကာ ဖြစ်ပါတယ်။ သူဟာ Amazon Alexa Device , Google Home , Apple HomePod များကို ယှဉ်ပြိုင်မှာပါ။ ဒေါ်လာ ၃၀၀ လောက်ရှိမယ်လို့ သတင်းထွက်နေပါတယ်။

Ref : theverge

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category