0 Shares 4817 Views

ဆိုက်ကြီးလွန်းနေတဲ့ Video ဖိုင်တွေကို Window နဲ့ Mac OS တွေမှာဘယ်လိုဆိုက်ချုံ့မလဲ

Apr 22, 2016
0 4817

သင့်စက်ထဲမှာ သိမ်းထားတဲ့ Video တွေ၊ အထူးသဖြင့် HD Video တွေဟာ သင့်စက်ရဲ့ နေရာလွတ်များစွာကို ယူထားတတ်ပါတယ်။ ဒါဆိုရင်အရမ်းမခက်ခဲပဲ လွယ်ကူစွာနဲ့၊ အရည်အသွေး ထိခိုက်မှုနည်းနည်းနဲ့
သင့်Video တွေရဲ့ ဆိုက်ကိုချုံ့နိုင်ပါတယ်။ အဲ့ဒီအတွက်သင့် ကွန်ပျူတာထဲမှာရှိနေတဲ့ ဗီဒီယိုဖိုင်ဆိုက်တွေကို ဆော့ဖ်ဝဲတချို့အသုံးပြုပြီးချုံ့ကြည့်ရအောင်။

သင့်ရဲ့ Window PC ကွန်ပျူတာတွေပေါ်မှာ သင့်အနေနဲ့ ဗီဒီယိုဖိုင်တွေချုံ့ချင်တယ်ဆိုရင် ဆော့ဖ်ဝဲနှစ်မျိုးအသုံးပြုပြီးချုံ့နိုင်ပါတယ်။ အဲ့ဒီ Software တွေကတော့ Freemake Video Converter နဲ့ Handbrake
တို့ပဲဖြစ်ပါတယ်။ အလွယ်ကူဆုံးကတော့ Freemake Video Converter ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုအသုံးပြု လုပ်ဆောင်ရမယ်ဆိုတာကို အောက်မှာဖော်ပြပေးပါမယ်။

Freemake Video Converter ကိုအသုံးပြုပြီး ဗီဒီယိုဖိုင်တွေကိုချုံ့နိုင်မယ့် နည်းလမ်းများ

၁) အလိုအလျောက်ချုံ့နည်း

အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ သင့် Video တွေကိုအလိုအလျောက်ချုံ့နိုင်စေမယ့်နည်းလမ်းတွေဖြစ်ပါတယ်။

၁. Freemake Video Converter ကို ဒေါင်းလုဒ်လုပ်၊ Install ပြုလုပ်ပြီး ဖွင့်လိုက်ပါ။
၂. Video တစ်ခုကို ထည့်သွင်းပါ။
၃. Output Format တစ်ခုကို ရွေးချယ်လိုက်ပါ။
၎. ပုံမှာပြထားတဲ့အတိုင်း File Size ကို ပြောင်းလဲသတ်မှတ်ရမှာပါ။ ပြီးရင် Convert ခလုတ်နှိပ်လိုက်ရင် ရပါပြီ။

Reducing Video1

သင့်အနေနဲ့ Video ကို Convert မလုပ်ခင် Video ရဲ့ နဂို File Size ကိုမှတ်ထားပါ။ ပြီးရင် Freemake နဲ့ ပြုလုပ်ပြီး ထွက်လာတဲ့ Video ကိုကြည့်ကြည့်လိုက်ပါ။ သင့်အနေနဲ့ အရည်အသွေးကျဆင်းမှုမရှိပဲ
ဆိုက်တစ်ဝက်လောက်လျော့ကျသွားတာကို တွေ့ရမှာဖြစ်ပါတယ်။

၂) Video Resolution ကိုပြောင်းလဲနည်း

သင့်အနေနဲ့ 1280×720 ဒါမှမဟုတ် အဲ့ဒီထက်မြှင့်နေတဲ့ Resolution ကိုအဆင်မပြေဖြစ်နေတယ်ဆိုရင်တော့ Resolution ကိုပြန်လည်ပြင်ဆင်ပြီးတော့ 800×600 ဒါမှမဟုတ် 640×480 စတဲ့ ကြည့်ရတာ
အဆင်ပြေသင့်တော်နိုင်မယ့် Resolution တွေကလည်း HD ရုပ်ထွက်ကို ပေးနိုင်မှာပါ။ အဲ့ထက်သေးချင်တယ်ဆိုရင် 320×240 ဆိုက်အထိတောင်ရွေးချယ်လို့ရနိုင်ပါသေးတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့

၁. အရင်ဆုံး ပရိုဂရမ်ကိုဖွင့်ပြီး ဗီဒီယိုတစ်ခုထည့်လိုက်ပါ။
၂. သင်လိုချင်တဲ့ Output format တစ်ခုကိုရွေးချယ်လိုက်ပါ။
၃. လိုချင်တဲ့ Resolution ကိုရွေးချယ်ရမှာပါ။ (640×480, 640×360 စသည်ဖြင့် အမျိုးမျိုးပေါ့)
၎. ပြီးရင် Convert ကိုနှိပ်လိုက်ပါ။

Reducing Video2

၃) Video Codec ကိုပြောင်းလဲနည်း

Codec ကို လျှော့ချခြင်းကြောင့် File Size ကို ၂ဆ၊ ၃ဆ အထိလျှော့ချနိုင်ပါတယ်။ Space တွေကို ပိုမိုရယူနိုင်ဖို့ အကောင်းဆုံးကတော့ H.264 ပဲဖြစ်ပါတယ်။ H.264 ကိုအသုံးပြုပြီး သင့်အနေနဲ့ တူညီတဲ့ Resolution နဲ့ HD Video တွေကို ရယူနိုင်ပါတယ်။

Reducing Video3

၎) Frame Rate လျှော့ချနည်း

Frame Rate ဆိုတာကတော့ ပြသနေစဉ်အတောအတွင်းမှာ တစ်စက္ကန့်အတွင်း ပြသတဲ့ Frame အကြိမ်အရေအတွက်ပဲဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အများစုမှာ 24-30 fps ရှိပါတယ်။ အဲ့ဒီထက် Frame Rate နည်းအောင် ချပြီး Video File ဆိုက်ကိုသေးပစ်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဒီနည်းလမ်းဟာ Video လည်ပတ်လုပ်ဆောင်မှုကို ထိခိုက်နိုင်လို့ အများကြီး မထောက်ခံချင်ပါဘူး။

Reducing Video4

Handbrake ကိုအသုံးပြုပြီး ဗီဒီယိုဖိုင်တွေကိုချုံ့နိုင်မယ့် နည်းလမ်းများ

Handbrake ကလည်းပဲ ဗီဒီယိုတွေကို အလွယ်တကူ ချုံ့နိုင်မယ့် Software တစ်ခုပဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို Window ကွန်ပျူတာတွေ၊ Mac OS နဲ့ Linux ကိုအခြေခံထားတဲ့ ကွန်ပျူတာတွေမှာတောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်သင့်ရဲ့ Mac Book မှာအလွယ်တကူဒေါင်းပြီး တပ်ဆင်နိုင်ပါတယ်။

၁. Handbrake ကိုဒေါင်းလုဒ်၊ Install လုပ်ပြီး Software ကိုဖွင့်လိုက်ပါ။
၂. Source ခလုပ်ကိုနှိပ်ပြီး Video ကိုထည့်သွင်းပါ။
၃. File ကိုသိမ်းဆည်းမယ့် နေရာကို Browse ကိုနှိပ်ပြီးရွေးချယ်လိုက်ပါ။
၎. Format အတွက် MP4 ကိုရွေးချယ်ထားပေးလိုက်ပါ။ ပြီးရင် Start ကိုနှိပ်ပြီး Convert လုပ်လိုက်ရင်ရပါပြီ။

Reducing Video5

အပေါ်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကိုအသုံးပြုပြီး သင့်အနေနဲ့ လွယ်ကူစွာ ဆိုက်တွေကို ချုံ့နိုင်ပါတယ်။ ဖိုင်ဆိုက်အကြီးအသေးပေါ်မူတည်ပြီး အချိန်အနည်းငယ်ပေးရမှာဖြစ်ပါတယ်။ ဖော်ပြပါနည်းလမ်းတွေနဲ့ သင့်ကွန်ပျူတာထဲက ကြီးမားတဲ့ Video ဖိုင်ဆိုက်တွေကို အလွယ်တကူချုံ့နိုင်ပြီဖြစ်ပါတယ်။

Ref: Freemake.com

You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Android, FEATURES, HUBS
0 shares0 views

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED

Ko Thuya - Apr 19, 2018

အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
479 shares136 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
1125 shares239 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

Leave a Comment

Most from this category