652 Shares 475 Views

Pixel 3 မွာ Software Navigation Buttons မ်ား မပါဘဲ Gesture ကိုသာသံုးရမည္

Aug 07, 2018
652 475

Google ရဲ႕ ပထမဆံုး Gesture အေျချပဳ Navigation System ပါတဲ့ Android 9 Pie ကို ျဖန္႔ခ်ီေပးလိုက္ပါၿပီ။ သူ႔ကို ထည့္သြင္းထားတဲ့ ဖုန္းမ်ားမွာ Software or Hardware Nvigation Buttons မ်ားအစား Gesture အေျချပဳ Navigation စနစ္ကို အသံုးျပဳႏုိင္ပါတယ္။ ဒီႏွစ္ေႏွာင္းပိုင္းမွာ ေရာင္းခ်မယ့္ Pixel 3 , Pixel 3 XL မ်ားမွာ Software Navigation Buttons မ်ား မပါဘဲ Gesture မ်ားကိုသာ အသံုးျပဳႏုိင္မယ္လို႔ ထင္ရပါတယ္။ သူတို႔ကို ေအာက္တိုဘာလ ၄ ရက္ေန႔မွာ ေၾကညာမွာပါ။

ဒီသတင္းကို Google ရဲ႕ UX Manager ျဖစ္သူ EK Chung က Android Central နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာလိုက္တာပါ။ စကရင္ရဲ႕ ေအာက္ေျခ အလယ္မွာ ေဆးလံုး ပံုသ႑ာန္ ေဆာ့ဖ္၀ဲ ခလုတ္တစ္ခုပါလာမွာပါ။ လိုအပ္တဲ့ အခါမွသာ ျပသေပးတဲ့ Back Button ဟာ သူ႔ရဲ႕ ေဘးမွာ ရွိေနမွာပါ။

အခုဆိုရင္ Pixel Phone အသစ္မ်ားကို ျမင္ရဖို႔ ႏွစ္လသာလိုပါေတာ့တယ္။ အဲဒီ ဖုန္းမ်ားရဲ႕ သတင္းအခ်က္အလက္မ်ားစြာလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ မၾကာခင္က XDA Forums မွ အဖြဲ႔၀င္တစ္ဦးက အျဖဴေရာင္ Pixel 3 XL ရဲ႕ ဓါတ္ပံုမ်ားကို ျပသခဲ့ပါတယ္။

ဖုန္းရဲ႕ စကရင္မွာ ျပသထားတဲ့ သတင္းအခ်က္အလက္မ်ားအရ သူ႔ရဲ႕ နာမည္ေျပာင္မွာ Crosshatch ျဖစ္ၿပီး 4GB RAM , 64GB Storage မ်ား ပါလာမယ္လို႔ သိရပါတယ္။ သူ႔အရင္ကေတာ့ 128GB Storage ပါမယ္လို႔ သတင္းထြက္ထားပါတယ္။ အျခား သတင္းအခ်က္အလက္မ်ားကေတာ့ ယခင္သတင္းမ်ားနဲ႔ တူညီေနပါတယ္။

သူ႔မွာ အရြယ္ႀကီးမားတဲ့ Notch ထည့္သြင္းထားတာက အေရွ႕ကင္မရာ ၂ လံုး ပါလာႏုိင္ပါတယ္။ သူ႔ကို အားသြင္းေပးမယ့္ Pixel Stand ကိုလည္း ထုတ္လုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Pixel Stand မွာ Google Assistant ပါလာႏုိင္ပါတယ္။ သေဘာက သင့္ဖုန္းကို Pixel Stand မွာ စိုက္ထားၿပီး Lock လုပ္ထားခ်ိန္မွာ Google Assistant ကို ေမးခြန္းမ်ား ေမးႏုိင္မွာပါ။

Ref : gsmarena

unicode

Pixel 3 မှာ Software Navigation Buttons များ မပါဘဲ Gesture ကိုသာသုံးရမည်

Google ရဲ့ ပထမဆုံး Gesture အခြေပြု Navigation System ပါတဲ့ Android 9 Pie ကို ဖြန့်ချီပေးလိုက်ပါပြီ။ သူ့ကို ထည့်သွင်းထားတဲ့ ဖုန်းများမှာ Software or Hardware Nvigation Buttons များအစား Gesture အခြေပြု Navigation စနစ်ကို အသုံးပြုနိုင်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမယ့် Pixel 3 , Pixel 3 XL များမှာ Software Navigation Buttons များ မပါဘဲ Gesture များကိုသာ အသုံးပြုနိုင်မယ်လို့ ထင်ရပါတယ်။ သူတို့ကို အောက်တိုဘာလ ၄ ရက်နေ့မှာ ကြေညာမှာပါ။

ဒီသတင်းကို Google ရဲ့ UX Manager ဖြစ်သူ EK Chung က Android Central နဲ့ အင်တာဗျူးတစ်ခုမှာ ပြောလိုက်တာပါ။ စကရင်ရဲ့ အောက်ခြေ အလယ်မှာ ဆေးလုံး ပုံသဏ္ဍာန် ဆော့ဖ်ဝဲ ခလုတ်တစ်ခုပါလာမှာပါ။ လိုအပ်တဲ့ အခါမှသာ ပြသပေးတဲ့ Back Button ဟာ သူ့ရဲ့ ဘေးမှာ ရှိနေမှာပါ။

အခုဆိုရင် Pixel Phone အသစ်များကို မြင်ရဖို့ နှစ်လသာလိုပါတော့တယ်။ အဲဒီ ဖုန်းများရဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ မကြာခင်က XDA Forums မှ အဖွဲ့ဝင်တစ်ဦးက အဖြူရောင် Pixel 3 XL ရဲ့ ဓါတ်ပုံများကို ပြသခဲ့ပါတယ်။

ဖုန်းရဲ့ စကရင်မှာ ပြသထားတဲ့ သတင်းအချက်အလက်များအရ သူ့ရဲ့ နာမည်ပြောင်မှာ Crosshatch ဖြစ်ပြီး 4GB RAM , 64GB Storage များ ပါလာမယ်လို့ သိရပါတယ်။ သူ့အရင်ကတော့ 128GB Storage ပါမယ်လို့ သတင်းထွက်ထားပါတယ်။ အခြား သတင်းအချက်အလက်များကတော့ ယခင်သတင်းများနဲ့ တူညီနေပါတယ်။

သူ့မှာ အရွယ်ကြီးမားတဲ့ Notch ထည့်သွင်းထားတာက အရှေ့ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။ သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။

Ref : gsmarena

You may be interested

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy
Android, FEATURES, HUBS
0 shares4 views

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy

Ko Thuya - Oct 18, 2018

သင္ျပဳလုပ္တဲ့ အလုပ္အေပၚ မူတည္ၿပီး သင့္ဖုန္းမွ App မ်ားကို အလိုအေလွ်ာက္ ဖြင့္ေပးႏိုင္ရင္ အလြန္ အဆင္ေျပမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္ Headset တပ္လိုက္တဲ့ အခ်ိန္မွာ သင္ႏွစ္သက္တဲ့ Music App ကို ဖြင့္ေပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းမ်ားျပဳလုပ္ရင္…

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares2 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Leave a Comment

Most from this category