140 Shares 73 Views

ႏွလံုးခုန္ႏႈန္း တိုင္းတာေပးမယ့္ Fossil ရဲ႕ စမတ္နာရီ အသစ္မ်ား

Aug 07, 2018
140 73

Fossil က စတုတၳမ်ိဳးဆက္ Android Wear Smartwatch မ်ားကို ျပသလိုက္ပါတယ္။ Fossil Q Venture HR နဲ႔ Q Explorist HR တို႔ ျဖစ္ပါတယ္။ ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ယခုလ ၂၆ ရက္ေန႔မွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

သူတို႔ ႏွစ္လံုးရဲ႕ အဓိက ကြာျခားခ်က္မွာ အရြယ္အစား ျဖစ္ပါတယ္။ Explorist ဟာ အခ်င္း ၄၅ မီလီမီတာနဲ႔ Venture ဟာ ၄၀ မီလီမီတာ ျဖစ္ပါတယ္။ အဲဒီအတြက္ လက္ပတ္ႀကိဳးမ်ားကလည္း ကြာျခားၾကပါတယ္။ ၂၂ မီလီမီတာနဲ႔ ၁၈ မီလီမီတာ အသီးသီး ရွိၾကပါတယ္။ ေစ်းႏႈန္းက တူညီၿပီး သားေရ လက္ပတ္ႀကိဳး ေမာ္ဒယ္ကို ၂၅၅ ေဒၚလာနဲ႔ Stainless Steel လက္ပတ္ႀကိဳး ေမာ္ဒယ္ကို ၂၇၅ ေဒၚလာ သတ္မွတ္ထားပါတယ္။

ႏွစ္လံုးစလံုးမွာ ႏွလံုးခုန္ႏႈန္း တိုင္းတာေပးႏုိင္တဲ့ ဆန္ဆာမ်ား ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ GPS Receiver လည္း ပါၾကပါတယ္။ တတိယ မ်ိဳးဆက္မ်ားမွာ GPS မပါၾကပါဘူး။ ဒါ့အျပင္ ဒီဇိုင္း အပိုင္းမွာလည္း ယခင္မ်ိဳးဆက္မ်ားထက္ Sports ဆန္လာပါတယ္။ 3ATM စံႏႈန္းရွိၿပီး ေရကူးတဲ့အခါမွာ ၀တ္ဆင္ထားႏိုင္ပါတယ္။

အဲဒီ စမတ္နာရီမ်ားမွာ အသစ္ထပ္ပါလာတာက NFC ဆက္သြယ္မႈ ျဖစ္ၿပီး Google Pay ေငြေပးေခ်မႈစနစ္ကို အသံုးျပဳႏုိင္မယ္လို႔ ထင္ရပါတယ္။ အဲဒီေတြကေတာ့ သိသာထင္ရွားတဲ့ တိုးတက္လာမႈမ်ား ျဖစ္ၿပီး အျခား အစိတ္အပိုင္းမ်ားက ယခင္ေမာ္ဒယ္မ်ားနဲ႔ တူညီပါတယ္။ သူတို႔မွာ 4GB Storage , Bluetooth 4.1 Low Energy , WiFi b/g/n မ်ား ပါပါတယ္။ ဘက္ထရီကတစ္ရက္ၾကာ အသံုးခံပါတယ္။

Ref : gsmarena

unicode

နှလုံးခုန်နှုန်း တိုင်းတာပေးမယ့် Fossil ရဲ့ စမတ်နာရီ အသစ်များ

Fossil က စတုတ္ထမျိုးဆက် Android Wear Smartwatch များကို ပြသလိုက်ပါတယ်။ Fossil Q Venture HR နဲ့ Q Explorist HR တို့ ဖြစ်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ယခုလ ၂၆ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

သူတို့ နှစ်လုံးရဲ့ အဓိက ကွာခြားချက်မှာ အရွယ်အစား ဖြစ်ပါတယ်။ Explorist ဟာ အချင်း ၄၅ မီလီမီတာနဲ့ Venture ဟာ ၄၀ မီလီမီတာ ဖြစ်ပါတယ်။ အဲဒီအတွက် လက်ပတ်ကြိုးများကလည်း ကွာခြားကြပါတယ်။ ၂၂ မီလီမီတာနဲ့ ၁၈ မီလီမီတာ အသီးသီး ရှိကြပါတယ်။ ဈေးနှုန်းက တူညီပြီး သားရေ လက်ပတ်ကြိုး မော်ဒယ်ကို ၂၅၅ ဒေါ်လာနဲ့ Stainless Steel လက်ပတ်ကြိုး မော်ဒယ်ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

နှစ်လုံးစလုံးမှာ နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်တဲ့ ဆန်ဆာများ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် GPS Receiver လည်း ပါကြပါတယ်။ တတိယ မျိုးဆက်များမှာ GPS မပါကြပါဘူး။ ဒါ့အပြင် ဒီဇိုင်း အပိုင်းမှာလည်း ယခင်မျိုးဆက်များထက် Sports ဆန်လာပါတယ်။ 3ATM စံနှုန်းရှိပြီး ရေကူးတဲ့အခါမှာ ဝတ်ဆင်ထားနိုင်ပါတယ်။

အဲဒီ စမတ်နာရီများမှာ အသစ်ထပ်ပါလာတာက NFC ဆက်သွယ်မှု ဖြစ်ပြီး Google Pay ငွေပေးချေမှုစနစ်ကို အသုံးပြုနိုင်မယ်လို့ ထင်ရပါတယ်။ အဲဒီတွေကတော့ သိသာထင်ရှားတဲ့ တိုးတက်လာမှုများ ဖြစ်ပြီး အခြား အစိတ်အပိုင်းများက ယခင်မော်ဒယ်များနဲ့ တူညီပါတယ်။ သူတို့မှာ 4GB Storage , Bluetooth 4.1 Low Energy , WiFi b/g/n များ ပါပါတယ်။ ဘက်ထရီကတစ်ရက်ကြာ အသုံးခံပါတယ်။

Ref : gsmarena

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category