0 Shares 956 Views

Xiaomi က နောက်ထပ်ထုတ်မယ့် စခရင် ၆.၄ လက်မအရွယ် Xiaomi Max phablet ဖုန်းဒီဇိုင်း ပေါက်ကြားလာ

Apr 22, 2016
0 956

Xiaomi က မကြာမီမိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်နေတဲ့ Xiaomi Max phablet ဖုန်းပုံရိပ်တွေဟာ အခုဆိုရင် အွန်လိုင်းမှာ ပေါက်ကြားလာပြီဖြစ်ပါတယ်။

Xiaomi နဲ့ ပတ်သတ်တဲ့သတင်းတွေမှာ ယုံကြည်စိတ်ချရတဲ့ GizmoChina ၀က်ဘ်ဆိုဒ်ကနေ တဆင့် ပေါက်ကြားလာတဲ့ဓာတ်ပုံအရ၊ Xiaomi Max ဖုန်းဟာ မကြာသေးမီက ထွက်လာတဲ့ Mi 5 ဖုန်းနဲ့ ဒီဇိုင်းပိုင်း တော်တော်တူပြီး၊ Mi 5 လိုပဲ ဟုမ်းကီးမှာ လက်ဗွေရာဆန်ဆာ ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

အနောက်ပိုင်းကင်မရာအနေအထားကလည်း Mi 5 ဖုန်းနဲ့ တထေရာတည်းဖြစ်ပြီး၊ စခရင်ကတော့ Mi 5 ထက် တော်တော်ပိုကြီးသွားမှာပါ။

အတည်မပြုရသေးပေမယ့်၊ ခိုင်မာတဲ့သတင်းရင်းမြစ်တွေအရ Xiaomi Max phablet ဟာ ၆.၄ လက်မ အရွယ်ရှိတဲ့ မျက်နှာပြင်ပါဝင်လာမယ်လို့ သိရပြီး၊ တကယ်မှန်မယ်ဆိုရင်တော့ Mi စမတ်ဖုန်းတွေထဲမှာ စခရင်အကြီးဆုံးစမတ်ဖုန်းဖြစ်လာဖို့ရှိနေပါတယ်။ ဒီ့အပြင် Mi ၅ မှာသုံးထားတဲ့ Qualcomm Snapdragon 820 ပရိုဆက်ဆာလည်း ပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်။

Xiaomi ကုမ္ပဏီဟာ တရုတ်ပြည်တွင်းမှာ သုံးစွဲသူပြည်သူတွေကို ကုမ္ပဏီက နောက်ထပ်ထုတ်မယ့်စမတ်ဖုန်းကို ဘာနာမည်ပေးရမလဲလို့ နာမည်လေးမျိုးထဲက တစ်ခုရွေးခိုင်းပြီး စစ်တမ်းကောက်ယူခဲ့ရာမှာ၊ ‘Xiaomi Max’ ဆိုတဲ့ နာမည်က မဲအများဆုံးရရှိခဲ့ပြီးနောက်မှာ၊ Xiaomi Max phablet ဖုန်း ထွက်မယ့်သတင်းတွေ စတင် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ အခုလို ဓာတ်ပုံပါ ပေါက်ကြားလာတာဖြစ်ပါတယ်။

Ref: Gadgets 360

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category