588 Shares 159 Views


Aug 08, 2018
588 159




Ref : gsmarena

unicode

Oppo F9 Pro ရဲ့ Teaser Video ထွက်ရှိ

Oppo က F9 Pro ရဲ့ သတင်းအချက်အလက် အချို့ကို ဗီဒီယိုတစ်ခုမှာ အရိပ်အမြွက်ပြသလိုက်ပါတယ်။ ဗီဒီယိုမှာ F9 Pro ရဲ့ သမားရိုးကျ မဟုတ်တဲ့ မျက်နှာပြင် ဒီဇိုင်းကို ပြသထားပြီး သူ့ကို Waterdrop Screen လို့ ပြောပါတယ်။ ဒါ့အပြင် အနောက်ဘက် ဒီဇိုင်းကိုလည်း မြင်ရမှာပါ။ အနောက် ကင်မရာ ၂ လုံးပါတာကို တွေ့ရပေမယ့် Resolution များကို မဖော်ပြထားပါဘူး။ အနောက်ကင်မရာ နှစ်လုံးကို အလျားလိုက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာ တွေ့ရပါတယ်။ Oppo က ယခင်ကလည်း သူဟာ F9 လို Selfie အသားပေး ဖုန်း ဖြစ်တယ်လို့ ပြောထားဖူးပါတယ်။ ဗီဒီယိုရဲ့ နောက်ဆုံး အပိုင်းမှာ အဲဒီ ဖုန်းရဲ့ အဓိက စွမ်းရည် တစ်ခုဖြစ်တဲ့ VOOC Flash Charge နည်းပညာကို ပြသထားပါတယ်။ ဒီနည်းပညာကို ကုမ္ပဏီက သူ့ရဲ့ စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့် စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။ ၅ မိနစ်အားသွင်းရင် ၂ နာရီ ဖုန်းပြောနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အရှေ့ဘက်မှာ တြိဂံပုံသဏ္ဍာန် Notch ကို တွေ့မြင်ရပါတယ်။ Video ဟာ ၃၃ စက္ကန့်သာ ကြာပါတယ်။

ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံများ အရ စကရင်ရဲ့ ဘယ်နဲ့ ညာဘက်မှ ဘောင်များဟာ မရှိသလောက်ကို ပါးလွှာပါတယ်။ အထက်မှ ဘောင်ကလည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ အောက်ဘက်ဘောင်ကတော့ မဆိုစလောက် ထူထဲပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းများအရ F9 Series များကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

You may be interested

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်

Ko Thuya - Feb 23, 2019

Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…

Leave a Comment

Most from this category