243 Shares 134 Views

Google က Android P ကို ျဖန္႔ခ်ီၿပီ။ သူ႔ရဲ႕ Features မ်ားကို ဒီမွာ ေလ့လာပါ။

Aug 07, 2018
243 134

Google က Android OS အသစ္ကို ျဖန္႔ခ်ီေပးလိုက္ပါၿပီ။ Android 9 Pie လို႔ အမည္ေပးထားၿပီး Pixel Device မ်ားမွာ ေဒါင္းလုပ္လုပ္ႏုိင္ပါၿပီ။ Google ရဲ႕ Beta Program မွာ ပါ၀င္ထားတဲ့ ဖုန္းကုမၸဏီမ်ားရဲ႕ ဖုန္းမ်ားတြင္ ယခုႏွစ္ေႏွာင္းပိုင္းမွာ Update ကို ရရွိမွာပါ။

Android Pie ဟာ ဂူဂယ္လ္ရဲ႕ ၉ ခုေျမာက္ OS ျဖစ္ပါတယ္။ သူ႔မွာ လုပ္ေဆာင္ခ်က္ အသစ္မ်ားစြာ ပါလာၿပီး သင့္ဖုန္း စမတ္ ပိုက်လာဖုိ႔ Machine Learning ကို သံုးထားပါတယ္။ သူ႔ရဲ႕ လုပ္ေဆာင္ခ်က္ အသစ္မ်ားကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္။

Adaptive Battery

စမတ္ဖုန္း တစ္လုံးရဲ႕ ဘက္ထရီ ၾကာရွည္ခံမႈဟာလည္း အေရးပါတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ မ်ားမ်ားပါတဲ့ စမတ္ဖုန္း တစ္လုံးကို ပိုင္ဆိုင္ထားၿပီး Battery Usage မ်ားတဲ့ Services ေတြကို သုံးမိေနရင္၊ Battery Usage မ်ားတဲ့ Apps ေတြက ေနာက္ကြယ္မွာ Run ေနမယ္ဆိုရင္ ကိုယ့္ရဲ႕ ဘက္ထရီက ထင္သေလာက္ ၾကာရွည္ခံမွာ မဟုတ္ပါဘူး။ Google ရဲ႕ Adaptive Battery ဟာ Apps ေတြနဲ႔ ကြၽန္ေတာ္တို႔ အသုံးမ်ားတဲ့ Services ေတြအတြက္ AI နည္းပညာကို အသုံးျပဳၿပီး ဘက္ထရီအား အစား သက္သာေအာင္ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။

 

 

System Navigation Gestures

FullView Display ေတြ အသုံးမ်ားလာတာနဲ႔ အမွ် Navigation Button ေတြရဲ႕ ေနရာဟာလည္း က်ဥ္းသည္ထက္ ပိုက်ဥ္းလာပါတယ္။ Home, Menu (Recent), Back Keys ေတြရဲ႕ ဘဝဟာ Physical Button အျဖစ္ကေန Display အထဲကို ေရာက္ရွိသြားၿပီး ယခုအခါမွာေတာ့ သူတို႔ရဲ႕ ဘဝဟာ Gestures ေတြရဲ႕ အစားထိုးျခင္းကို ခံလိုက္ရၿပီ ျဖစ္ပါတယ္။ Android P မွာ Home Bar Indicator အသစ္ကို ေျပာင္းလဲ အသုံးျပဳ ထားပါတယ္။ Home နဲ႔ Recent Button ၂ခုကို ေပါင္းစပ္ထားတဲ့ Gesture Swipe အေနနဲ႔ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Back Button ကေတာ့ က်န္ရွိေနဆဲ ျဖစ္ပါတယ္။

 

 

Manual Rotation

Auto-rotate ကို ဖြင့္ထားရင္ ကိုယ့္ရဲ႕ ဖုန္း Screen က တခါတေလမွာ မလိုအပ္ဘဲ Rotate ျဖစ္သြားတာကို ႀကဳံဖူးၾကမွာပါ။ Auto-rotate ကို ဖြင့္မထားျပန္ရင္လည္း App အသုံးျပဳေနရင္း Notification ကို ဆြဲခ် Auto-rotate Button ကို ရွာဖြင့္ေနရတာ အလုပ္တစ္ခုပါ။ ဒီျပႆနာအတြက္ Google က Android P ရဲ႕ Navigation Bar မွာ Rotation Button ကို ထည့္သြင္းေပးထားပါတယ္။

 

App Actions

Android P က Artificial Intelligence လို႔ေခၚတဲ့ AI နည္းပညာေတြနဲ႔ ေပါင္းစပ္ထားတဲ့အတြက္ ကိုယ့္ရဲ႕ အက်င့္စ႐ိုက္ေတာ္ေတာ္မ်ားမ်ားကို သိရွိၿပီး ျဖစ္ပါတယ္။ အဲ့ဒီလို သိရွိထားတဲ့အတြက္ ကိုယ္ ဘာလုပ္ဖို႔ ရွိတယ္၊ ကိုယ္ ဘာေတြ လုပ္တတ္တယ္ ဆိုတာမ်ိဴးေတြကို ခန႔္မွန္းၿပီး Suggest လုပ္ေပးတဲ့ Feature ျဖစ္ပါတယ္။
ဥပမာ- နားၾကပ္ကို ဖုန္းမွာ ထိုးလိုက္တဲ့အခါ ကိုယ္ အရင္က နားေထာင္ခဲ့တဲ့ သီခ်င္းကို ျပန္နားေထာင္ဖို႔အတြက္ အႀကံျပဳတာမ်ိဴး ျဖစ္ပါတယ္။

Slices

Slices ဆိုတာကေတာ့ Google မွာ အေၾကာင္းအရာတစ္ခုခုကို ရွာတဲ့အခါ Widget လိုမ်ိဴးပုံစံနဲ႔ ပိုမိုျပည့္စုံတဲ့ အခ်က္အလက္ေတြကို ေဖာ္ျပေပးမယ့္ Feature ျဖစ္ပါတယ္။
ဥပမာ – ကိုယ္က Google Search မွာ Lyft လို႔ ႐ိုက္ထည့္လိုက္ရင္ ကိုယ့္ရဲ႕ အိမ္ကို ေရာက္ဖို႔ အခ်ိန္ဘယ္ေလာက္ ၾကာမယ္၊ အလုပ္ကို သြားဖို႔ အခ်ိန္ဘယ္ေလာက္ လိုမယ္ စတာေတြကို Pop-up Preview အေနနဲ႔ ျပသေပးမွာ ျဖစ္ပါတယ္။ (Lyft – Taxi Service)

Digital Wellbeing

Android P မွာ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ ဖုန္းကို ဘယ္လို အသုံးျပဳေနလဲဆိုတာကို ျပသေပးမယ့္ Dashboard တစ္ခု ပါဝင္လာပါတယ္။ Dashboard မွာ ျပသေပးမယ့္အရာေတြကေတာ့ App တစ္ခုခ်င္းစီရဲ႕ ကိုယ္ အသုံးျပဳခဲ့တဲ့ အခ်ိန္မ်ား၊ ဖုန္းကို Unlock ျပဳလုပ္တဲ့ အႀကိမ္အေရအတြက္ နဲ႔ ကိုယ္ လက္ခံရရွိတဲ့ Notification မ်ား ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ App တစ္ခုခ်င္းစီအတြက္ အသုံးျပဳခ်င္တဲ့ ၾကာခ်ိန္ကိုလည္း ကန္႔သတ္ထားႏိုင္မွာ ျဖစ္ပါတယ္။
Android P မွာ “Do not Disturb” Feature ကို အဆင့္ျမႇင့္တင္ထားတဲ့ Wind Down Mode ကိုလည္း ထည့္သြင္းေပးထားပါတယ္။ Win Down Mode ဟာ ညအခါမွာ Incoming Call, Sms နဲ႔ Notification ေတြကို အလိုအေလ်ာက္ ပိတ္ေပးၿပီး Screen ကို အျဖဴအမဲ အေရာင္ ေျပာင္းလဲေပးမွာ ျဖစ္ပါတယ္။

Ref : gsmarena

unicode

Google က Android P ကို ဖြန့်ချီပြီ။ သူ့ရဲ့ Features များကို ဒီမှာ လေ့လာပါ။

Google က Android OS အသစ်ကို ဖြန့်ချီပေးလိုက်ပါပြီ။ Android 9 Pie လို့ အမည်ပေးထားပြီး Pixel Device များမှာ ဒေါင်းလုပ်လုပ်နိုင်ပါပြီ။ Google ရဲ့ Beta Program မှာ ပါဝင်ထားတဲ့ ဖုန်းကုမ္ပဏီများရဲ့ ဖုန်းများတွင် ယခုနှစ်နှောင်းပိုင်းမှာ Update ကို ရရှိမှာပါ။

Android Pie ဟာ ဂူဂယ်လ်ရဲ့ ၉ ခုမြောက် OS ဖြစ်ပါတယ်။ သူ့မှာ လုပ်ဆောင်ချက် အသစ်များစွာ ပါလာပြီး သင့်ဖုန်း စမတ် ပိုကျလာဖို့ Machine Learning ကို သုံးထားပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက် အသစ်များကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

Adaptive Battery

စမတ်ဖုန်း တစ်လုံးရဲ့ ဘက်ထရီ ကြာရှည်ခံမှုဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ များများပါတဲ့ စမတ်ဖုန်း တစ်လုံးကို ပိုင်ဆိုင်ထားပြီး Battery Usage များတဲ့ Services တွေကို သုံးမိနေရင်၊ Battery Usage များတဲ့ Apps တွေက နောက်ကွယ်မှာ Run နေမယ်ဆိုရင် ကိုယ့်ရဲ့ ဘက်ထရီက ထင်သလောက် ကြာရှည်ခံမှာ မဟုတ်ပါဘူး။ Google ရဲ့ Adaptive Battery ဟာ Apps တွေနဲ့ ကျွန်တော်တို့ အသုံးများတဲ့ Services တွေအတွက် AI နည်းပညာကို အသုံးပြုပြီး ဘက်ထရီအား အစား သက်သာအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

 

 

System Navigation Gestures

FullView Display တွေ အသုံးများလာတာနဲ့ အမျှ Navigation Button တွေရဲ့ နေရာဟာလည်း ကျဉ်းသည်ထက် ပိုကျဉ်းလာပါတယ်။ Home, Menu (Recent), Back Keys တွေရဲ့ ဘဝဟာ Physical Button အဖြစ်ကနေ Display အထဲကို ရောက်ရှိသွားပြီး ယခုအခါမှာတော့ သူတို့ရဲ့ ဘဝဟာ Gestures တွေရဲ့ အစားထိုးခြင်းကို ခံလိုက်ရပြီ ဖြစ်ပါတယ်။ Android P မှာ Home Bar Indicator အသစ်ကို ပြောင်းလဲ အသုံးပြု ထားပါတယ်။ Home နဲ့ Recent Button ၂ခုကို ပေါင်းစပ်ထားတဲ့ Gesture Swipe အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Back Button ကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

 

 

Manual Rotation

Auto-rotate ကို ဖွင့်ထားရင် ကိုယ့်ရဲ့ ဖုန်း Screen က တခါတလေမှာ မလိုအပ်ဘဲ Rotate ဖြစ်သွားတာကို ကြုံဖူးကြမှာပါ။ Auto-rotate ကို ဖွင့်မထားပြန်ရင်လည်း App အသုံးပြုနေရင်း Notification ကို ဆွဲချ Auto-rotate Button ကို ရှာဖွင့်နေရတာ အလုပ်တစ်ခုပါ။ ဒီပြဿနာအတွက် Google က Android P ရဲ့ Navigation Bar မှာ Rotation Button ကို ထည့်သွင်းပေးထားပါတယ်။

 

App Actions

Android P က Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာတွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် ကိုယ့်ရဲ့ အကျင့်စရိုက်တော်တော်များများကို သိရှိပြီး ဖြစ်ပါတယ်။ အဲ့ဒီလို သိရှိထားတဲ့အတွက် ကိုယ် ဘာလုပ်ဖို့ ရှိတယ်၊ ကိုယ် ဘာတွေ လုပ်တတ်တယ် ဆိုတာမျိူးတွေကို ခန့်မှန်းပြီး Suggest လုပ်ပေးတဲ့ Feature ဖြစ်ပါတယ်။
ဥပမာ- နားကြပ်ကို ဖုန်းမှာ ထိုးလိုက်တဲ့အခါ ကိုယ် အရင်က နားထောင်ခဲ့တဲ့ သီချင်းကို ပြန်နားထောင်ဖို့အတွက် အကြံပြုတာမျိူး ဖြစ်ပါတယ်။

Slices

Slices ဆိုတာကတော့ Google မှာ အကြောင်းအရာတစ်ခုခုကို ရှာတဲ့အခါ Widget လိုမျိူးပုံစံနဲ့ ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေကို ဖော်ပြပေးမယ့် Feature ဖြစ်ပါတယ်။
ဥပမာ – ကိုယ်က Google Search မှာ Lyft လို့ ရိုက်ထည့်လိုက်ရင် ကိုယ့်ရဲ့ အိမ်ကို ရောက်ဖို့ အချိန်ဘယ်လောက် ကြာမယ်၊ အလုပ်ကို သွားဖို့ အချိန်ဘယ်လောက် လိုမယ် စတာတွေကို Pop-up Preview အနေနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ (Lyft – Taxi Service)

Digital Wellbeing

Android P မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဖုန်းကို ဘယ်လို အသုံးပြုနေလဲဆိုတာကို ပြသပေးမယ့် Dashboard တစ်ခု ပါဝင်လာပါတယ်။ Dashboard မှာ ပြသပေးမယ့်အရာတွေကတော့ App တစ်ခုချင်းစီရဲ့ ကိုယ် အသုံးပြုခဲ့တဲ့ အချိန်များ၊ ဖုန်းကို Unlock ပြုလုပ်တဲ့ အကြိမ်အရေအတွက် နဲ့ ကိုယ် လက်ခံရရှိတဲ့ Notification များ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် App တစ်ခုချင်းစီအတွက် အသုံးပြုချင်တဲ့ ကြာချိန်ကိုလည်း ကန့်သတ်ထားနိုင်မှာ ဖြစ်ပါတယ်။
Android P မှာ “Do not Disturb” Feature ကို အဆင့်မြှင့်တင်ထားတဲ့ Wind Down Mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Win Down Mode ဟာ ညအခါမှာ Incoming Call, Sms နဲ့ Notification တွေကို အလိုအလျောက် ပိတ်ပေးပြီး Screen ကို အဖြူအမဲ အရောင် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Google က အိႏၵိယမွာ AI စနစ္နဲ႔ ေရႀကီးမႈကို ခန္႔မွန္းေပးေန
NEWS, Softwares & Application, Tech Update
0 shares0 views

Google က အိႏၵိယမွာ AI စနစ္နဲ႔ ေရႀကီးမႈကို ခန္႔မွန္းေပးေန

Ko Thuya - Sep 26, 2018

Google က ေဒသတြင္း အစိုးရ ဌာနမ်ားနဲ႔ ပူးေပါင္း၍ Maps နဲ႔ Search တို႔မွာ သဘာ၀ ေဘးအႏၱရာယ္မ်ားနဲ႔ ပတ္သက္ၿပီး အသိေပးမႈမ်ား ျပဳလုပ္ေနတာ ႏွစ္မ်ားစြာ ၾကာေနပါၿပီ။ အခုလည္း ဂူဂယ္လ္က အိႏၵိယမွာ AI ကို သံုး၍…

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္
Gadgets, NEWS
26 shares10 views

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္

Ko Thuya - Sep 26, 2018

အေမရိကန္ လူမ်ိဳး ၁၀ ကေန ၈၀ ရာခုိင္ႏႈန္းဟာ ဗီတာမင္ ဒီ အားနည္းေနပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္း နည္းပညာ တကၠသိုလ္၊ အသံုးခ် ဓါတုေဗဒနဲ႔ ပတ္၀န္းက်င္ သိပၸံပညာ ဌာနမွ ပါေမာကၡ ျဖစ္သူ Bansal က ဒီ…

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္
HUBS, Vivo
38 shares57 views

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္

Creepy Tyler - Sep 26, 2018

ရန္ကုန္၊ ျမန္မာ၊ စက္တင္ဘာ ၂၅၊ ၂၀၁၈ - Vivo မွ ၎၏ထုတ္ကုန္သစ္ျဖစ္သည့္ ဆန္းသစ္ေသာ Vivo V11 စမတ္ဖုုန္း ကို ယေန႔တြင္ ျမန္မာႏိုင္ငံတြင္ မိတ္ဆက္ခဲ့သည္။ နာမည္ေက်ာ္ လူၾကိဳက္မ်ားေသာ V အမ်ိဳးအစား စမတ္ဖုန္းမ်ား စာရင္းဝင္ ဤ ဥာဏ္ရည္တု AI…

Leave a Comment

Most from this category