Snapdragon 845, RAM 8GB နဲ့ Geekbench မှာပေါ်လာခဲ့တဲ့ Meizu 16
[Zawgyi]
[Unicode]
Meizu 16 နဲ့ 16 Plus တို့နဲ့ပတ်သတ်ပြီး သိသင့်သလောက်တော့ သိပြီးဖြစ်ပေမယ့် နောက်ထပ် Geekbench မှာ စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခုတွေ့ထားပါတယ်။
သြဂုတ်လ ၈ရက်နေ့ ဒီနေ့မှာတရားဝင်မိတ်ဆက်တော့မှာဖြစ်ပြီး မနေ့ကပဲ Geekbench မှာ သူ့ရဲ့ ရမှတ်တွေထွက်လာခဲ့ပါပြီ။ Benchmark ရမှတ်တွေအရတော့ Multi-core score ကြီးက တော်တော်ကြီးကြမ်းပါတယ်။ ဖြစ်နိုင်တာကတော့ Vapor Chamber အအေးပေးစနစ်ကိုအသုံးပြုလိုက်တဲ့အတွက် ဖြစ်ပါလိမ့်မယ်။
Snapdragon 845 သုံးမယ်ဆိုတာကတော့ အရင်ကတည်းကသိပြီးသားဆိုတော့ သိပ်ပြီးမထူးဆန်းပါဘူး။ Meizu ရဲ့ ပုံမှန်မော်ဒယ်လ်နဲ့ Plus မော်ဒယ်လ် ၂ခုလုံးမှာသုံးမယ့် Chipset ချင်းက တူတူပါပဲ။ ဒါပေမယ့် Meizu အနေနဲ့ RAM 8GB သုံးပေးထားတယ်ဆိုတာကို တော်တော်အံ့အားသင့်မိခဲ့ပါတယ်။
အရင်ကတည်းက ကျွန်တော်တို့သိခဲ့တာက RAM 6GB, storage 128GB နဲ့လာမယ်ဆိုတာကိုပဲသိခဲ့တဲ့အတွက် ဒီ RAM 8GB ဆိုတာက Plus model အတွက်လား ဒါမှမဟုတ် Memory ရွေးစရာတစ်ခုခုအနေနဲ့ထွက်လာတာလားဆိုတာကို ဒီနေ့ပဲကြည့်ကြည့်လိုက်ရအောင်.
You may be interested

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Ko Thuya - Feb 23, 2019Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
Ko Thuya - Feb 23, 2019Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Ko Thuya - Feb 23, 2019Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…
Most from this category

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019
Leave a Comment
You must be logged in to post a comment.