236 Shares 101 Views

Drone ေတြကို Microwave အေျမာက္နဲ႔ ပစ္ခ်မယ့္ အေမရိကန္ စစ္တပ္

Aug 08, 2018
236 101

အေမရိကန္ စစ္တပ္က ဒရုန္းမ်ားကို ပစ္ခ်ႏုိင္တဲ့ မိုက္ကရိုေ၀့ဖ္ အေျမာက္ကို အသံုးျပဳဖို႔ စီစဥ္ေနပါတယ္။ စစ္တပ္က Lockheed Martin ကေန အဲဒီလို ပစ္ခ်ႏုိင္တဲ့ မိုက္ကရိုေ၀့ဖ္ စနစ္ကို ၀ယ္ယူဖို႔ ရည္ရြယ္ထားတယ္လို႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေျပာပါတယ္။ အဲဒီ လက္နက္ကို ေလယာဥ္မ်ားမွာ တပ္ဆင္ႏုိင္မွာ ျဖစ္ၿပီး မိုက္ကရုိေ၀့ဖ္ လိႈင္းမ်ားျဖင့္ Fixed-Wing နဲ႔ Quadcopter Drones မ်ားကို စက္ရပ္သြားေအာင္ ျပဳလုပ္ႏုိ္င္မွာ ျဖစ္ပါတယ္။

မၾကာခင္ကပဲ ဗင္နီဇြဲလား သမၼတ ျဖစ္သူ Nicolas Maduo ကို ဗံုးမ်ား တပ္ဆင္ထားတဲ့ ဒရုန္းမ်ားျဖင့္ လုပ္ၾကံသတ္ျဖတ္ဖုိ႔ ႀကိဳးစားမႈတစ္ရပ္ ျဖစ္ပြားခဲ့ပါတယ္။ ဗံုးမ်ားကို အေ၀းထိန္းခလုတ္ကေန ေဖာက္ခြဲခဲ့တယ္လို႔ သိရပါတယ္။ ဒရုန္းဟာ Hexacopter Drones မ်ား ျဖစ္ၿပီး DJI ရဲ႕ Matrice 600 နဲ႔ ဆင္တူတယ္လို႔ သိရပါတယ္။ ဒရုန္းတစ္ခုစီမွာ C4 ယမ္း ၁ ကီလိုဂရမ္စီ ပါရွိပါတယ္လို႔ ဗင္နီဇြဲလား လံုျခံဳေရး အဖြဲ႕က ေျပာပါတယ္။ Matrice 600 ဟာ အမ်ားဆံုး အေနျဖင့္ ၅.၅ ကီလိုဂရမ္ကို သယ္ေဆာင္္ႏုိင္ပါတယ္။ အဲဒီ ျဖစ္ရပ္ေၾကာင့္ ဒရုန္းမ်ားရဲ႕ အႏၱရာယ္ကို ကမာၻအ၀န္းမွာ စိုးရိမ္မႈ ျမင့္တက္လာပါတယ္။ ဗင္နီဇြဲလား သမၼတ ျဖစ္သူ Nicolas Maduo ရဲ႕ ျဖစ္စဥ္မွာ လံုျခံဳေရး တပ္ဖြဲ႕မ်ားဟာ ရိုင္ဖယ္ ေသနတ္မ်ားျဖင့္ ဒရုန္းမ်ားကို ပစ္ခ်ခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ စစ္တပ္က သံုးမယ့္ Lockheed Martin ရဲ႕ စနစ္ဟာ ေလတပ္အတြက္ ဖန္တီးေပးထားတာ ျဖစ္ၿပီး Self-Protect High Energy Laser Demonstrator or SHIELD လို႔ အမည္ေပးထားပါတယ္။ ဒီစနစ္ဟာ ၀င္လာတဲ့ ဒံုးက်ည္မ်ားကို ဖ်က္ဆီးႏုိင္ေအာင္ ဒီဇိုင္းထုတ္ထားတာ ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ႏို၀င္ဘာလမွာ ေဒၚလာ ၂၆ သန္းတန္ ဒီဇိုင္းဆုကို ရရွိထားပါတယ္။

ဒရုန္းမ်ားကို ႏွိမ္နင္းႏုိင္မယ့္ နည္းစနစ္မ်ားကို တီထြင္ေနၾကပါတယ္။ ဒရုန္း အမ်ားစုကို ထိန္းခ်ဳပ္သူနဲ႔ အဆက္အသြယ္ ျပတ္ေအာင္ ေရဒီယိုလိႈင္းမ်ားျဖင့္ ေႏွာင့္ယွက္ႏိုင္ပါတယ္။ အခ်ိဳ႕ႏုိင္ငံမ်ားမွာ ဒရုန္းမ်ားအား တိုက္ခိုက္ဖို႔ သိမ္းငွက္မ်ားအား သင္ၾကားေပးထားပါတယ္။

Ref : theverge

unicode

Drone တွေကို Microwave အမြောက်နဲ့ ပစ်ချမယ့် အမေရိကန် စစ်တပ်

အမေရိကန် စစ်တပ်က ဒရုန်းများကို ပစ်ချနိုင်တဲ့ မိုက်ကရိုဝေ့ဖ် အမြောက်ကို အသုံးပြုဖို့ စီစဉ်နေပါတယ်။ စစ်တပ်က Lockheed Martin ကနေ အဲဒီလို ပစ်ချနိုင်တဲ့ မိုက်ကရိုဝေ့ဖ် စနစ်ကို ဝယ်ယူဖို့ ရည်ရွယ်ထားတယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောပါတယ်။ အဲဒီ လက်နက်ကို လေယာဉ်များမှာ တပ်ဆင်နိုင်မှာ ဖြစ်ပြီး မိုက်ကရိုဝေ့ဖ် လှိုင်းများဖြင့် Fixed-Wing နဲ့ Quadcopter Drones များကို စက်ရပ်သွားအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

မကြာခင်ကပဲ ဗင်နီဇွဲလား သမ္မတ ဖြစ်သူ Nicolas Maduo ကို ဗုံးများ တပ်ဆင်ထားတဲ့ ဒရုန်းများဖြင့် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဗုံးများကို အဝေးထိန်းခလုတ်ကနေ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။ ဒရုန်းဟာ Hexacopter Drones များ ဖြစ်ပြီး DJI ရဲ့ Matrice 600 နဲ့ ဆင်တူတယ်လို့ သိရပါတယ်။ ဒရုန်းတစ်ခုစီမှာ C4 ယမ်း ၁ ကီလိုဂရမ်စီ ပါရှိပါတယ်လို့ ဗင်နီဇွဲလား လုံခြုံရေး အဖွဲ့က ပြောပါတယ်။ Matrice 600 ဟာ အများဆုံး အနေဖြင့် ၅.၅ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပါတယ်။ အဲဒီ ဖြစ်ရပ်ကြောင့် ဒရုန်းများရဲ့ အန္တရာယ်ကို ကမ္ဘာအဝန်းမှာ စိုးရိမ်မှု မြင့်တက်လာပါတယ်။ ဗင်နီဇွဲလား သမ္မတ ဖြစ်သူ Nicolas Maduo ရဲ့ ဖြစ်စဉ်မှာ လုံခြုံရေး တပ်ဖွဲ့များဟာ ရိုင်ဖယ် သေနတ်များဖြင့် ဒရုန်းများကို ပစ်ချခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စစ်တပ်က သုံးမယ့် Lockheed Martin ရဲ့ စနစ်ဟာ လေတပ်အတွက် ဖန်တီးပေးထားတာ ဖြစ်ပြီး Self-Protect High Energy Laser Demonstrator or SHIELD လို့ အမည်ပေးထားပါတယ်။ ဒီစနစ်ဟာ ဝင်လာတဲ့ ဒုံးကျည်များကို ဖျက်ဆီးနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်လာ ၂၆ သန်းတန် ဒီဇိုင်းဆုကို ရရှိထားပါတယ်။

ဒရုန်းများကို နှိမ်နင်းနိုင်မယ့် နည်းစနစ်များကို တီထွင်နေကြပါတယ်။ ဒရုန်း အများစုကို ထိန်းချုပ်သူနဲ့ အဆက်အသွယ် ပြတ်အောင် ရေဒီယိုလှိုင်းများဖြင့် နှောင့်ယှက်နိုင်ပါတယ်။ အချို့နိုင်ငံများမှာ ဒရုန်းများအား တိုက်ခိုက်ဖို့ သိမ်းငှက်များအား သင်ကြားပေးထားပါတယ်။

Ref : theverge

You may be interested

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္
Apple, HUBS, NEWS
100 shares11 views

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္

Ko Thuya - Aug 19, 2018

ထို္င္၀မ္က ထြက္လာတဲ့ သတင္းမ်ားအရ Apple ဟာ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာမယ္လို႔ သိရပါတယ္။ ထိုင္၀မ္ သုေတသန အဖြဲ႕အစည္း TrendForce က ဒီသတင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္ဇယားဟာ iPhone…

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ္ထြက္ရွိလာတဲ့ စကိတ္စီးတဲ့ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား
FEATURES, gadgets
94 shares14 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Ko Thuya - Aug 19, 2018

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ TechDen™ – Screen Time…

Leave a Comment

Most from this category