497 Shares 97 Views

Android Pie နာမည္နဲ႔ တရားဝင္ထြက္ရွိလာျပီျဖစ္တဲ့ Android 9

Aug 07, 2018
497 97

[Zawgyi]

Android OS အသစ္ျဖစ္တဲ့ Android Pie ဟာ မေန႕ညက တရားဝင္ထြက္ရွိလာခဲ့ပါျပီ။

Google ဟာ Android 9 ကို Codename ‘Android P’ နာမည္နဲ႔ Beta ဗားရွင္းထုတ္ေပးေနတာ ၄ လေလာက္ ၾကာျမင့္ခဲ့ျပီး၊ အခုမွ တရားဝင္ထုတ္ေပးခဲ့တာျဖစ္ပါတယ္။ ထုံးစံအတိုင္း Android P ရဲ႕ နာမည္အျပည့္အစုံကိုလည္း Android Pie အျဖစ္ တရားဝင္ေၾကညာသြားခဲ့ပါတယ္။

Android Pie ကို Pixel ဖုန္းေတြမွာ ယေန႔ပဲ OTA (over-the-air) Updates နဲ႔ စတင္ရယူႏိုင္ျပီျဖစ္ျပီး၊ Essential Phone မွာလည္း ယေန႔ပဲ ခ်က္ခ်င္းရရွိခဲ့ပါတယ္။ Android P Beta စမ္းသပ္မွဳမွာ ပါဝင္ခဲ့တဲ့ Sony Xperia XZ2, Xiaomi Mi MIX 2S, Nokia 7 Plus, Oppo R15 Pro, Vivo X21, OnePlus 6 နဲ႔ လိုအပ္ခ်က္ကိုက္ညီတဲ့ Android One ဖုန္းေတြမွာေတာ့ ယခုေဆာင္းဦးအကုန္ (ႏိုဝင္ဘာအကုန္) ေလာက္မွ ထုတ္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီ့အျပင္ Google ဟာ Android ဖုန္းထုတ္လုပ္သူကုမၸဏီေတြနဲ႔ ပူးေပါင္းျပီး၊ Android Pie စနစ္ကို ယခုႏွစ္အတြင္း ဖုန္းအသစ္ေတြမွာ အသုံးျပဳဖို႔နဲ႔၊ ထုတ္ျပီးသား ဖုန္းေတြကို Upgrade လုပ္ေပးဖို႔ ၾကိဳးစားလ်က္ရွိတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ Pixel မတိုင္ခင္ အရင္ Google ဖုန္းေတြျဖစ္တဲ့ Nexus ဖုန္းေတြမွာေတာ့ Android Pie ရရွိမွာ မဟုတ္ေတာ့ပါဘူး။

Android Pie ဟာ AI နည္းပညာကို အဓိကအသုံးျပဳကာ စမတ္ဖုန္းေတြကို “ပိုမိုစမတ္ျဖစ္လာေအာင္” လုပ္ေပးမယ့္ Android စနစ္အသစ္ျဖစ္ပါတယ္။ ဒီထဲက Feature တခုကေတာ့ ‘Adaptive Battery’ ပါ။ Adaptive Battery ဟာ အသုံးျပဳေလ့မရွိတဲ့၊ နည္းပါးတဲ့ Apps ေတြကို ဘက္ထရီမသုံးေအာင္ လုပ္ေပးထားမွာျဖစ္ပါတယ္။

Android P ရဲ႕ ေနာက္ထပ္အၾကီးမားဆုံးေျပာင္းလဲမွဳကေတာ့ Navigation ပုံစံပါ။ Android ရဲ႕ အမွတ္သညာလို႕ ေခၚလို႕ရမယ့္ Navigation ခလုတ္ ( Back, Home, Overview) သုံးခုကို Android P မွာ ေဖ်ာက္ထားျပီး၊ iPhone X လို Gesture နဲ႔ပဲ အဓိကအသုံးျပဳရမွာျဖစ္ပါတယ္။

အခု တရားဝင္ထြက္ရွိလာတဲ့ Android Pie မွာ လူစိတ္ဝင္စားမွဳအမ်ားဆုံးျဖစ္တဲ့ Digital Wellbeing လို တခ်ိဳ႕ Feature အသစ္ေတြေတာ့ မပါဝင္လာေသးဘဲ၊ သုံးခ်င္တယ္ဆိုရင္ Pixel ဖုန္းေတြကေန Beta အစီအစဥ္တခုကို သက္သက္ထပ္ဝင္ေပးရမွာျဖစ္ပါတယ္။ ေနာက္မွ တျခားဖုန္းေတြမွာ ရမွာပါ။

Pixel ဖုန္း ဒါမွမဟုတ္ Essential Phone ကိုင္သူဆိုရင္ေတာ့ အခုပဲ Settings ထဲကေန Android Pie ကို ခ်က္ခ်င္း Update လုပ္ႏိုင္ပါျပီ။

Google ဟာ Android Pie အတြက္ ရုပ္ထုအသစ္ကိုလည္း Googleplex အေရွ႕မွာ ယေန႔ပဲ ထားရွိလိုက္ျပီျဖစ္ပါတယ္။

Ref: Google, Venture Beat

[Unicode]

Android Pie နာမည်နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Android 9

Android OS အသစ်ဖြစ်တဲ့ Android Pie ဟာ မနေ့ညက တရားဝင်ထွက်ရှိလာခဲ့ပါပြီ။

Google ဟာ Android 9 ကို Codename ‘Android P’ နာမည်နဲ့ Beta ဗားရှင်းထုတ်ပေးနေတာ ၄ လလောက် ကြာမြင့်ခဲ့ပြီး၊ အခုမှ တရားဝင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ထုံးစံအတိုင်း Android P ရဲ့ နာမည်အပြည့်အစုံကိုလည်း Android Pie အဖြစ် တရားဝင်ကြေညာသွားခဲ့ပါတယ်။

Android Pie ကို Pixel ဖုန်းတွေမှာ ယနေ့ပဲ OTA (over-the-air) Updates နဲ့ စတင်ရယူနိုင်ပြီဖြစ်ပြီး၊ Essential Phone မှာလည်း ယနေ့ပဲ ချက်ချင်းရရှိခဲ့ပါတယ်။ Android P Beta စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ Sony Xperia XZ2, Xiaomi Mi MIX 2S, Nokia 7 Plus, Oppo R15 Pro, Vivo X21, OnePlus 6 နဲ့ လိုအပ်ချက်ကိုက်ညီတဲ့ Android One ဖုန်းတွေမှာတော့ ယခုဆောင်းဦးအကုန် (နိုဝင်ဘာအကုန်) လောက်မှ ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ့အပြင် Google ဟာ Android ဖုန်းထုတ်လုပ်သူကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး၊ Android Pie စနစ်ကို ယခုနှစ်အတွင်း ဖုန်းအသစ်တွေမှာ အသုံးပြုဖို့နဲ့၊ ထုတ်ပြီးသား ဖုန်းတွေကို Upgrade လုပ်ပေးဖို့ ကြိုးစားလျက်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Pixel မတိုင်ခင် အရင် Google ဖုန်းတွေဖြစ်တဲ့ Nexus ဖုန်းတွေမှာတော့ Android Pie ရရှိမှာ မဟုတ်တော့ပါဘူး။

Android Pie ဟာ AI နည်းပညာကို အဓိကအသုံးပြုကာ စမတ်ဖုန်းတွေကို “ပိုမိုစမတ်ဖြစ်လာအောင်” လုပ်ပေးမယ့် Android စနစ်အသစ်ဖြစ်ပါတယ်။ ဒီထဲက Feature တခုကတော့ ‘Adaptive Battery’ ပါ။ Adaptive Battery ဟာ အသုံးပြုလေ့မရှိတဲ့၊ နည်းပါးတဲ့ Apps တွေကို ဘက်ထရီမသုံးအောင် လုပ်ပေးထားမှာဖြစ်ပါတယ်။

 

Android P ရဲ့ နောက်ထပ်အကြီးမားဆုံးပြောင်းလဲမှုကတော့ Navigation ပုံစံပါ။ Android ရဲ့ အမှတ်သညာလို့ ခေါ်လို့ရမယ့် Navigation ခလုတ် ( Back, Home, Overview) သုံးခုကို Android P မှာ ဖျောက်ထားပြီး၊ iPhone X လို Gesture နဲ့ပဲ အဓိကအသုံးပြုရမှာဖြစ်ပါတယ်။

အခု တရားဝင်ထွက်ရှိလာတဲ့ Android Pie မှာ လူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ Digital Wellbeing လို တချို့ Feature အသစ်တွေတော့ မပါဝင်လာသေးဘဲ၊ သုံးချင်တယ်ဆိုရင် Pixel ဖုန်းတွေကနေ Beta အစီအစဉ်တခုကို သက်သက်ထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ နောက်မှ တခြားဖုန်းတွေမှာ ရမှာပါ။

Pixel ဖုန်း ဒါမှမဟုတ် Essential Phone ကိုင်သူဆိုရင်တော့ အခုပဲ Settings ထဲကနေ Android Pie ကို ချက်ချင်း Update လုပ်နိုင်ပါပြီ။

Google ဟာ Android Pie အတွက် ရုပ်ထုအသစ်ကိုလည်း Googleplex အရှေ့မှာ ယနေ့ပဲ ထားရှိလိုက်ပြီဖြစ်ပါတယ်။

Ref: Google, Venture Beat

You may be interested

၂၀၁၉ ခုႏွစ္မွာ ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးမယ့္ Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုႏွစ္မွာ ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးမယ့္ Google

Ko Thuya - Nov 16, 2018

ကမာၻမွာ အင္တာနက္ ဆက္သြယ္မႈ မရေသးတဲ့ လူေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ရွိေနပါေသးတယ္။ အဲဒီ လူမ်ားအတြက္ ဂူဂယ္လ္က မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Project Loon စီမံကိန္းကို ျပဳလုပ္ေနပါတယ္။ အခုလည္း လာမယ့္ႏွစ္မွာ ဂူဂယ္လ္က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးေတာ့မွာ…

Facebook က Messenger အတြက္ Unsend Feature ကို ျဖန္႔ခ်ီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတြက္ Unsend Feature ကို ျဖန္႔ခ်ီ

Ko Thuya - Nov 16, 2018

Facebook က မက္ဆင္ဂ်ာမွာ ေပးပို႔လိုက္တဲ့ မက္ေဆ့ခ်္မ်ားကို ဖ်က္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနခဲ့ပါတယ္။ အခုေတာ့ ဒီလုပ္ေဆာင္ခ်က္ကို ကမာၻအ၀န္းမွာ ျဖန္႔ခ်ီေပးလိုက္ပါတယ္။ အရင္ကေတာ့ ေပးပို႔လိုက္တဲ့ မက္ေဆ့ခ်္မ်ားကို ဖ်က္ရင္ သင့္ဘက္ျခမ္းမွာသာ ပ်က္သြားတာ ျဖစ္ၿပီး လက္ခံရရွိသူရဲ႕ ဘက္ျခမ္းမွာ က်န္ေနပါတယ္။ အခုေတာ့…

Galaxy S9 နဲ႔ S9+ အတြက္ Android 9.0 Pie ရၿပီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ႔ S9+ အတြက္ Android 9.0 Pie ရၿပီ

Ko Thuya - Nov 16, 2018

ဆမ္ေဆာင္းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ႔ S9+ အတြက္ ျဖန္႔ခ်ီေပးလိုက္ပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားမွ User မ်ား ရရွိေနပါၿပီ။ Android Pie အေျချပဳ ဆမ္ေဆာင္းရဲ႕…

Leave a Comment

Most from this category