709 Shares 224 Views


Aug 08, 2018
709 224





unicode

Xiaomi Pocophone F1 ရဲ့ Retail Box နဲ့ ဓါတ်ပုံအချို့ထွက်ပေါ်လာ

Snapdragon 845 ထည့်ထားတဲ့ တန်ဖိုးနည်း Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ ဘူးခွံနဲ့ ဓါတ်ပုံ အချို့ထွက်ပေါ်လာပါတယ်။ အရှေ့ဘက်ကို ပြတ်သားစွာ ရိုက်ကူးထားတဲ့ ဓါတ်ပုံက Snapdragon 845 အတွက် Liquid Cooling System ကို ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး ဓါတ်ပုံတစ်ခုမှာ 4000mAh Battery ကို ပြသထားပါတယ်။

အနောက်ဘက်ကို အလူမီနီယမ် ကိုယ်ထည်ဖြင့် ဖန်တီးထားတဲ့အတွက် ကြိုးမဲ့အားသွင်း စနစ်တော့ မပါနိုင်ပါဘူး။ အောက်ခြေမှာ စပီကာပေါက်များ၊ USB-C Port ကို မြင်ရပါတယ်။ နားကြပ်ပေါက်ကို အထက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာများရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာကို မြင်ရပါတယ်။ အရွယ်အစားကြီးမားတဲ့ Notch ပါလာပါတယ်။ အဆင့်မြင့် 3D Face Recognition နည်းပညာတော့ မပါလာဘဲ Flash တစ်ခုသာ အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

သူဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ Bluetooth ကို မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းမှ သတင်းအချက်အလက်များအရ သူဟာ Snapdragon 845 ထည့်သွင်းထားတဲ့ ဈေးအသက်သာဆုံး ဖုန်း ဖြစ်လာမှာပါ။ ကင်မရာ အပိုင်းမှာလည်း သူဟာ ကောင်းမွန်ပါတယ်။

အနောက်ဘက်မှာ 12MP Camera နဲ့အတူ သတင်းအချက်အလက်များ ပိုမို ဖမ်းယူနိုင်ဖို့ အပို 5MP Camera တစ်လုံး ပါပါတယ်။ အရှေ့ဘက်မှာ Super Pixel နည်းပညာပါတဲ့ 20MP Camera တစ်လုံး ပါပါတယ်။ သူဟာ တစ်နည်းအားဖြင့် Pixel Binning နည်းပညာ ဖြစ်ပါတယ်။ 6GB or 8GB RAM နဲ့ 64GB or 128GB Storage များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ သူ့ကို မော်ဒယ်နံပါတ် M1805E10A အဖြစ် မှတ်ပုံတင်ထားပြီး MIUI 10 ပါလာမှာ ဖြစ်ပါတယ်။

You may be interested

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်
NEWS, Softwares & Application
0 shares0 views

တလ ၃ ဒေါ်လာသာ ကျသင့်မယ့် Netflix မိုဘိုင်းသီးသန့် အစီအစဉ်ကို အိန္ဒိယမှာ စမ်းသပ်

Nigma - Mar 23, 2019

Netflix က အိန္ဒိယ အပါအဝင် နိုင်ငံအချို့မှာ မိုဘိုင်းသီးသန့် လစဉ်ကြေးအစီအစဉ်အသစ်တခုကို စမ်းသပ်လျက် ရှိပါတယ်။ ပုံမှန်အားဖြင့် Netflix ကို အိန္ဒိယက ဝယ်မယ်ဆိုရင် အနည်းဆုံး တလ ၇.၂၇ ဒေါ်လာ ပေးရပါတယ်။ မြန်မာနိုင်ငံကနေဆို အနည်းဆုံး ၇.၉၉ ဒေါ်လာ…

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy
Gadgets, NEWS
0 shares0 views

စုံတွဲများ အိပ်ယာထက်မှာ သာယာမှု ပိုရအောင် ကူညီပေးမယ့် Sex Toy

Ko Thuya - Mar 23, 2019

ချစ်တင်းနှောမှုကို ကူညီပေးမယ့် ကိရိယာ ပေါ်လာပါပြီ။ Lovely အမည်ရ ချပ်ဝတ်တန်ဆာ ကွန်ပြူတာငယ်လေးက Tracker ဖြစ်သလို တစ်စိတ်တစ်ပိုင်းအားဖြင့် Sex Toy လည်း ဖြစ်ပါတယ်။ ဒေါ်လာ ၁၆၉ တန်ကြေးရှိပြီး အမျိုးသားလိင်တံရဲ့ အရင်းမှာ ၀တ်ဆင်ထားရမှာပါ။ ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး…

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?
FEATURES, Softwares & Application
23 shares18 views

Evernote မှာ စာရိုက်စရာ မလိုဘဲ Notes များ ဘယ်လို မှတ်သားမလဲ ?

Ko Thuya - Mar 23, 2019

နာမည်ကျော် မှတ်စု မှတ်သားတဲ့ Evernote App မှာ စာသားများ အပြင် အသံမှတ်စုများ၊ ဗီဒီယို မှတ်စုများကိုလည်း မှတ်သားနိုင်ပါတယ်။ အင်တာနက်မှ သတင်း၊ ဆောင်းပါးများ၊ နည်းလမ်းများ အပါအ၀င် အရာအားလုံးကို မှတ်သားနိုင်ပါတယ်။ သူ့မှာ မှတ်စုများကို လျှင်မြန်လွယ်ကူစွာ မှတ်သားနိုင်တဲ့…

Leave a Comment

Most from this category