431 Shares 122 Views
Google ဖုန်းအပြင် Android 9 Pie ကို ပထမဆုံးမြှင့်လို့ရခဲ့တဲ့ Essential ဖုန်း
Aug 07, 2018
431 122
[Zawgyi]
Android 9 Pie မြှင့်လို့ရနေပြီဆိုတဲ့သူတွေကတော့ Android 9 Pie က ပိုရိုးရှင်းထိရောက်တဲ့ User Interface, Gesture အနေနဲ့သုံးရမယ့် Navigation button တွေ၊ ပိုကောင်းလာတဲ့ Notification System အပြင် လုံခြုံရေးအတွက်မြှင့်ထားပြီး Notch တွေအတွက်လည်း ပြောင်းလဲပြင်ဆင်နိုင်အောင် ထောက်ပံ့ပေးထားတယ်လို့ အတွေ့အကြုံလေးတွေကို မျှဝေထားပါတယ်။
[Unicode]
ဒီနေ့ပဲ Google ကနေ Android OS ရဲ့နောက်ဆုံးထွက်ဗားရှင်းဖြစ်တဲ့ Android 9 Pie ကိုထွက်ရှိလိုက်ပါပြီ။ ထွက်ရှိပြီးပြီးချင်း Update လုပ်လို့ရတာက Google ရဲ့ ဖုန်းတွေသာဖြစ်ပေမယ့် Google ဖုန်းမဟုတ်တဲ့နောက်ဟန်းဆက်တစ်လုံးမှာလည်း ဒီ OS Update အသစ်ကို မြှင့်လို့ရနေပါပြီ။ သူကတော့ ၂၀၁၇ သြဂုတ်လတုန်းက Android 7 Nougat နဲ့ထွက်ရှိခဲ့တဲ့ Essential Phone ပဲဖြစ်ပါတယ်။
Essential Phone is the only non-Google handset updated to Android 9 Pie today
Essential ရဲ့ဟန်းဆက်မှာ Android 9 Pie Update ကိုမြှင့်လိုရပြီဖြစ်ကြောင်း တရားဝင်အတည်ပြုလိုက်ပြီဆိုတော့ Essential Handset ကိုင်ထားတဲ့သူတွေအနေနဲ့ ကံကောင်းတယ်လို့ပြောရမှာပါ။
Android 9 Pie မြှင့်လို့ရနေပြီဆိုတဲ့သူတွေကတော့ Android 9 Pie က ပိုရိုးရှင်းထိရောက်တဲ့ User Interface, ပိုကောင်းလာတဲ့ Notification System အပြင် လုံခြုံရေးအတွက်မြှင့်ထားပြီး Notch တွေအတွက်လည်း ပြောင်းလဲပြင်ဆင်နိုင်အောင် ထောက်ပံ့ပေးထားတယ်လို့ အတွေ့အကြုံလေးတွေကို မျှဝေထားပါတယ်။
ဆောင်းတွင်းအကုန်ကျရင်တော့ Sony, HMD Global ရဲ့ Nokia ဖုန်းတွေ၊ OnePlus, Oppo နဲ့ Vivo တို့ရဲ့ သက်ဆိုင်ရာဖုန်းတွေက Android 9 Pie ကိုမြှင့်လို့ရတော့မှာဖြစ်ကြောင်း Google က ဆိုထားပါတယ်။ Samsung, LG နဲ့ တခြားစမတ်ဖုန်းကုမ္ပဏီတစ်ချို့ရဲ့ဖုန်းတွေကတော့ ဒီနှစ်ကုန်လောက်မှာ Update မြှင့်လိုရနိုင်တော့မှာပါ။ အဲဒီအချိန်တွေမတိုင်ခင်ထိတော့ Google ဖုန်းမဟုတ်တဲ့ Android Update အသစ်ကို ပထမဆုံးရတဲ့ Essential ဖုန်းအတွက် Congratulations! ပါလို့ ☺️
You may be interested
Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views
Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Ko Thuya - Nov 12, 2018
ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…
Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views
Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Ko Thuya - Nov 12, 2018
ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…
VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views
VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Ko Thuya - Nov 12, 2018
Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…
Leave a Comment
Most from this category